Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ
ကပ်ရောဂါ ကူးစက်မှုတွေကို ဖော်ထုတ်ခဲ့လို့ ထောင်ကျခဲ့တဲ့ တရုတ်နိုင်ငံသား ပြန်လည် လွတ်မြောက်လာ

ကပ်ရောဂါ အစောပိုင်း ကာလတွေတုန်းက ဝူဟန်မြို့ထဲမှာ ရောဂါကူးစက်မှုတွေကို မှတ်တမ်းတင်ပြီး ဖွင့်ချပြခဲ့တဲ့ တရုတ် အမျိုးသား တစ်ဦးဟာ အခုတော့ ထောင်ကလွတ်ပြီး အိမ်ပြန်ခွင့် ရခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက ဝူဟန်မြို့ဟာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှု အခြေအနေတွေကို ကမ္ဘာသိ ဖွင့်ချပြခဲ့တဲ့သူတချို့ ပျောက်ဆုံးသွားပြီး အဲဒီထဲမှာ ဖန်ဘင်လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။

တရုတ် အစိုးရဟာ ရောဂါကပ်ဘေးနဲ့ ပတ်သက်ပြီး အချက်အလက် အမှန်တွေကို ဖော်ထုတ်သူတွေအပေါ် ဖိနှိပ် ဖမ်းဆီးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဘယ်တုန်းကမှ တိတိကျကျ ဝန်မခံခဲ့ပါဘူး။ အခုအခါမှာတော့ ဖန်ဟာ ၃ နှစ်ကြာ ထောင်ဒဏ် ကျခံပြီးတဲ့နောက် ဝူဟန်က နေအိမ်ကို ပြန်ရောက်လာပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ရဲ့ မိသားစုဝင်တွေကတော့ ဖန်လွတ်မြောက်လာမှုနဲ့ ပတ်သက်လို့ သတင်းဌာနတွေဆီ မှတ်ချက်ပေး ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။

ဖန်ရိုက်ကူး ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ နိုင်ငံတကာ အာရုံစိုက်မှုကို အထူးတလည် ရရှိခဲ့တဲ့ ဖြတ်ပိုင်းတစ်ခု ပါဝင်ခဲ့ပြီး အဲဒါကတော့ ဆေးရုံတစ်ခုက ကိုဗစ်လူနာဆောင်ရှေ့မှာ ၅ မိနစ်အတွင်း အလောင်းထည့်ထားတဲ့အိတ် ၈ ခု တိုးလာတာကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ သူက ဗီဒီယိုထဲမှာ တရုတ်အစိုးရကို ဝေဖန်တဲ့ စကားတချို့ ထည့်သွင်း ပြောဆိုထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဖန်ပြန်လွတ်လာတဲ့အပေါ် လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် နောက်ထပ် ဖမ်းဆီးခံရပြီး သတင်းအစအန ပျောက်ကွယ်နေသူ တစ်ဦးဖြစ်တဲ့ အသက် ၃၉ နှစ်အရွယ် ရှေ့နေဟောင်း ရှန်ရှန်နဲ့ ပတ်သက်လို့ စိုးရိမ်နေကြဆဲပါ။ သူဟာ ၂၀၂၀ ပြည့်နှစ်၊ မေလမှာ အဖမ်းခံရပြီး အဲဒီနှစ် ဒီဇင်ဘာလတုန်းက ထောင်ဒဏ် ၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။ ဖန်လိုပဲ အဲဒီ အမျိုးသမီးကလည်း ကပ်ရောဂါဘေးနဲ့ ဆက်စပ်ပြီး အစိုးရကို ဝေဖန်တဲ့ စကားတွေ ပြောဆိုမိရာက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတုန်းက ကပ်ရောဂါကိစ္စ ဖော်ကောင်လုပ်တဲ့ တခြား ဝူဟန်မြို့သား နှစ်ယောက်လည်း ပျောက်ဆုံးသွားဖူးပေမယ့် လပိုင်းအကြာမှာ လူမြင်ကွင်းရှေ့ ပြန်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

နိုင်ငံတကာ

အမေရိကန်၊ ဗြိတိန်နဲ့ ဩစတြေးလျတို့ ပါဝင်တဲ့ AUKUSဟာ ဩစတြေးလျ ရေတပ်ကို မဟာမိတ် နှစ်နိုင်ငံက ပူးပေါင်းပြီး နည်းပညာပိုင်း အဆင့်မြှင့်ပေးဖို့၊ ဒေသတွင်းမှာ တရုတ် လွှမ်းမိုးမှုကို တန်ပြန်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။