Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်

အဲဒီမတိုင်ခင်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့နိုင်ငံရဲ့ ထောက်လှမ်းရေးတွေ ရထားတဲ့ သတင်း အချက်အလက်တွေအရ မော်လ်ဒိုဗာ ပြည်တွင်းရေးကို ထဲထဲဝင်ဝင် ခြယ်လှယ်မယ့် အကြံအစည်မျိုး ရုရှားမှာ ရှိနေတယ်လို့ သိရှိထားကြောင်း ထုတ်ပြောခဲ့ပါတယ်။

မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်
မော်လ်ဒိုဗာ အစိုးရကို ဖြုတ်ချဖို့ ကြံစည်နေကြောင်း စွပ်စွဲချက်ကို ရုရှား ငြင်းပယ်

အစိုးရကို ဖြုတ်ချဖို့ နောက်ကွယ်ကနေ လှုံ့ဆော် ကြံစည်နေကြောင်း မော်လ်ဒိုဗာ သမ္မတရဲ့ စွပ်စွဲချက်ကို ရုရှားက ငြင်းဆိုသွားခဲ့ပါတယ်။

အစောပိုင်းမှာ မော်လ်ဒိုဗာ သမ္မတ မိုင်ရာ ဆန်ဒူက ရုရှားဟာ သူ့အစိုးရကို ဖယ်ရှားပစ်ဖို့ နောက်ကွယ်ကနေ ကြံစည်နေကြောင်း စွပ်စွဲခဲ့ပါတယ်။ ဆန်ဒူက သူ့ရဲ့ အစိုးရဟာ ဥရောပ သမဂ္ဂဖက်ကို ယိမ်းတဲ့ သဘောထားမျိုး ရှိတာကြောင့် ရုရှားက မကျေနပ်ဘဲ အာဏာသိမ်းဖို့ ကြံစည်မှုတွေ အထမြောက်လာအောင် တွန်းအားပေးနေတယ်လို့ အခု သီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

အဲဒီမတိုင်ခင်မှာလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သူ့နိုင်ငံရဲ့ ထောက်လှမ်းရေးတွေ ရထားတဲ့ သတင်း အချက်အလက်တွေအရ မော်လ်ဒိုဗာ ပြည်တွင်းရေးကို ထဲထဲဝင်ဝင် ခြယ်လှယ်မယ့် အကြံအစည်မျိုး ရုရှားမှာ ရှိနေတယ်လို့ သိရှိထားကြောင်း ထုတ်ပြောခဲ့ပါတယ်။

ဒါပေမဲ့ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အဲဒီလို စကားတွေဟာ အခြေအမြစ် မရှိသလို အဓိပ္ပါယ်လည်း ကင်းမဲ့လွန်းတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းနဲ့ အနောက်အုပ်စု နိုင်ငံတွေလို မဟုတ်ဘဲ ရုရှားဟာ မော်လ်ဒိုဗာ၊ ဒါမှမဟုတ် တခြား ကမ္ဘာ့နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာပါတယ်။ နောက်ပြီး မော်လ်ဒိုဗာရဲ့ လုံခြုံရေးကို ရုရှားက ခြိမ်းခြောက်မှာ မဟုတ်သလို တည်ငြိမ်ပြီး ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးကိုသာ ထူထောင်လိုတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ အဲဒီ စကားတွေနဲ့ ဆန့်ကျင်ဘက်အဖြစ် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းကတော့ ရုရှားဟာ ကျူးကျော်စစ်ပွဲကို အစပြုဖို့ ယူကရိန်းဆီ တပ်တွေ စေလွှတ်ခဲ့သလို ယူကရိန်း အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းဖို့ ယူကရိန်း စစ်တပ်ကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တိုက်တွန်းခဲ့ဖူးပါတယ်။

လေ့လာသူတွေကတော့ ရုရှားဟာ ယူကရိန်းနဲ့ မော်လ်ဒိုဗာတို့လို ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်သွားတဲ့ နိုင်ငံတွေကို ပြန်လည် သိမ်းယူဖို့ နှစ်တွေနဲ့ချီ အချိန်ယူ ပြင်ဆင် ကြိုးစားနေခဲ့ကြောင်း သုံးသပ် ပြောဆိုထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ရုရှားဖက်ကတော့ လေတပ်စခန်း တိုက်ခိုက်ခံရတယ် ဆိုတာကို ငြင်းဆိုပြီး ရော့စတော့ဗ်အပြင် အနီးတဝိုက် ဒေသတွေကို ကျူးကျော်လာတဲ့ ရန်သူဒရုန်း ၄၀ ကျော်ကို အကုန်အစင် ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။