Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

အမျိုးသမီးဟာ ခရီးဆောင် အိတ်တစ်လုံးနဲ့ တိုက်မိရာက ရွေ့လျား လျှောက်လမ်းပေါ် ဟန်ချက်ပျက် လဲကျရင်း ဆိုးရွားလှတဲ့ အခြေအနေဆီ ဦးတည်သွားခဲ့တာလို့ ဆိုပါတယ်။ သူဟာ မူလက ဒွန်မောင်းကနေ နက်ခွန်ဆီ သာမာရတ် ဒေသဆီ သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်
ထိုင်းလေဆိပ်မှာ ရွေ့လျားလျှောက်လမ်းနဲ့ ညပ်ရာက အမျိုးသမီးတစ်ဦး ခြေထောက်ပြတ်

ထိုင်းနိုင်ငံက လေဆိပ်တခုထဲက ရွေ့လျား လျှောက်လမ်းမှာ မတော်တဆမှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး ခြေထောက် ပြတ်ထွက်သွားခဲ့ကြောင်း သိရပါတယ်။

ဇွန်လ ၂၉ ရက် မနက်ပိုင်းက ဒွန်မောင်း နိုင်ငံတကာ လေဆိပ်က ရွေ့လျား လျှောက်လမ်း (လှေကားထစ်တွေ မပါဘဲ ကုန်းစောင်းအနေအထား တည်ဆောက်ထားတဲ့ စက်လှေကား)မှာ အမျိုးသမီးတစ်ဦး ဘယ်ဖက်ခြေထောက် ညပ်ရာက ဒူးခေါင်းနားကနေ ပြတ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

အမျိုးသမီးဟာ ခရီးဆောင် အိတ်တစ်လုံးနဲ့ တိုက်မိရာက ရွေ့လျား လျှောက်လမ်းပေါ် ဟန်ချက်ပျက် လဲကျရင်း ဆိုးရွားလှတဲ့ အခြေအနေဆီ ဦးတည်သွားခဲ့တာလို့ ဆိုပါတယ်။ သူဟာ မူလက ဒွန်မောင်းကနေ နက်ခွန်ဆီ သာမာရတ် ဒေသဆီ သွားရောက်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတဲ့ အမျိုးသမီးကို ဆိုင်မိုင်ခရိုင်ထဲက နီးစပ်ရာ ဘူမိဘော အဒူလိုင်ဒက်ဂျ် ဆေးရုံဆီ အရေးပေါ် တင်ပို့ခဲ့ရပါတယ်။ အခင်းဖြစ်ရာ ရွေ့လျားလျှောက်လမ်းကိုလည်း ရပ်တန့်စေပြီး အနီးတဝိုက် ဧရိယာကို ပိတ်ထားလိုက်ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့နဲ့ လေဆိပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒွန်မောင်းလေဆိပ် စီမံအုပ်ချုပ်မှု အဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထိခိုက်နစ်နာသူကို အနူးအညွတ် တောင်းပန်မယ်လို့ ကြေညာခဲ့ပြီး ဆေးကုသမှု စရိတ်နဲ့ နောက်ဆက်တွဲ နစ်နာကြေးတွေလည်း ထောက်ပံ့ပေးသွားမယ်လို့ ပြောပါတယ်။

လေဆိပ်က ဒီကိစ္စနဲ့ ပတ်သက်လို့ သီးခြား သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပြီး အချက်အလက်သစ်တွေ ထုတ်ပြန်သွားမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook