Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ
ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ

ကပ်ရောဂါ အစောပိုင်း ကာလတွေတုန်းက ဝူဟန်မြို့ထဲမှာ ရောဂါကူးစက်မှုတွေကို မှတ်တမ်းတင်ပြီး ဖွင့်ချပြခဲ့တဲ့ တရုတ် အမျိုးသား တစ်ဦးဟာ အခုတော့ ထောင်ကလွတ်ပြီး အိမ်ပြန်ခွင့် ရခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

တရုတ် အစိုးရဟာ ရောဂါကပ်ဘေးနဲ့ ပတ်သက်ပြီး အချက်အလက် အမှန်တွေကို ဖော်ထုတ်သူတွေအပေါ် ဖိနှိပ် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘယ်တုန်းကမှ တိတိကျကျ ဝန်မခံခဲ့ပါဘူး။ အခုအခါမှာတော့ ဖန်ဟာ ၃ နှစ်ကြာ ထောင်ဒဏ် ကျခံပြီးတဲ့နောက် ဝူဟန်က နေအိမ်ကို ပြန်ရောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကတော့ ဖန်လွတ်မြောက်လာမှုနဲ့ ပတ်သက်လို့ သတင်းဌာနတွေဆီ မှတ်ချက်ပေး ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။

ဖန်ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ နိုင်ငံတကာ အာရုံစိုက်မှုကို အထူးတလည် ရရှိခဲ့တဲ့ ဖြတ်ပိုင်းတစ်ခု ပါဝင်ခဲ့ပြီး အဲဒါကတော့ ဆေးရုံတစ်ခုက ကိုဗစ်လူနာဆောင်ရှေ့မှာ ၅ မိနစ်အတွင်း အလောင်းထည့်ထားတဲ့အိတ် ၈ ခု တိုးလာတာကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက ဗီဒီယိုထဲမှာ တရုတ်အစိုးရကို ဝေဖန်တဲ့ စကားတချို့ ထည့်သွင်း ပြောဆိုထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖန်ပြန်လွတ်လာတဲ့အပေါ် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် နောက်ထပ် ဖမ်းဆီးခံရပြီး သတင်းအစအန ပျောက်ကွယ်နေသူ တစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ရှေ့နေဟောင်း ရှန်ရှန်နဲ့ ပတ်သက်လို့ စိုးရိမ်နေကြဆဲပါ။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ မေလမှာ အဖမ်းခံရပြီး အဲဒီနှစ် ဒီဇင်ဘာလတုန်းက ထောင်ဒဏ် ၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။ ဖန်လိုပဲ အဲဒီ အမျိုးသမီးကလည်း ကပ်ရောဂါဘေးနဲ့ ဆက်စပ်ပြီး အစိုးရကို ဝေဖန်တဲ့ စကားတွေ ပြောဆိုမိရာက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ကပ်ရောဂါကိစ္စ ဖော်ကောင်လုပ်တဲ့ တခြား ဝူဟန်မြို့သား နှစ်ယောက်လည်း ပျောက်ဆုံးသွားဖူးပေမယ့် လပိုင်းအကြာမှာ လူမြင်ကွင်းရှေ့ ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

လွန်ခဲ့တဲ့ နှစ်ပတ်လောက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆိုးရွားတဲ့ မြေပြိုမှုအတွင်း သေဆုံးသူက ၅၀ ကျော်လာပြီဖြစ်ပြီး ၁၀ ဦး ပျောက်ဆုံးနေဆဲလို့ သိရပါတယ်။

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။