Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျားစစ်တပ် ကြေညာ

လောလောဆယ် အာဏာသိမ်း နိုက်ဂျားစစ်တပ်က နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ သမ္မတ ဘာဇွမ်ဟာ ကိုယ်ရံတော် အစောင့်တပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရပါတယ်။

အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျားစစ်တပ် ကြေညာ
အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျားစစ်တပ် ကြေညာ

အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း နိုက်ဂျားစစ်တပ်က ကြေညာလိုက်ပါတယ်။

သမ္မတ မိုဟာမက် ဘာဇွမ်ကို ဖြုတ်ချပြီး အာဏာသိမ်းလိုက်ကြောင်း သတင်းကို ဇူလိုင် ၂၆ ရက်က နိုင်ငံပိုင် ရုပ်မြင်သံကြားကနေတဆင့် စစ်တပ်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိုပါ ဖျက်သိမ်းကြောင်း အတည်ပြုသွားပါတယ်။

လောလောဆယ် အာဏာသိမ်း နိုက်ဂျားစစ်တပ်က နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ သမ္မတ ဘာဇွမ်ဟာ ကိုယ်ရံတော် အစောင့်တပ်ရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံထားရပါတယ်။

သူဟာ အဲဒီ အတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်၊ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်ဇ်တို့ဆီ အစွမ်းကုန် ကူညီပါ့မယ်ဆိုတဲ့ ကတိတွေကို ရရှိထားကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဘာဇွမ်ဟာ အနောက်မဟာမိတ် နိုင်ငံတွေရဲ့ ဒေသတွင်း မဟာမိတ် တစ်ဦးလို့လည်း သတ်မှတ်နိုင်ပြီး အနောက်အာဖရိက ဒေသမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေကို ချေမှုန်းတဲ့ စစ်ဆင်ရေးတွေအတွက် အမာခံ ထောက်ခံ ကူညီပေးနေပါတယ်။

နိုက်ဂျားရဲ့ အိမ်နီးချင်း နှစ်နိုင်ငံဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုတို့မှာလည်း အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွတွေ အားကောင်းလာခြင်းနဲ့ ဆက်စပ်လို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း စစ်တပ် အာဏာသိမ်းမှုတွေ ဖြစ်ခဲ့ပါတယ်။

ရုပ်မြင်သံကြား ကြေညာချက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် အမာဒူ အက်ဘ်ဒရာ မာနေးက ယူနီဖောင်းဝတ် စစ်တပ် အရာရှိတွေ ခြံရံရင်း နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။ သူက နိုက်ဂျားပြည်သူတွေ သိထားတဲ့ အစိုးရကို အုပ်စိုးမှုကို အဆုံးသတ်စေဖို့ သူတို့ ကာကွယ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေက ဆုံးဖြတ်လိုက်ကြောင်း၊ ဒါဟာ ပြည်တွင်းမှာ လုံခြုံရေး အခြေအနေ ဆက်တိုက် ယိုယွင်းကျဆင်းနေတာ၊ စီးပွားရေးနဲ့ လူမှု ထောက်ပံ့ရေး အစီအမံတွေ ဆုတ်ယုတ်လာတာကို တုံ့ပြန်တဲ့ သဘောလည်းဖြစ်ကြောင်း သူက ပြောပါတယ်။

လက်ရှိ အချိန်မှာတော့ နိုင်ငံရဲ့ အစိုးရ ဌာနအားလုံး လုပ်ငန်း ယာယီ ဆိုင်းငံ့ထားမှာဖြစ်ပြီး နိစ္စဓူဝ လုပ်ငန်းစဉ်တွေကို ဝန်ကြီးဌာနအလိုက် တာဝန်ယူသူ အကြီးအကဲတွေက ညွှန်ကြားနေမယ်လို့လည်း စစ်တပ်က ကြေညာပါတယ်။ ဒါ့အပြင် နိုင်ငံအနှံ့မှာလည်း ည ၈ နာရီကနေ မနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်ကတော့ သမ္မတ ဘာဇွမ်ကို ချက်ချင်း ပြန်လွှတ်ဖို့ နိုက်ဂျားစစ်တပ်ကို တောင်းဆိုလိုက်ပါတယ်။ နယူးဇီလန်ကို ရောက်နေတဲ့ ဘလင်ကန်က ဒီကိစ္စ တစ်ခုလုံးဟာ ဥပဒေနဲ့အညီ ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရကို အဓမ္မ အင်အားသုံး ဖယ်ရှားပြီး အာဏာလုယူမှုဆိုတာ ထင်ရှားနေတယ်လို့ ဝေဖန်ပါတယ်။

အာဏာသိမ်းမှု သတင်းကို ကြားပြီးပြီးချင်း ဒေသစံတော်ချိန် မနက်ပိုင်း အချိန်လောက်မှာ မြို့တော် နိုင်ယာမီရဲ့ လမ်းတွေပေါ် ပြည်သူတွေက စုဝေးထွက်ပေါ်လာပြီး သမ္မတကို ထောက်ခံရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ယာမီမှာ အခြေအနေတွေက ရှုပ်ထွေးနေပြီး သမ္မတကို သစ္စာခံဆဲလို့ ယုံကြည်ရတဲ့ လက်နက်ကိုင် တပ်တချို့ကလည်း အစိုးရ ရုပ်မြင်သံကြား ဌာနနားမှာ ဖြန့်ကျက်ထားတာ တွေ့ရကြောင်း မျက်မြင်တွေက ပြောပါတယ်။

ဆန္ဒပြသူတွေကို လူစုခွဲအောင် ခြောက်လှန့်ပစ်ခတ်တဲ့ သေနတ်သံတချို့ ကြားနေရပေမယ့် မြို့ရဲ့ အစိတ်အပိုင်း အများစုက တည်ငြိမ်နေဆဲလို့ ဆိုပါတယ်။ နိုက်ဂျားဟာ လတ်တလောမှာ ကွဲပြားတဲ့ အစ္စလာမ်မစ် စစ်သွေးကြွ အင်အားစု နှစ်ခုရဲ့ ဖိစီးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီ စစ်သွေးကြွတွေက အယ်လ်ကိုင်ဒါနဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့တွေကို အသီးသီး သစ္စာခံထားပါတယ်။

အနောက်အာဖရိကမှာ စစ်သွေးကြွတွေ ဆိုးသွမ်းမှုကို အစိုးရတွေက မဖြိုခွင်းနိုင်ဘဲ ရုန်းကန်နေရတာကို ပျော့ညံ့မှု အနေနဲ့ အကြောင်းပြပြီး စစ်တပ်တွေက အာဏာသိမ်းတာမျိုးတွေ ခပ်စိပ်စိပ် ပေါ်ပေါက်လာနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ ဒေသတွင်းဟာ ဂျီဟတ်ဒ် အစွန်းရောက်ဝါဒ တိုက်ဖျက်မှု စစ်ဆင်ရေးတွေအတွက် နိုက်ဂျားက စစ်စခန်းတွေကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။