Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြိုကျောင်းဆရာမကို သေဒဏ်စီရင်

ဝမ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက မန်မန်း မူကြိုကျောင်းမှာ ကလေးတွေစားမယ့် ဆန်ပြုတ်ထဲကို ဆိုဒီယမ် နိုက်ထရိတ်တွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေကို စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်လို့ ကျောင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ စကားများခဲ့လို့ပါ။

ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြို ကျောင်းဆရာမကို သေဒဏ်စီရင်
ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြို ကျောင်းဆရာမကို သေဒဏ်စီရင်

ကလေးငယ် နှစ်ဒါဇင်ကျော်ကို အဆိပ်ခတ်ခဲ့တဲ့ မူကြိုကျောင်းဆရာမ တစ်ဦးကို တရုတ်နိုင်ငံမှာ သေဒဏ်စီရင် ကွပ်မျက်လိုက်တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ် ဝမ်ယွန်ဟာ ၂၀၁၉ ခုနှစ်တုန်းက ကလေးတွေအတွက် ပြင်ဆင်ပေးရတဲ့ အစားအသောက်ထဲမှာ ဆိုဒီယမ် နိုက်ထရိတ်တွေထည့်ပြီး ကလေးတွေကို အဆိပ်ခတ်ခဲ့တာ ပြစ်မှုထင်ရှားကြောင်း ရှာတွေ့ထားပါတယ်။ ကလေး ၂၅ ဦး အဆိပ်မိခဲ့ပြီး ကလေး ၁ ဦးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကနဦးမှာ ဝမ်ဟာ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုနဲ့သာ စွဲချက် တင်ခံရပြီး ထောင်ဒဏ် ၉ လ စီရင်ချမှတ် ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ရဲ့ ဒီဂရီက တိုးသွားပြီး လူသတ်မှုပါ မြောက်လာခဲ့တဲ့အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ သူ့ကို သေဒဏ် စီရင်ချက် ချမှတ်ခဲ့တာပါ။

ဟီနန်ပြည်နယ်ထဲက ဂျောင်ဇူမြို့ရဲ့ တရားရုံး တစ်ခုရှေ့က ကြေညာချက် သင်ပုန်းမှာ ဝမ်ကို ဇူလိုင် ၁၃ ရက်နေ့တုန်းက ကွပ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက မန်မန်း မူကြိုကျောင်းမှာ ကလေးတွေစားမယ့် ဆန်ပြုတ်ထဲကို ဆိုဒီယမ် နိုက်ထရိတ်တွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေကို စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်လို့ ကျောင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ စကားများခဲ့လို့ပါ။

အထက်တန်းအဆင့်ထိ ပညာသင်ယူပြီး ကျောင်းထွက်ခဲ့တဲ့ ဝမ်ဟာ အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီ အဆိပ်အတောက် ပစ္စည်းကို အွန်လိုင်းကနေ မှာယူထားခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ ဆိုဒီယမ် နိုက်ထရိတ်ကို အသုံးပြုပြီး ခင်ပွန်းကိုလည်း အဆိပ်ခတ်ခဲ့ဖူးပေမယ့် ကံအားလျော်စွာနဲ့ ဆိုးဆိုးရွားရွား မဖြစ်ဘဲ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဝမ်ဟာ ကလေးတွေနဲ့ ခင်ပွန်းကို အဆိပ်ခတ်ခဲ့ပေမယ့် သေစေချင်တဲ့ထိ ဆန္ဒရှိခဲ့သလား၊ အနည်းအကျဉ်း နေထိုင်မကောင်း ဖြစ်စေချင်ရုံပဲလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရပါဘူး။ တရားရုံးက ဝမ်ရဲ့ အယူခံကို ပယ်ချခဲ့ပြီးတဲ့နောက် အခုသီတင်းပတ်မှာတော့ လက်တွေ့ သေဒဏ် စီရင်လိုက်တာပါ။

တရုတ်ဟာ သေဒဏ်စီရင်မှုကို ကျင့်သုံးနေဆဲ နိုင်ငံတစ်ခုဖြစ်ပြီး သေဒဏ်ပေးလိုက်တဲ့ အကျဉ်းသား အရေအတွက်ကိုတော့ နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံ အားလုံးထက် နှစ်စဉ် သေဒဏ်စီရင်မှု ပိုများမယ်လို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် စစ်တပ်ထဲက ထိပ်တန်း စစ်ဗိုလ်ချုပ်တွေကို ဖယ်ရှားရှင်းလင်းခဲ့တဲ့ သမ္မတ ရှီကျင့်ဖျင်ရဲ့ အစီအမံတွေကို အဓိက ဦးဆောင် တာဝန်ယူပေးခဲ့သူ စစ်ဗိုလ်ချုပ် တစ်ဦးဟာ အခုအခါ ရာထူး တိုးသွားခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် ကုမ္ပဏီတွေက ကြော်ငြာစာချုပ်တွေ ရပ်ဆိုင်းတာ အပါအဝင် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ကြုံလာတဲ့နောက် ပြင်သစ် လက်ရွေးစင် အသင်း တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပေက တရုတ် ကွန်မြူနစ်ပါတီ (CCP) ထူထောင်သူ မော်စီတုန်းကို အာဏာရှင်လို့ ရည်ညွှန်းခဲ့မိတဲ့ သူ့စကားအတွက် ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ အိန္ဒိယ နယ်စပ်တလျှောက်မှာ နှစ်ဖက် လုံခြုံရေး တပ်ဖွဲ့တွေကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေ ဆက်ဖြစ်နေတယ်လို့ အိန္ဒိယ နယ်စပ် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ရဲ့ နယ်စပ်မြို့ တစ်ခုကို သွားရောက်ခဲ့ပြီးတဲ့နောက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ နေရပ်ကို ပြန်ရောက်နေပြီ ဖြစ်ပါတယ်။