Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြိုကျောင်းဆရာမကို သေဒဏ်စီရင်

ဝမ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက မန်မန်း မူကြိုကျောင်းမှာ ကလေးတွေစားမယ့် ဆန်ပြုတ်ထဲကို ဆိုဒီယမ် နိုက်ထရိတ်တွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေကို စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်လို့ ကျောင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ စကားများခဲ့လို့ပါ။

ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြို ကျောင်းဆရာမကို သေဒဏ်စီရင်
ကလေးတွေစားမယ့် ဆန်ပြုတ်ထဲ အဆိပ်ခတ်ခဲ့တဲ့ တရုတ် မူကြို ကျောင်းဆရာမကို သေဒဏ်စီရင်

ကလေးငယ် နှစ်ဒါဇင်ကျော်ကို အဆိပ်ခတ်ခဲ့တဲ့ မူကြိုကျောင်းဆရာမ တစ်ဦးကို တရုတ်နိုင်ငံမှာ သေဒဏ်စီရင် ကွပ်မျက်လိုက်တယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ် ဝမ်ယွန်ဟာ ၂၀၁၉ ခုနှစ်တုန်းက ကလေးတွေအတွက် ပြင်ဆင်ပေးရတဲ့ အစားအသောက်ထဲမှာ ဆိုဒီယမ် နိုက်ထရိတ်တွေထည့်ပြီး ကလေးတွေကို အဆိပ်ခတ်ခဲ့တာ ပြစ်မှုထင်ရှားကြောင်း ရှာတွေ့ထားပါတယ်။ ကလေး ၂၅ ဦး အဆိပ်မိခဲ့ပြီး ကလေး ၁ ဦးကတော့ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ကနဦးမှာ ဝမ်ဟာ ကလေးတွေကို ရည်ရွယ်ချက်ရှိရှိ နာကျင်စေမှုနဲ့သာ စွဲချက် တင်ခံရပြီး ထောင်ဒဏ် ၉ လ စီရင်ချမှတ် ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ပြစ်ဒဏ်ရဲ့ ဒီဂရီက တိုးသွားပြီး လူသတ်မှုပါ မြောက်လာခဲ့တဲ့အတွက် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ သူ့ကို သေဒဏ် စီရင်ချက် ချမှတ်ခဲ့တာပါ။

ဟီနန်ပြည်နယ်ထဲက ဂျောင်ဇူမြို့ရဲ့ တရားရုံး တစ်ခုရှေ့က ကြေညာချက် သင်ပုန်းမှာ ဝမ်ကို ဇူလိုင် ၁၃ ရက်နေ့တုန်းက ကွပ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်ဟာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂၇ ရက်တုန်းက မန်မန်း မူကြိုကျောင်းမှာ ကလေးတွေစားမယ့် ဆန်ပြုတ်ထဲကို ဆိုဒီယမ် နိုက်ထရိတ်တွေ ထည့်ခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ကလေးတွေကို စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်လို့ ကျောင်းမှာရှိတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ဦးနဲ့ စကားများခဲ့လို့ပါ။

အထက်တန်းအဆင့်ထိ ပညာသင်ယူပြီး ကျောင်းထွက်ခဲ့တဲ့ ဝမ်ဟာ အခင်းမဖြစ်ခင် လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲဒီ အဆိပ်အတောက် ပစ္စည်းကို အွန်လိုင်းကနေ မှာယူထားခဲ့တာလို့ တရားရုံးမှာ ထွက်ဆိုပါတယ်။ သူဟာ ဆိုဒီယမ် နိုက်ထရိတ်ကို အသုံးပြုပြီး ခင်ပွန်းကိုလည်း အဆိပ်ခတ်ခဲ့ဖူးပေမယ့် ကံအားလျော်စွာနဲ့ ဆိုးဆိုးရွားရွား မဖြစ်ဘဲ အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။

ဝမ်ဟာ ကလေးတွေနဲ့ ခင်ပွန်းကို အဆိပ်ခတ်ခဲ့ပေမယ့် သေစေချင်တဲ့ထိ ဆန္ဒရှိခဲ့သလား၊ အနည်းအကျဉ်း နေထိုင်မကောင်း ဖြစ်စေချင်ရုံပဲလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရပါဘူး။ တရားရုံးက ဝမ်ရဲ့ အယူခံကို ပယ်ချခဲ့ပြီးတဲ့နောက် အခုသီတင်းပတ်မှာတော့ လက်တွေ့ သေဒဏ် စီရင်လိုက်တာပါ။

တရုတ်ဟာ သေဒဏ်စီရင်မှုကို ကျင့်သုံးနေဆဲ နိုင်ငံတစ်ခုဖြစ်ပြီး သေဒဏ်ပေးလိုက်တဲ့ အကျဉ်းသား အရေအတွက်ကိုတော့ နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ပြီး ထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမဲ့ တရုတ်ဟာ ကမ္ဘာပေါ်က တခြားနိုင်ငံ အားလုံးထက် နှစ်စဉ် သေဒဏ်စီရင်မှု ပိုများမယ်လို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ ဒရုန်းပိုင်ဆိုင်ခွင့်ကို ပိတ်ပင် တားဆီးသွားမယ်လို့ သိရပါတယ်။ လုံခြုံရေးအတွက်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုစည်းမျဉ်းသစ်ကို နိုဝင်ဘာလမှာ စတင်သတ်မှတ် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံမှာ ကုန်တင်သင်္ဘောတစ်စီး မီးလောင်မှုကြောင့် လူ ၂၅ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံက ဖိုရမ်တစ်ခုမှာ တရုတ် လိုလားသူတစ်ဦးက တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက် ဆန္ဒပြတဲ့သဘော စာတိုတစ်စောင် ပေးပို့ခဲ့တဲ့နောက် ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးက တရုတ်အပေါ် ချက်ကျလက်ကျနဲ့ တုံ့ပြန် ဝေဖန်သွားခဲ့ပါတယ်။

Facebook