Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်
လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

ပိုလန်နိုင်ငံက ရဲချုပ်ရုံးခန်းမှာ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ လက်ဆောင်ရတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်လို့ ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဝါဆောမြို့က ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က အကြောင်းရင်း အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီဖြစ်စဉ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခုနဲ့ ဆက်နွှယ်နေမလားဆိုတဲ့ စိုးရိမ်မှုတချို့ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၇ ရက်မှာတော့ ပိုလန်ရဲချုပ် ဂျာရိုစလော် ဇင်မ်ဆစ်ခ် ကိုယ်တိုင်က အဲဒီ ပေါက်ကွဲမှုဟာ ယူကရိန်းဆီက လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်သာ ဖြစ်တယ်လို့ သတင်းထောက်တွေဆီ အတည်ပြုချက် ပေးသွားခဲ့ပါတယ်။ ဇင်မ်ဆစ်ခ်က သူဟာ ယူကရိန်းဆီက ထူးထူးခြားခြား လက်ဆောင်တွေအဖြစ် လက်နက် နှစ်ခုကို ရရှိထားကြောင်း ပြောပြပါတယ်။

အသုံးပြုပြီးသား ဗုံးပစ်လောင်ချာတွေကို နေရာရွှေ့ပြောင်းချိန်မှာ တစ်ခုက ရုတ်တရက် ထပေါက်ခဲ့တာလို့ ရဲချုပ်က ဆိုပါတယ်။ သူဟာ ဒီဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာ ရခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ပိုလန်သတင်းဌာန RMFရဲ့ အဆိုအရ ဇင်မ်ဆစ်ခ်ဟာ ပိုလန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ခုနဲ့အတူ ယူကရိန်း နိုင်ငံကို သွားရောက် လည်ပတ်တဲ့အချိန် ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေက အဲဒီလက်နက်တွေကို အမှတ်တရ လက်ဆောင် ပေးလိုက်တာလို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဌာနတွေကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပိုလန် ရဲတပ်ဖွဲ့ကလည်း ရဲချုပ်ရဲ့ စကားနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အကျယ်တဝင့် မရှင်းပြခဲ့ပါဘူး။

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရိပ်တပ်သားများ အားလုံးသည် ပြည်သူတိုင်း လုံခြုံရေး၊ လွတ်လပ်စွာ နေထိုင်နိုင်ရေးနှင့် မတရားဖိနှိပ်ချုပ်ချယ်မှုများမှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးအောင်မြင်သည်အထိ စစ်ကောင်စီကို ဆက် လက် ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟု ထပ် လောင်း အသိပေးထားသည်။

သတင်း

ယနေ့မွန်းလွဲ ၂ နာရီ ၄၀ ခန့်က အုတ်ဖိုမြို့၊ မိုးညိုတန်းရပ်ကွက်၊ ချမ်းမြသာမြေ(၂)လမ်းရှိ စစ်ကောင်စီ စရဖရုံးအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားကာ ယင်းပေါက်ကွဲမှုမှတဆင့် မီးလောင်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတကာ

ရဲတွေက ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လက်ချက်လို့ ယူဆထားပါတယ်။

သတင်း

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။