Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ တွေ့ဆုံမယ်လို့ သတင်းတွေထွက်ပေါ်

ယူကရိန်း အစိုးရက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ အမေရိကန်ကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း အတည်မပြုသေးပေမယ့် အစောဆုံး ဒီဇင်ဘာ ၂၁ ရက်မှာ ခရီးစဉ် အထမြောက်ဖွယ် ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အိမ်ဖြူတော်မှာ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ တွေ့ဆုံမယ်လို့ သတင်းတွေထွက်ပေါ်
အိမ်ဖြူတော်မှာ ဘိုင်ဒန်နဲ့ ယူကရိန်းသမ္မတ တွေ့ဆုံမယ်လို့ သတင်းတွေထွက်ပေါ်

အမေရိကန်နဲ့ ယူကရိန်း သမ္မတတွေဟာ ဝါရှင်တန်ဒီစီ မြို့တော်မှာ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ယူကရိန်း အစိုးရက သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ အမေရိကန်ကို သွားရောက်မယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း အတည်မပြုသေးပေမယ့် အစောဆုံး ဒီဇင်ဘာ ၂၁ ရက်မှာ ခရီးစဉ် အထမြောက်ဖွယ် ရှိနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါဟာ ရုရှားရဲ့ ကျူးကျော်စစ် အစပြုခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နောက်ပိုင်း ဇီလန်စကီးရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ် ဖြစ်လာမှာပါ။ သူဟာ အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံပြီး အမေရိကန် လွှတ်တော်မှာလည်း မိန့်ခွန်းပြောဖွယ် ရှိနေပါတယ်။

သတင်းတချို့ကလည်း ဇီလန်စကီးဟာ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ဝါရှင်တန်ကိုတောင် စတင် ထွက်ခွာသွားပြီလို့ ရေးသား ဖော်ပြကြပေမယ့် ယူကရိန်း အစိုးရကတော့ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ ဇီလန်စကီးရဲ့ ဝါရှင်တန် ခရီးစဉ် အတောအတွင်း ဘိုင်ဒန်ဟာ ယူကရိန်းအတွက် Patriot ဒုံးခွင်းဒုံး စနစ် အပါအဝင် ဒေါ်လာ ၁.၈ ဘီလီယံလောက် တန်ကြေးရှိတဲ့ နောက်ထပ် ကာကွယ်ရေး အထောက်အပံ့တွေ ပေးအပ်မယ့် ကိစ္စကို ကြေညာမယ်လို့လည်း ယုံကြည်ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါဆိုရင် စစ်ပွဲစတင်ချိန် ကတည်းက ယူကရိန်းအတွက် အမေရိကန် ပံ့ပိုးပေးနေခဲ့တဲ့ ထောက်ပံ့ရေး ပမာဏဟာ ဒေါ်လာ ၂၀ ဘီလီယံ နီးပါးထိ ရှိလာတော့မယ့် သဘောပါပဲ။ အိမ်ဖြူတော်က ဇီလန်စကီးရဲ့ ခရီးစဉ်အပေါ် ဘာမှတ်ချက်မှ မပေးသေးသလို လွှတ်တော်မှာ ဇီလန်စကီး မိန့်ခွန်းပြောမယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း သူတို့ အတိအကျ ဘာမှ မသိသေးဘူးလို့ အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလော့စီက ပြောပါတယ်။

ဇီလန်စကီးဟာ စစ်ပွဲကာလ ၁၀ လောက်အတွင်း ယူကရိန်း နိုင်ငံကနေ တစ်ဖဝါးမှ မခွာဘဲ ရုရှားရဲ့ ကျူးကျော်မှုတွေကို ကြံ့ကြံ့ခံ ဟန့်တားဖို့ နိုင်ငံကို အကောင်းဆုံး ဦးဆောင်နေခဲ့ပါတယ်။ အဲဒီ အတောအတွင်း နိုင်ငံတကာ ခေါင်းဆောင်တချို့ဟာ ယူကရိန်းကို ထောက်ခံကြောင်း ပြသတဲ့ အနေနဲ့ ကိယက်ဗ်ကို သွားရောက်ပြီး ဇီလန်စကီးကို တွေ့ဆုံခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သတင်းဌာန ၃ ခုကို အိမ်ဖြူတော်ထဲ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အမေရိကန်ရဲ့ အထင်ကရ ရုပ်မြင်သံကြား ကွန်ရက်တွေ စုပေါင်းပြီး သပိတ်မှောက်ကြပါတယ်။

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သတင်းဌာန တချို့ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော် ဝင်ခွင့် တားမြစ် ပိတ်ပင်လိုက်တဲ့နောက် သက်ဆိုင်ရာ သတင်းထောက်တွေဟာ အိမ်ဖြူတော်ထဲ ဝင်ခွင့် ငြင်းပယ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook