Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဩစတြေးလျက မြစ်တစ်ခုထဲမှာ ငါးမန်းကိုက်လို့ မိန်းကလေးငယ်တစ်ဦး သေဆုံး

သွေးသံရဲရဲ ဖြစ်နေတဲ့ မိန်းကလေးကို သူငယ်ချင်းတွေက ရေထဲကနေ ရအောင် ဆွဲတင်ပြီး အသက်ပြန်ရှင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာ ပြင်းလွန်းတာကြောင့် လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

ဩစတြေးလျက မြစ်တစ်ခုထဲမှာ ငါးမန်းကိုက်လို့ မိန်းကလေးငယ်တစ်ဦး သေဆုံး
ဩစတြေးလျက မြစ်တစ်ခုထဲမှာ ငါးမန်းကိုက်လို့ မိန်းကလေးငယ်တစ်ဦး သေဆုံး

ဩစတြေးလျက မြစ်တစ်ခုထဲ ခုန်ချပြီး ရေဆင်းကူးခဲ့တဲ့ မိန်းကလေးငယ် တစ်ဦးဟာ ငါးမန်း ကိုက်ခံရလို့ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီ ၄ ရက်က အသက် ၁၆ နှစ်အရွယ် မိန်းကလေး တစ်ဦးဟာ အနောက် ဩစတြေးလျ ပြည်နယ်မှာ လင်းပိုင်အုပ် တစ်အုပ်နားမှာ ရေကူးဖို့ မြစ်ထဲ ခုန်ချခဲ့ပါတယ်။ အဲဒီ မိန်းကလေးဟာ ရေထဲမှာ အသင့်ရှိနေတဲ့ မျိုးစိတ် အတိအကျ မသိရတဲ့ ငါးမန်းတစ်ကောင်နဲ့ တည့်တည့်တိုးပြီး အသက်ဆုံးရှုံးတဲ့ထိ တိုက်ခိုက် ခံခဲ့ရတာပါ။

မိန်းကလေး ရေထဲ ခုန်ချခဲ့တဲ့ နေရာဟာ ပါ့သ်မြို့ ဆင်ခြေဖုံးက ဖရီမန်တယ်လ် မြောက်ပိုင်း ရပ်ကွက်ထဲမှာ စီးဆင်းနေတဲ့ ဆွမ်းမြစ်ထဲမှာ ဖြစ်ပါတယ်။ မိန်းကလေးနဲ့အတူ အပျော် ရေကူးနေတဲ့ သူငယ်ချင်း တချို့လည်း အဲဒီနေရာမှာ ရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

သွေးသံရဲရဲ ဖြစ်နေတဲ့ မိန်းကလေးကို သူငယ်ချင်းတွေက ရေထဲကနေ ရအောင် ဆွဲတင်ပြီး အသက်ပြန်ရှင်အောင် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားခဲ့ပေမယ့် ဒဏ်ရာ ပြင်းလွန်းတာကြောင့် လက်လွှတ်လိုက်ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိန်းကလေးနဲ့ သူငယ်ချင်း တစ်စုဟာ ရေပေါ်လျှပ်ပြေး ဂျက်စကီးတွေ စီးနင်းနေရင်း အနားမှာ လင်းပိုင်တစ်အုပ်ကို တွေ့ခဲ့တာကြောင့် မိန်းကလေးက အဲဒီ ရေနေ နို့တိုက် သတ္တဝါတွေနဲ့အတူ ရေကူးဖို့ မြစ်ထဲ ခုန်ချခဲ့တာလို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ပေါလ် ရော်ဘင်ဆန်က ဆိုပါတယ်။

အဏ္ဏဝါဗေဒ ပညာရှင်တွေကတော့ မြစ်ရဲ့ အခင်းဖြစ်ပွားရာ အစိတ်အပိုင်းမှာ ငါးမန်းတွေ လာရောက် ကျက်စားတာမျိုးက ပုံမှန်မဟုတ်တဲ့ အခြေအနေလို့ ပြောပါတယ်။ ငါးမန်း တိုက်ခိုက်မှုကြောင့် လူသေဆုံးခဲ့တဲ့ သတင်းအပြီး ပြည်နယ် အစိုးရက မြစ်ကြော တလျှောက်ကို သတိကြီးကြီး စောင့်ကြည့်ဖို့ ညွှန်ကြားထားသလို အပန်းဖြေ ကမ်းခြေတချို့ကိုလည်း ပိတ်ထားလိုက်ပါတယ်။

ဆွမ်းမြစ်ထဲမှာတော့ နှစ်ပေါင်း ၁၀၀ ကျော်အတွင်း ပထမဆုံးအကြိမ် လူသေတဲ့အထိ ငါးမန်း တိုက်ခိုက်မှု ကြုံတွေ့ခဲ့တာလည်း ဖြစ်ပါတယ်။ ၁၉၂၃ ခုနှစ်၊ ဇန်နဝါရီလတုန်းကလည်း ပါ့သ်မြို့ ဆင်ခြေဖုံးက ကလဲရီမောင့်မှာ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ငါးမန်းကိုက် ခံရပြီး အသက်ဆုံးရှုံးခဲ့ဖူးကြောင်း သိရပါတယ်။

ဩစတြေးလျ ပင်လယ် ကမ်းခြေတွေမှာ ငါးမန်းတိုက်ခိုက်လို့ လူသေတဲ့ သတင်းတွေ ရံဖန်ရံခါ ကြားရလေ့ ရှိပေမယ့် ရေငန်ဝင်တဲ့ မြစ်ထဲမှာ ငါးမန်းကြောင့် လူသေဖူးတဲ့ နောက်ဆုံး ဖြစ်စဉ်ကိုတော့ ၁၉၆၀ မှာ ကြုံခဲ့ပါတယ်။ အဲဒီတုန်းက ဆစ်ဒနီမှာရှိတဲ့ ရို့စ်ဗီးလ် မြစ်ကူးတံတားအောက်မှာ အပျော်တမ်း ရေငုပ်သူ တစ်ဦးကို ၃.၃ မီတာလောက် အရှည်ရှိတဲ့ ကျားငါးမန်းက တိုက်ခိုက်ခဲ့တာလို့ မှတ်တမ်းတွေက ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။