Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်

အဲဒီမတိုင်ခင်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့နိုင်ငံရဲ့ ထောက်လှမ်းရေးတွေ ရထားတဲ့ သတင်း အချက်အလက်တွေအရ မော်လ်ဒိုဗာ ပြည်တွင်းရေးကို ထဲထဲဝင်ဝင် ခြယ်လှယ်မယ့် အကြံအစည်မျိုး ရုရှားမှာ ရှိနေတယ်လို့ သိရှိထားကြောင်း ထုတ်ပြောခဲ့ပါတယ်။

မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်
မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်

အစိုးရကို ဖြုတ်ချဖို့ နောက်ကွယ်ကနေ လှုံ့ဆော် ကြံစည်နေကြောင်း မော်လ်ဒိုဗာ သမ္မတရဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုသွားခဲ့ပါတယ်။

အစောပိုင်းမှာ မော်လ်ဒိုဗာ သမ္မတ မိုင်ရာ ဆန်ဒူက ရုရှားဟာ သူ့အစိုးရကို ဖယ်ရှားပစ်ဖို့ နောက်ကွယ်ကနေ ကြံစည်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဆန်ဒူက သူ့ရဲ့ အစိုးရဟာ ဥရောပ သမဂ္ဂဖက်ကို ယိမ်းတဲ့ သဘောထားမျိုး ရှိတာကြောင့် ရုရှားက မကျေနပ်ဘဲ အာဏာသိမ်းဖို့ ကြံစည်မှုတွေ အထမြောက်လာအောင် တွန်းအားပေးနေတယ်လို့ အခု သီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့နိုင်ငံရဲ့ ထောက်လှမ်းရေးတွေ ရထားတဲ့ သတင်း အချက်အလက်တွေအရ မော်လ်ဒိုဗာ ပြည်တွင်းရေးကို ထဲထဲဝင်ဝင် ခြယ်လှယ်မယ့် အကြံအစည်မျိုး ရုရှားမှာ ရှိနေတယ်လို့ သိရှိထားကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒီလို စကားတွေဟာ အခြေအမြစ် မရှိသလို အဓိပ္ပါယ်လည်း ကင်းမဲ့လွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းနဲ့ အနောက်အုပ်စု နိုင်ငံတွေလို မဟုတ်ဘဲ ရုရှားဟာ မော်လ်ဒိုဗာ၊ ဒါမှမဟုတ် တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ နောက်ပြီး မော်လ်ဒိုဗာရဲ့ လုံခြုံရေးကို ရုရှားက ခြိမ်းခြောက်မှာ မဟုတ်သလို တည်ငြိမ်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကိုသာ ထူထောင်လိုတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ စကားတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကတော့ ရုရှားဟာ ကျူးကျော်စစ်ပွဲကို အစပြုဖို့ ယူကရိန်းဆီ တပ်တွေ စေလွှတ်ခဲ့သလို ယူကရိန်း အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ယူကရိန်း စစ်တပ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တိုက်တွန်းခဲ့ဖူးပါတယ်။

လေ့လာသူတွေကတော့ ရုရှားဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့လို ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်သွားတဲ့ နိုင်ငံတွေကို ပြန်လည် သိမ်းယူဖို့ နှစ်တွေနဲ့ချီ အချိန်ယူ ပြင်ဆင် ကြိုးစားနေခဲ့ကြောင်း သုံးသပ် ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။