Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း နာရေး တခုကို ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်လို့ လူ ၅၀ ကျော် သေဆုံး

ယူကရိန်း နာရေး တခုကို ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်လို့ လူ ၅၀ ကျော် သေဆုံး

ယူကရိန်းမှာ နာရေးတခု ပြုလုပ်နေတဲ့ ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၈ နှစ်သား ကလေးငယ် အပါအဝင် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာ ၅ ရက်က ခါကစ်ဗ်ပြည်နယ် အရှေ့တောင်ပိုင်းမှာရှိတဲ့ ဟာရိုဇာ ကျေးရွာမှာ နာရေးအတွက် လူစုလူဝေး ဖြစ်နေချိန်မှာ ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာလို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

စစ်ရေးပစ်မှတ် လုံးဝမရှိဘဲ အရပ်သားတွေချည်း စုဝေးနေတဲ့ နေရာ တိုက်ခိုက် ခံရတဲ့နောက် လူ ၅၁ ဦးထက်မနည်း သေဆုံးပြီး ၈ နှစ်အရွယ် ကလေးငယ် တစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ခါကစ်ဗ်ပြည်နယ် အုပ်ချုပ်ရေးမှူး အိုလာ ဆင်ယီဟူဘော့ဗ်က ဒီတိုက်ခိုက်မှုဟာ သူ့ဒေသထဲမှာ ကြုံဖူးသမျှ သွေးအလွှမ်းဆုံး ဖြစ်ရပ်ဆိုး တခုအဖြစ် မှတ်ချက် ပေးခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ် တစ်ခုတည်းကြောင့် ကျေးရွာလူဦးရေ ငါးပုံတစ်ပုံလောက် သေဆုံးကုန်ကြတယ်လို့ ဆင်ယီဟူဘော့ဗ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားရဲ့ စာနာမှု ကင်းမဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဟာရိုဇာ ကျေးရွာထဲက မိသားစုတိုင်း တအိမ်မကျန် ထိခိုက် ခံစားခဲ့ကြရတယ်လို့လည်း ပြည်ထဲရေးဝန်ကြီး အိုင်ဟော် ကလိုင်မန်ကိုက ပြောကြားခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း အခုလုပ်ရပ်မျိုးကို တိရစ္ဆာန် အရိုင်းအစိုင်းတွေနဲ့ ခိုင်းနှိုင်းရင်တောင် တိရစ္ဆာန်တွေ သိက္ခာကျလိမ့်မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ နာရေးကိစ္စ ရွာသူရွာသားတွေချည်း စုဝေးနေချိန်မှာ ရုရှားက ရည်ရွယ်ချက်ရှိရှိ ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တာလို့လည်း ဇီလန်စကီးက စွပ်စွဲခဲ့ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ရုရှားက Iskander ဒုံးကျည်တစ်စင်း အသုံးပြုပြီး ဟာရိုဇာ ကျေးရွာကို ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပေမယ့် သီးခြား အတည်မပြုနိုင်ပါဘူး။

ယူကရိန်းဖက်က စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ရုရှားက လောလောလတ်လတ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ရုရှားဟာ အရင်ကလည်း ယူကရိန်းမှာ အရပ်ဖက် ပစ်မှတ်တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ဖူးပေမယ့် ပြောင်ပြောင်တင်းတင်း ငြင်းဆိုပြီး စစ်ရေး ပစ်မှတ်တွေကို ဦးတည်ခဲ့တာသာ ဖြစ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။