Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် မျှော်လင့်ချက်တွေ ဆုံးခန်းတိုင်သွားပြီဖြစ်တဲ့ ဖီထာ

ရွေးကောက်ပွဲမှာ ပြည်သူ့ ထောက်ခံမှု အများဆုံးနဲ့ အနိုင်ရခဲ့တဲ့တိုင် လွှတ်တော်ထဲမှာ ရွေးကောက်ခံ မဟုတ်တဲ့ အမတ်တွေက ဝိုင်းပိတ်ပင်လို့ ဖီထာ ဝန်ကြီးချုပ် မဖြစ်ခဲ့ရတာဟာ ထိုင်းဒီမိုကရေစီမှာ အဆီအငေါ် မတည့်မှုတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ရှိနေသလဲ ဆိုတာကို မြင်သာစေခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ် မျှော်လင့်ချက်တွေ ဆုံးခန်းတိုင်သွားပြီဖြစ်တဲ့ ဖီထာ
ထိုင်းဝန်ကြီးချုပ် မျှော်လင့်ချက်တွေ ဆုံးခန်းတိုင်သွားပြီဖြစ်တဲ့ ဖီထာ

ရွေးကောက်ပွဲ အနိုင်ရ ပါတီ အကြီးအကဲ ဖီထာ လင်မ်ဂျာရွန်ရတ်ရဲ့ ထိုင်းဝန်ကြီးချုပ် ဖြစ်ဖို့ မျှော်လင့်ချက်ဟာ တရားဝင် အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ဖီထာကို သူ့ရဲ့ Move Forwardပါတီ (MFP) ဦးဆောင်တဲ့ နိုင်ငံရေး မဟာမိတ်တွေက ဝန်ကြီးချုပ်အဖြစ် အဆိုပြုပြီး ဇူလိုင် ၁၃ ရက်က လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်မှု ခံယူခဲ့ပေမယ့် လုံလောက်တဲ့ ထောက်ခံမဲ မရခဲ့ပါဘူး။ ဖီထာဟာ ဇူလိုင် ၁၉ ရက်မှာ ဒုတိယအကြိမ် လွှတ်တော် မဲပေးမှုနဲ့ အဆုံးအဖြတ် ခံယူဖို့ ရည်ရွယ်ခဲ့ပေမယ့် လွှတ်တော်ထဲမှာတော့ သူ့ရဲ့ ဝန်ကြီးချုပ်အဖြစ် အဆုံးအဖြတ် ခံယူခွင့်ဟာ ကန့်ကွက်မဲ ၃၉၄ မဲ၊ ထောက်ခံမဲ ၃၁၂ မဲနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

လွှတ်တော် ဥက္ကဋ္ဌက လက်ရှိ ပြုလုပ်နေတဲ့ လွှတ်တော် ညီလာခံ ကာလမှာ ဖီထာဟာ ဝန်ကြီးချုပ်အဖြစ် နောက်တစ်ကြိမ် အဆိုတင်ခွင့် မရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ထိုင်းရဲ့ အခြေခံ ဥပဒေ ခုံရုံးက ဖီထာဟာ ရွေးကောက်ခံ အမတ်တွေရဲ့ ပိုင်ဆိုင်မှု သတ်မှတ်ချက်ဆိုင်ရာ စည်းမျဉ်းတစ်ခုကို ချိုးဖောက်ကြောင်း စွပ်စွဲပြီး သူ့ရဲ့ လွှတ်တော်အမတ်အဖြစ် ရပ်တည်မှုကို ဆိုင်းငံ့ခဲ့ပြီး မကြာခင်မှာပဲ အခုလို နောက်ဆက်တွဲ အခြေအနေ ထပ်ကြုံလာတာပါ။ ထိုင်းမှာ ရွေးကောက်ခံ အမတ်တွေဟာ မီဒီယာ ကုမ္ပဏီတွေကို ဆက်စပ် ပိုင်ဆိုင်ခွင့် မရှိဘူးလို့ ပြဋ္ဌာန်းထားပေမယ့် ဖီထာရဲ့ ပိုင်ဆိုင်မှုထဲမှာတော့ လောလောဆယ် လုပ်ငန်းရပ်ဆိုင်းနေတာ ကြာပြီဖြစ်တဲ့ မီဒီယာ ကုမ္ပဏီဟောင်း တစ်ခုနဲ့ ဆက်စပ်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က စွပ်စွဲထားပါတယ်။ ဖီထာကတော့ အဲဒီကုမ္ပဏီကို သူ့ဖခင်က ပိုင်ဆိုင်ပြီး သူက အမွေရတာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ပြုပြင်ပြောင်းလဲရေး ဝါဒီတစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖီထာဟာ ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် ကွန်ဆာဗေးတစ် အမတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။

ရွေးကောက်ပွဲမှာ ပြည်သူ့ ထောက်ခံမှု အများဆုံးနဲ့ အနိုင်ရခဲ့တဲ့တိုင် လွှတ်တော်ထဲမှာ ရွေးကောက်ခံ မဟုတ်တဲ့ အမတ်တွေက ဝိုင်းပိတ်ပင်လို့ ဖီထာ ဝန်ကြီးချုပ် မဖြစ်ခဲ့ရတာဟာ ထိုင်းဒီမိုကရေစီမှာ အဆီအငေါ် မတည့်မှုတွေ ဘယ်လောက် ဆိုးဆိုးရွားရွား ရှိနေသလဲ ဆိုတာကို မြင်သာစေခဲ့ပါတယ်။

MFPဟာ ဝန်ကြီးချုပ်လောင်း နေရာအတွက် ဖီထာ တစ်ဦးတည်းကိုသာ လျာထားတာကြောင့် အခုဆိုရင် ထိုင်းဝန်ကြီးချုပ်သစ်ဟာ ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)ရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာဖို့ သေချာသလောက် ရှိလာပါတယ်။ နာမည် အကြီးဆုံးအဖြစ် ရေပန်းစားနေတာကတော့ ဆရက်သာ သာဗင်ဆင်ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှီနာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေတွန်တန် ရှီနာဝပ်ထရာကလည်း PTPရဲ့ ဝန်ကြီးချုပ်လောင်း ဖြစ်လာနိုင်ခြေတွေ ရှိနေဆဲလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရော၊ ထိုင်းစစ်တပ်ပါ အဲဒီ ကိစ္စကို ကိုင်တွယ်ဖို့ မြန်မာဖက်က သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ဆရက်သာက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ကွန်ဆာဗေးတစ်တွေဟာ သက်ဆင်ကို ခါးသီးပေမယ့်လည်း ပိုမို ဆိုးရွားတဲ့ ရန်သူလို့ သတ်မှတ်ထားတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီ ရှေ့သို့ချီပါတီ (MFP)ရဲ့ အင်အားကောင်းလာမှုကြောင့် PTPနဲ့ လက်တွဲဖို့ ဆုံးဖြတ်ခဲ့တာပါ။