Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် ပြည်တွင်းမှာ စည်းလုံးမှု ရှိကြဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ပရာယွတ်ရဲ့ ယူနိုက်တက် ထိုင်းအမျိုးသားပါတီ (UNP)ဆိုရင် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာ ၃၆ နေရာသာ အနိုင်ရခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် ပြည်တွင်းမှာ စည်းလုံးမှု ရှိကြဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း
ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့နောက် ပြည်တွင်းမှာ စည်းလုံးမှု ရှိကြဖို့ ထိုင်းဝန်ကြီးချုပ် တိုက်တွန်း

ရွေးကောက်ပွဲမှာ ရလဒ် ဆိုးဆိုးရွားရွားနဲ့ အရေးနိမ့်ခဲ့တဲ့နောက် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက နိုင်ငံရေးမှာ စည်းစည်းလုံးလုံး ရှိကြဖို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ထိုင်းစစ်တပ်ကို ဦးဆောင်ခဲ့သူ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ စစ်တပ် ထောက်ခံတဲ့ ပါတီတွေ ခါးခါးသီးသီး အရေးနိမ့်ခဲ့တာနဲ့ ပတ်သက်လို့တော့ သဘောထား မှတ်ချက် မပေးသေးပါဘူး။

ပရာယွတ်ရဲ့ ယူနိုက်တက် ထိုင်းအမျိုးသားပါတီ (UNP)ဆိုရင် အောက်လွှတ်တော် အမတ်နေရာ ၅၀၀ အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုမှာ ၃၆ နေရာသာ အနိုင်ရခဲ့ပါတယ်။

ပရာယွတ်က အနိုင်ရ အတိုက်အခံ အင်အားစုတွေကို ဂုဏ်ပြုစကား ပြောခဲ့ပြီး အစိုးရသစ် မဖွဲ့စည်းနိုင်ခင်အထိ အတောအတွင်း သူ့ရဲ့ ဝန်ကြီးချုပ် တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေမယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ထိုင်းနိုင်ငံရေး ပါတီတွေနဲ့ ပြည်သူတွေ အားလုံး နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ဆောင်ရွက်ကြဖို့ ပန်ကြားလိုကြောင်း ပရာယွတ်က ဆိုပါတယ်။ ထိုင်းမှာ ဘယ်လို ပဋိပက္ခတွေမှ မရှိဘဲ ချစ်ခြင်းမေတ္တာနဲ့ စည်းလုံးမှုကို အခြေခံပြီး တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်ဖို့ မျှော်လင့်ကြောင်း ဝန်ကြီးချုပ်က ဆိုပါတယ်။

သတင်းထောက်တွေက ပရာယွတ်ကို နိုင်ငံရေး နယ်ပယ်ထဲ ဆက်ရှိမရှိ မေးမြန်းတဲ့ အခါမှာတော့ သူက ဖြေကြားသွားခြင်း မရှိပါဘူး။ UNPရဲ့ အရာရှိ တချို့ကတော့ ဝန်ကြီးချုပ်ဟာ နိုင်ငံရေးကနေ အနားယူသွားတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အရိပ်အမြွက် မှတ်ချက် ပေးထားပါတယ်။

ထိုင်းရွေးကောက်ပွဲမှာတော့ ပြုပြင်ပြောင်းလဲရေး ဝါဒီတွေလို့ နာမည်ကြီးတဲ့ Move Forwardပါတီ (MFP)နဲ့ အဓိက အတိုက်အခံ အင်အားစုဖြစ်တဲ့ ဖျူထိုင်းပါတီ (PTP)တို့က အောင်ပွဲခံခဲ့ပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းသွားဖွယ် ရှိနေကြောင်း ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းခံထားရပါတယ်။

တစ်ဖက်မှာလည်း စစ်တပ်က ခန့်အပ်ထားပြီး ရွေးကောက်ပွဲ ဝင်စရာ မလိုတဲ့ အထက်လွှတ်တော် အမတ်တွေရဲ့ အားကို အသုံးချပြီး စစ်တပ် ကျောထောက်နောက်ခံ ပါတီတွေက အစိုးရသစ် ဖွဲ့စည်းနိုင်မယ့် အခြေအနေတချို့ ရှိနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာကိုယ်ပိုင်သင်္ချိုင်းနေရာရချင်နေတဲ့နိုင်ငံခြားသားတွေကိုယ့်နိုင်ငံကိုယ်ပြန်သေကြလို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။