Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားကို နျူကလီးယား ခြိမ်းခြောက်မှုတွေက ကာကွယ်ပေးမယ့် အစီအမံသစ်တွေ ဘိုင်ဒန် ကြေညာ

တောင်ကိုရီးယား နိုင်ငံရေးသမား တချို့ကတော့ အမေရိကန်ရဲ့ ကတိကဝတ်တွေဟာ လုံလောက်မှု မရှိသေးဘူးလို့ ယူဆပြီး မြောက်ကိုရီးယားဖက်က ဘယ်အတိုင်းအတာထိ လွန်ကဲလာမယ်ဆိုရင် ထိထိရောက်ရောက် တုံ့ပြန်မလဲ ဆိုတာတွေကိုပါ သတ်မှတ်စေချင်နေပါတယ်။

တောင်ကိုရီးယားကို နျူကလီးယား ခြိမ်းခြောက်မှုတွေက ကာကွယ်ပေးမယ့် အစီအမံသစ်တွေ ဘိုင်ဒန် ကြေညာ
တောင်ကိုရီးယားကို နျူကလီးယား ခြိမ်းခြောက်မှုတွေက ကာကွယ်ပေးမယ့် အစီအမံသစ်တွေ ဘိုင်ဒန် ကြေညာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား အန္တရာယ် ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အရေးကြီးတဲ့ သဘောတူညီမှု အသစ်တွေကို တောင်ကိုရီးယား အစိုးရနဲ့ ညှိနှိုင်း အတည်ပြုခဲ့ကြောင်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။

ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်နဲ့အတူ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘိုင်ဒန်က အရှေ့အာရှ မဟာမိတ် နိုင်ငံအတွက် ပိုမို အားကောင်းတဲ့ ကာကွယ်ရေး အစီအမံသစ်တွေ ထောက်ပံ့ပေးမယ်လို့ အကျယ်တဝင့် ရှင်းလင်းသွားခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ တောင်ကိုရီးယားဟာ နျူကလီးယား လက်နက်တွေ ကိုယ်တိုင် မထုတ်လုပ်ဘူးဆိုတဲ့ သဘောတူညီမှုကို ဆက်လက် ထိန်းသိမ်းထားဖို့ ယွန်က ကတိပြုခဲ့ပါတယ်။

သဘောတူညီမှု အသစ်တွေအရ အရေးပါတဲ့ အချက်တစ်ခုအဖြစ် နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ် အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေဟာ တောင်ကိုရီးယားမှာ အခါအားလျော်စွာ ဆိုက်ကပ်ထားမယ်လို့ သိရပါတယ်။ နောက်ပြီး နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်း လေ့ကျင့်မှုတွေကိုလည်း အရှိန်မြှင့်တင်သွားမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် နည်းပညာနဲ့ တိုက်ချင်းပစ် ဒုံးကျည် နည်းပညာ ထိုးထွင်းတီထွင်မှုတွေဟာ အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ် နှစ်နိုင်ငံစလုံးကို စိုးရိမ်စေခဲ့ပါတယ်။ အဲဒီနောက် ယွန်သမ္မတဖြစ်လာတဲ့အခါ တောင်ကိုရီးယားဟာ ကိုယ့်နိုင်ငံကိုယ် ကာကွယ်ဖို့ ကိုယ်ပိုင် နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ သင့်မသင့် ပြန်သုံးသပ်တော့မယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ မဟာမိတ် နိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေကို မြောက်ကိုရီးယားက နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်လာမှု တစ်ခုခုဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ အခြေအနေ ဖြစ်ကြောင်း၊ ဒါမျိုးသာ လက်တွေ့ ဖြစ်လာမယ်ဆိုရင် မြောက်ကိုရီးယား အစိုးရဟာ ဆိုးဆိုးရွားရွား အဆုံးသတ်သွားမှာဖြစ်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

ကိုရီးယား ကျွန်းဆွယ်ရဲ့ အေးချမ်း တည်ငြိမ်မှု ဆိုတာဟာ နေရင်းထိုင်ရင်း ရရှိနေမယ့် အရာမျိုး မဟုတ်ကြောင်း၊ မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်နိုင်ခြေ အလားအလာတွေအပြင် လျင်လျင်မြန်မြန် ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေး၊ အမေရိကန်ရဲ့ နျူကလီးယား လက်နက်တွေ အပါအဝင် မဟာမိတ် အင်အားစုတွေရဲ့ စစ်ရေးစွမ်းရည်ကို အမြင့်ဆုံး အသုံးချနိုင်ရေး ကိစ္စတွေကို သူနဲ့ ဘိုင်ဒန်တို့ ဆွေးနွေးခဲ့တယ်လို့ ယွန်ကလည်း သတင်းထောက်တွေကို ပြောပြသွားပါတယ်။

သဘောတူညီမှု အသစ်တွေအရ နျူကလီးယား ရေငုပ်သင်္ဘောတွေအပြင် နျူကလီးယား လက်နက် တပ်ဆင်ထားတဲ့ ဗုံးကြဲလေယာဉ်တွေလို မဟာဗျူဟာ စစ်လက်နက်တွေကို အမေရိကန်က တောင်ကိုရီးယားမှာ ပိုမို ဖြန့်ကျက်ထားမှာ ဖြစ်ပါတယ်။ နောက်ပြီး နျူကလီးယား အစီအမံ ကိစ္စတွေကို အချိန်နဲ့ တပြေးညီ ညှိနှိုင်းဖို့ နှစ်နိုင်ငံ နျူကလီးယား အကြံပေး အဖွဲ့တစ်ခု ပူးပေါင်း ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံရေးသမား တချို့ကတော့ အမေရိကန်ရဲ့ ကတိကဝတ်တွေဟာ လုံလောက်မှု မရှိသေးဘူးလို့ ယူဆပြီး မြောက်ကိုရီးယားဖက်က ဘယ်အတိုင်းအတာထိ လွန်ကဲလာမယ်ဆိုရင် ထိထိရောက်ရောက် တုံ့ပြန်မလဲ ဆိုတာတွေကိုပါ သတ်မှတ်စေချင်နေပါတယ်။

မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည် စွမ်းရည်ဟာ အရည်အတွက် အရရော၊ နည်းပညာ အရပါ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သိသိသာသာ တိုးတက်လာပါတယ်။ အခုဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန် ပိုင်နက်ထဲထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေကိုပါ ပိုင်ဆိုင်နေပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမှာ တော်လှန်ရေးရုပ်ရှင် RAY ကို ပြသပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

နိုင်ငံတကာ

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။

Facebook