Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် အမေရိကန်၊ ဂျပန်နဲ့ နိုင်ငံတချို့မှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်

မီးတောင်ဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ရှိန်း ခရိုနင်က အခုပေါက်ကွဲမှုဟာ တွန်ဂါ သမိုင်းမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း အပြင်းထန်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မီးတောင် ပေါက်ကွဲမှုကနေ ဆင့်ပွား ရိုက်ခတ်လာတဲ့ အရှိန်အဟုန်နဲ့ သက်ရောက်မှု ရှိခဲ့တဲ့ အကျယ်အဝန်းကလည်း အံ့ဩဖို့ ကောင်းလောက်အောင် ကြီးမားခဲ့ကြောင်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲမှာ ရေအောက်မီးတောင် ပေါက်ကွဲမှုကြောင့် ဂျပန်နဲ့ အမေရိကန် နိုင်ငံတွေမှာ ဆူနာမီရေလှိုင်း အရေးပေါ် သတိပေး ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ရပါတယ်။

ကျွန်းနိုင်ငံငယ် တစ်ခုဖြစ်တဲ့ တွန်ဂါနားမှာ အင်အားပြင်းထန်တဲ့ ရေအောက်မီးတောင် ပေါက်ကွဲမှုတစ်ခု ဇန်နဝါရီ ၁၆ ရက် မနက် အစောပိုင်းက ပေါ်ပေါက်ခဲ့ပါတယ်။ ပေါက်ကွဲမှု အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆူနာမီ ရေလှိုင်းတွေဟာ တွန်ဂါ ကမ်းရိုးတန်းကိုလည်း ဝင်ရောက် ရိုက်ခတ်ခဲ့ပါတယ်။ တွန်ဂါမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆူနာမီ လှိုင်းတွေက ၁ မီတာကျော်လောက် မြင့်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီနောက် ဂျပန်အစိုးရကလည်း နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေကို ကုန်းမြင့်ပိုင်းဆီ အမြန်ဆုံး ပြောင်းရွှေ့ဖို့ နှိုးဆော်ခဲ့ပါတယ်။ ကမ်းခြေတွေကို ၃ မီတာလောက်ထိ မြင့်မားတဲ့ ဆူနာမီ လှိုင်းလုံးတွေ လာရောက် ရိုက်ခတ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ပြီး ချက်ချင်း ပြောင်းရွှေ့မှုတွေ ပြုလုပ်ဖို့ ညွှန်ကြားခဲ့တာပါ။ လက်တွေ့မှာတော့ အမြင့် ၁.၂ မီတာလောက်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဂျပန်ကမ်းခြေကို ရောက်ရှိခဲ့ပါတယ်။

အမေရိကန်မှာလည်း ကယ်လီဖိုးနီးယားနဲ့ တခြားပြည်နယ်တချို့က ကမ်းရိုးတန်းတွေမှာ အားကောင်းတဲ့ လှိုင်းရိုက်ခတ်မှုတွေ ပေါ်ပေါက်လာနိုင်ကြောင်း သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တွန်ဂါရဲ့ မြို့တော် နူကူ အလိုဖာဟာ ရေအောက်မီးတောင် ပေါက်ကွဲတဲ့ နေရာနဲ့ ၆၅ ကီလိုမီတာသာ ကွာဝေးပါတယ်။ မီးတောင် ပေါက်ကွဲခဲ့တဲ့နောက် မြို့တော် အနှံ့မှာ ချော်ပြာတွေ ဖုံးလွှမ်းခဲ့ပြီး တစ်မြို့လုံးနီးပါး လျှပ်စစ်ဓာတ်အား ပြတ်တောက်ကုန်ပါတယ်။ မီးတောင် ပေါက်ကွဲမှုနဲ့ ဆူနာမီ ရေလှိုင်း ရိုက်ခတ်မှုတွေကြောင့် တွန်ဂါမှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် အတိုင်းအတာ ဘယ်လောက် ကျယ်ပြန့် ကြီးမားသလဲ ဆိုတာတော့ မသိရသေးပါဘူး။

ရေအောက် မီးတောင်က မှုတ်ထုတ်လိုက်တဲ့ ဓာတ်ငွေ့နဲ့ မီးခိုးလုံးတွေဟာ ပင်လယ်ရေမျက်နှာပြင်အထက် ကီလိုမီတာ ၂၀ လောက်ထိ ရောက်ရှိခဲ့တယ်လို့ တွန်ဂါ ဘူမိဗေဒ လေ့လာရေးဌာနက ထုတ်ပြန်ပါတယ်။ မီးတောင် ပေါက်ကွဲပြီး နာရီပိုင်း အကြာမှာ ဂျပန်က ကိုမီနာတိုခရိုင်နဲ့ အမာမီ အိုရှီမာ ကျွန်းတွေမှာ ၁.၂ မီတာလောက်မြင့်တဲ့ ဆူနာမီ ရေလှိုင်း ရိုက်ခတ်မှုတွေကို တိုင်းတာ ရရှိခဲ့ပါတယ်။

ဖီဂျီ အစိုးရကလည်း ဆူနာမီ သတိပေးချက် ချက်ချင်း ထုတ်ပြန်ပြီး အရေးပေါ် ခိုလှုံရေး စင်တာတွေကို ချက်ချင်း ဖွင့်လှစ်ပေးစေခဲ့ပါတယ်။ တခြား ပစိဖိတ် ကျွန်းနိုင်ငံ တစ်ခုဖြစ်တဲ့ ဗန်နူအာတူမှာလည်း အလားတူ သတိပေး ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ ဩစတြေးလျနိုင်ငံ အရှေ့ပိုင်းနဲ့ တက်စ်မေးနီးယားကျွန်းမှာလည်း ဆူနာမီ အန္တရာယ် သတိပြုဖို့ ကြေညာခဲ့ပါတယ်။

မီးတောင်ဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ရှိန်း ခရိုနင်က အခုပေါက်ကွဲမှုဟာ တွန်ဂါ သမိုင်းမှာ နှစ်ပေါင်း ၃၀ လောက်အတွင်း အပြင်းထန်ဆုံး ဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် မီးတောင် ပေါက်ကွဲမှုကနေ ဆင့်ပွား ရိုက်ခတ်လာတဲ့ အရှိန်အဟုန်နဲ့ သက်ရောက်မှု ရှိခဲ့တဲ့ အကျယ်အဝန်းကလည်း အံ့ဩဖို့ ကောင်းလောက်အောင် ကြီးမားခဲ့ကြောင်း သူက မှတ်ချက် ပေးသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါ၊ ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဇွန်လ ၁၉ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်မှာ မူကြိုကျောင်းတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတွေနဲ့ ဆရာ ဆရာမ စုစုပေါင်း လူ ၃၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။