Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီရန်ဆီက သိမ်းယူထားတဲ့ ကျည်ဆန် တစ်သန်းကျော် အမေရိကန်က ယူကရိန်းဆီ ပေးပို့

အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေကို ကြီးမှူးတဲ့ အမေရိကန် ဗဟိုကွပ်ကဲရေး ဌာနချုပ်က ၇.၆၂ မမ ကျည်တောင့်ပေါင်း ၁.၁ သန်းလောက်ကို ယူကရိန်းဆီ ပို့ဆောင်လိုက်တယ်လို့ ကြေညာပါတယ်။

အီရန်ဆီက သိမ်းယူထားတဲ့ ကျည်ဆန် တစ်သန်းကျော် အမေရိကန်က ယူကရိန်းဆီ ပေးပို့
အီရန်ဆီက သိမ်းယူထားတဲ့ ကျည်ဆန် တစ်သန်းကျော် အမေရိကန်က ယူကရိန်းဆီ ပေးပို့

အီရန်ဆီကနေ သိမ်းဆည်းရမိထားတဲ့ ကျည်ဆန်တွေကို အမေရိကန်က ယူကရိန်းဆီ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

အမေရိကန် ရေတပ်ဟာ ယီမင်မှာရှိတဲ့ အီရန်လိုလားတဲ့ ဟိုသီ စစ်သွေးကြွ သူပုန် အဖွဲ့တွေဆီ အီရန်က တင်ပို့လိုက်တယ်လို့ ယုံကြည်ရတဲ့ ကျည်ဆန်တွေကို ရေပြင်မှာ ကြားဖြတ် ဟန့်တား သိမ်းဆည်းနေခဲ့တာ နှစ်အတော်ကြာခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီ ကျည်ဆန်တွေဟာ ယူကရိန်း စစ်တပ်က အသုံးပြုနေတဲ့ Ak-47 လို ရိုင်ဖယ်တွေမှာ အသုံးပြုနိုင်ပါတယ်။

မနှစ်တုန်းက အီရန်ဆီကနေ ကြားဖြတ် သိမ်းယူထားတဲ့ ကျည်ဆန် တစ်သန်းကျော်ကို ယူကရိန်းဆီ လက်လွှဲ ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့ အောက်တိုဘာ ၄ ရက်မှာ အမေရိကန် စစ်တပ်က ပြောကြားခဲ့တာပါ။

အရှေ့အလယ်ပိုင်းဒေသ စစ်ဆင်ရေးတွေကို ကြီးမှူးတဲ့ အမေရိကန် ဗဟိုကွပ်ကဲရေး ဌာနချုပ်က ၇.၆၂ မမ ကျည်တောင့်ပေါင်း ၁.၁ သန်းလောက်ကို ယူကရိန်းဆီ ပို့ဆောင်လိုက်တယ်လို့ ကြေညာပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ကျည်တောင့်တွေကို အီရန်ရဲ့ တော်လှန်ရေး အစောင့်တပ်က ယီမင်အခြေစိုက် ဟိုသီ သူပုန်တွေဆီ ပို့ဆောင်ချိန်မှာ အမေရိကန်ရဲ့ ကြားဖြတ် ဖမ်းဆီးမှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

စစ်ရေး လေ့လာသူတွေကတော့ အဲဒီ ကျည်ဆန်တွေဟာ စစ်မြေပြင်မှာ အရမ်းကြီးမားတဲ့ အလှည့်အပြောင်းတွေတော့ ဖြစ်လာစေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေရတဲ့ ယူကရိန်းရဲ့ အလိုအရှိဆုံး စာရင်းမှာ တာဝေးပစ်နဲ့ လေယာဉ်ပစ် လက်နက်တွေက ထိပ်ဆုံးက ပါဝင်နေပါတယ်။

အမေရိကန်မှာ အစိုးရ အသုံးစရိတ် ကန့်သတ်ချက်တွေ ရှိနေပြီး ယူကရိန်းအတွက် ထောက်ပံ့ပေးမယ့် ဘတ်ဂျတ်ကို လွှတ်တော်က သီးခြား အတည်မပြုပေးခဲ့တဲ့ ကိစ္စ ကြုံခဲ့တဲ့နောက်ပိုင်း ယူကရိန်း အနေနဲ့ အမေရိကန် စစ်လက်နက်တွေ မရရှိမှာကို အလေးအနက် တွေးပူနေရတဲ့ အခြေအနေကလည်း အခုလို ခဲယမ်းမီးကျောက်တွေ တင်ပို့မှုကြောင့် ပြေလျော့သွားဖွယ် မရှိပါဘူး။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကတော့ သူ့ရဲ့ အစိုးရဟာ ဘယ်လို အခြေအနေမှာပဲဖြစ်ဖြစ် ယူကရိန်းအတွက် မယိမ်းမယိုင် ဆက်လက် အားပေး ကူညီဖို့ စိတ်ပိုင်းဖြတ်ပြီးသားလို့ ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

Facebook