Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယားလက်နက် စမ်းသပ်မှု တားဆီးရေး စာချုပ်ကနေ ရုရှား နုတ်ထွက်ဖို့ ပူတင်ညွှန်ကြား

တရုတ်၊ အစ္စရေး၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာလည်း CTBTနဲ့ ပတ်သက်လို့ အပြီးသတ် သဘောတူ လက်ခံကျင့်သုံးမယ့် အဆင့်တွေကို အကောင်အထည် ဖော်ဖို့ လစ်ဟင်းခဲ့ကြပါတယ်။

နျူကလီးယားလက်နက် စမ်းသပ်မှု တားဆီးရေး စာချုပ်ကနေ ရုရှား နုတ်ထွက်ဖို့ ပူတင်ညွှန်ကြား
နျူကလီးယားလက်နက် စမ်းသပ်မှု တားဆီးရေး စာချုပ်ကနေ ရုရှား နုတ်ထွက်ဖို့ ပူတင်ညွှန်ကြား

နျူကလီးယား လက်နက်တွေ စမ်းသပ်မှုကို တားဆီးတဲ့ နိုင်ငံတကာ သဘောတူ စာချုပ်ကနေ ရုရှားနိုင်ငံ နုတ်ထွက်ဖို့ သမ္မတ ဗလာဒီမာ ပူတင်က ညွှန်ကြားထားလိုက်ပါတယ်။

နျူကလီးယား စမ်းသပ်မှုများ တားဆီးရေး စုပေါင်း သဘောတူ စာချုပ် (CTBT)ကို ရုရှားက ၁၉၉၆ ခုနှစ်မှာ ပါဝင် လက်မှတ်ရေးထိုးပြီး လေးစားလိုက်နာဆဲ ဖြစ်ကြောင်း ၂၀၀၀ ပြည့်နှစ်မှာ ထပ်မံ အတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့ CTBTကနေ ရုရှား နုတ်ထွက်တော့မယ့် ဥပဒေ တစ်ရပ်ကို ပူတင်က နိုဝင်ဘာ ၂ ရက်မှာ လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။

CTBTကနေ ရုရှား နုတ်ထွက်ဖို့ ခြေလှမ်း ပြင်လာတာဟာ အနောက်နိုင်ငံတွေရဲ့ နျူကလီးယား လက်နက်အင်အားကို ထိထိရောက်ရောက် ပြိုင်ဆိုင်နိုင်ဖို့ ဖြစ်တယ်လို့ ရုရှား အစိုးရ အရာရှိ တချို့က အကြောင်းပြပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ဟာ ရုရှားနဲ့အတူ စာချုပ် လက်မှတ်ရေးထိုးခဲ့ပေမယ့် သဘောတူညီချက်ပါ အချက်အလက်တွေကို လိုက်နာဖို့နဲ့ လက်တွေ့ အကောင်အထည်ဖော်ဖို့ အဆင့်တွေမှာ ပျက်ကွက်မှုတွေ ရှိခဲ့ပါတယ်။

တရုတ်၊ အစ္စရေး၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ဟာလည်း CTBTနဲ့ ပတ်သက်လို့ အပြီးသတ် သဘောတူ လက်ခံကျင့်သုံးမယ့် အဆင့်တွေကို အကောင်အထည် ဖော်ဖို့ လစ်ဟင်းခဲ့ကြပါတယ်။

လေ့လာသူတွေကတော့ CTBTကနေ ရုရှား နုတ်ထွက်ဖို့ ခြေလှမ်းပြင်လာတာ အံ့ဩစရာ မဟုတ်ဘဲ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲ စတင်လာချိန် ကတည်းက အဲဒီ ကိစ္စအတွက် အရိပ်အယောင်တွေ ပြသနှင့်နေခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပူတင်ဟာ နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်တဲ့ ပုံစံတူ စစ်ဆင်ရေး တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုမှာ ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုစ်ဒုံးကျည်တွေ တော်တော်များများကို ရုရှားစစ်တပ်က လက်တွေ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

Facebook