Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်
လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာကြောင့် ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှုဖြစ်

ပိုလန်နိုင်ငံက ရဲချုပ်ရုံးခန်းမှာ ပေါက်ကွဲခဲ့တဲ့ ဖြစ်ရပ်ဟာ လက်ဆောင်ရတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်လို့ ကြေညာခဲ့ပါတယ်။

အခုသီတင်းပတ်ထဲမှာ ဝါဆောမြို့က ပိုလန်ရဲချုပ် ရုံးခန်းမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ အစောပိုင်းမှာ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ရှေ့နေချုပ်ရုံးတို့က အကြောင်းရင်း အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့်လည်း အဲဒီဖြစ်စဉ်ဟာ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုခုနဲ့ ဆက်နွှယ်နေမလားဆိုတဲ့ စိုးရိမ်မှုတချို့ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁၇ ရက်မှာတော့ ပိုလန်ရဲချုပ် ဂျာရိုစလော် ဇင်မ်ဆစ်ခ် ကိုယ်တိုင်က အဲဒီ ပေါက်ကွဲမှုဟာ ယူကရိန်းဆီက လက်ဆောင်ရထားတဲ့ ဗုံးပစ်လောင်ချာ တစ်ခုကြောင့်သာ ဖြစ်တယ်လို့ သတင်းထောက်တွေဆီ အတည်ပြုချက် ပေးသွားခဲ့ပါတယ်။ ဇင်မ်ဆစ်ခ်က သူဟာ ယူကရိန်းဆီက ထူးထူးခြားခြား လက်ဆောင်တွေအဖြစ် လက်နက် နှစ်ခုကို ရရှိထားကြောင်း ပြောပြပါတယ်။

အသုံးပြုပြီးသား ဗုံးပစ်လောင်ချာတွေကို နေရာရွှေ့ပြောင်းချိန်မှာ တစ်ခုက ရုတ်တရက် ထပေါက်ခဲ့တာလို့ ရဲချုပ်က ဆိုပါတယ်။ သူဟာ ဒီဖြစ်စဉ်မှာ ထိခိုက် ဒဏ်ရာ ရခဲ့တာကြောင့် ဆေးရုံတက်ခဲ့ရပါသေးတယ်။

Public Service Announcement

Public Service Announcement

ပိုလန်သတင်းဌာန RMFရဲ့ အဆိုအရ ဇင်မ်ဆစ်ခ်ဟာ ပိုလန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တစ်ခုနဲ့အတူ ယူကရိန်း နိုင်ငံကို သွားရောက် လည်ပတ်တဲ့အချိန် ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေက အဲဒီလက်နက်တွေကို အမှတ်တရ လက်ဆောင် ပေးလိုက်တာလို့ သိရပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ယူကရိန်း ရဲတပ်ဖွဲ့နဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဌာနတွေကလည်း ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ပိုလန် ရဲတပ်ဖွဲ့ကလည်း ရဲချုပ်ရဲ့ စကားနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အကျယ်တဝင့် မရှင်းပြခဲ့ပါဘူး။

လောလောဆယ်တော့ ဇင်မ်ဆစ်ခ်ဟာ ဥရောပ သမဂ္ဂ ပြင်ပက စစ်လက်နက်တွေကို ပိုလန်ပိုင်နက်ထဲ ယူဆောင်လာတဲ့ အတွက်ရော၊ ရုံးခန်းထဲမှာ ထားရှိတဲ့ ကိစ္စကြောင့်ပါ ဝေဖန်မှုတွေ ကြုံတွေ့နေကြောင်းလည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။

သတင်း

TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ ဒီကက​နေ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး သေဆုံးဒဏ်ရာရသူ​တွေများတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။