Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် အတည်ပြု

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေဟာ ကိုရီးယားကို သိမ်းပိုက်ခဲ့ပြီး ပြည်သူတွေကို အဓမ္မ စေခိုင်းခဲ့တဲ့ သမိုင်းကြောင်းကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက် တည်ရှိနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် အတည်ပြု
တောင်ကိုရီးယားကို အလည်အပတ် သွားရောက်မယ်လို့ ဂျပန်ဝန်ကြီးချုပ် အတည်ပြု

နှစ်ဖက် တင်းမာမှုတွေ လျှော့ချရေး အားထုတ်မှုအဖြစ် တောင်ကိုရီးယား နိုင်ငံဆီ သွားရောက်မယ်လို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြောကြားခဲ့ပါတယ်။

သူဟာ လာမယ့် သီတင်းပတ်မှာ ဆိုးလ်မြို့ကို သွားရောက်ပြီး တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ကီရှီဒါက အတည်ပြုခဲ့ပါတယ်။ ဒါဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း ဂျပန် ဝန်ကြီးချုပ်တစ်ဦး တောင်ကိုရီးယားကို ပထမဆုံးအကြိမ် သွားရောက် လည်ပတ်မှု ဖြစ်လာမှာပါ။

အရှေ့အာရှ ဒေသတွင်းက အမေရိကန် မဟာမိတ်နိုင်ငံ နှစ်ခုဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ဆက်ဆံရေး ပိုမိုနွေးထွေးအောင် မြှင့်တင် တည်ဆောက်ဖို့ လက်တွေ့ကျကျ ကြိုးစားလာကြပါတယ်။ ကီရှီဒါနဲ့ ယွန်တို့ဟာ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆိုင်ရာ အပြန်အလှန် ကန့်သတ် ပိတ်ပင်မှုတွေကိုလည်း လျှော့ချဖို့ သဘောတူညီမှုတွေ ရရှိထားပြီးပါပြီ။

ဒုတိယ ကမ္ဘာစစ်တုန်းက ဂျပန်တပ်တွေဟာ ကိုရီးယားကို သိမ်းပိုက်ခဲ့ပြီး ပြည်သူတွေကို အဓမ္မ စေခိုင်းခဲ့တဲ့ သမိုင်းကြောင်းကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်လက် တည်ရှိနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ယွန်ရဲ့ လက်ထက်မှာတော့ အဲဒီ အတိတ် ရန်ငြှိုးတွေကို ချေဖျက်ပြီး ပစ္စုပ္ပန်မှာ ကြုံနေတဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုအတွက် ဂျပန်နဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ဖို့ လိုလားနေပါတယ်။

ကီရှီဒါက သူ့ရဲ့ တောင်ကိုရီးယား ခရီးစဉ်ကို မေ ၇ ရက်နဲ့ ၈ ရက်တွေမှာ စီစဉ်ထားတယ်လို့ ပြောပါတယ်။ သူနဲ့ ယွန်တို့ဟာ အပြန်အလှန် အလည်အပတ် ခရီးစဉ်တွေ ပြန်လည် အစပြုရေးအတွက် မတ်လမှာ ကတိကဝတ် ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၈ မှာ တောင်ကိုရီးယား တရားရုံးချုပ်က မတရား အလုပ်ကြမ်း ခိုင်းစေမှုမှာ နစ်နာခဲ့တဲ့ နိုင်ငံသားတွေကို ဂျပန် ကုမ္ပဏီကြီးတွေက နစ်နာကြေး ပေးချေရမယ်လို့ စီရင်ချက် ချမှတ်ခဲ့တဲ့နောက် နှစ်နိုင်ငံကြား သမိုင်းဝင် ဆက်ဆံရေး တင်းမာမှုတွေ တကျော့ပြန် မြင့်တက်လာခဲ့ပါတယ်။ အခုအခါမှာတော့ ယွန်က ဂျပန်ရဲ့ အကူအညီ မယူဘဲ အဲဒီလို နစ်နာသူတွေကို အစိုးရက နစ်နာကြေး ပေးမယ့် အစီအစဉ် တစ်ခုကို ကြေညာထားပါတယ်။

တစ်ဖက်မှာလည်း ဂျပန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ၂၀၁၉ ကတည်းက ဖယ်ရှားထားတဲ့ ယုံကြည်စိတ်ချထိုက်တဲ့ ကုန်သွယ်ဖက် နိုင်ငံတွေ စာရင်းမှာ ဂျပန်ကို ပြန်လည် ထည့်သွင်းမယ်လို့ အတည်ပြုသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ တောင်ကိုရီးယားကြားက လုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတွေ၊ အမေရိကန် လေယာဉ်တင် သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားကို ရောက်ရှိလာနေတာတွေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက ခြိမ်းခြောက်သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ နာမည်ကျော် စူပါဟီးရိုး စီးရီးတစ်ခုဖြစ်တဲ့ Super Sentaiဟာ နှစ်ပေါင်း ၅၀ ကြာမြင့်ပြီးတဲ့ အခါမှာတော့ ထုတ်လွှင့် ပြသမှု ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားအတွက် နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး တည်ဆောက်ပေးဖို့ ခွင့်ပြုလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဆိုပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အသစ်စက်စက် ဂျပန်ဝန်ကြီးချုပ် ဆာနေး တာကိုင်ချီနဲ့အတူ နှစ်နိုင်ငံ သတ္တုပူးပေါင်း တူးဖော်ရေး သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။