Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ်တွေရဲ့ ကျူးကျော်မှုကို ဂျာနယ်လစ်တချို့ ကြိုသိခဲ့ကြောင်း အစ္စရေး စွပ်စွဲချက်ကို သတင်းဌာနကြီးတွေ တုံ့ပြန်

ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ (CPJ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ပဋိပက္ခတွေအတွင်း ပါလက်စတိုင်း အများစု အပါအဝင် သတင်းသမား ၃၉ ဦးထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဟားမားစ်တွေရဲ့ ကျူးကျော်မှုကို ဂျာနယ်လစ်တချို့ ကြိုသိခဲ့ကြောင်း အစ္စရေး စွပ်စွဲချက်ကို သတင်းဌာနကြီးတွေ တုံ့ပြန်
ဟားမားစ်တွေရဲ့ ကျူးကျော်မှုကို ဂျာနယ်လစ်တချို့ ကြိုသိခဲ့ကြောင်း အစ္စရေး စွပ်စွဲချက်ကို သတင်းဌာနကြီးတွေ တုံ့ပြန်

အစ္စရေး ပိုင်နက်ထဲ ဟားမားစ် ပြောက်ကျားတွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ ကိစ္စကို ဂျာနယ်လစ် တချို့က သတင်းကြိုရခဲ့ကြောင်း အစ္စရေးရဲ့ စွပ်စွဲချက်အပေါ် မီဒီယာ ဌာနကြီး တချို့က ဖြေရှင်း ငြင်းဆိုသွားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်မှာ ဂါဇာ ကမ်းမြှောင်အခြေစိုက် ပါလက်စတိုင်း ပြောက်ကျား တပ်ဖွဲ့ဝင် ထောင်ဂဏန်းလောက်ဟာနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ပြီး အစ္စရေး မြို့ရွာတွေကို စီးနင်း တိုက်ခိုက်ခဲ့ပါတယ်။ ဟားမားစ်ရဲ့ လက်ချက်ကြောင့် အစ္စရေးဖက်မှာ နိုင်ငံခြားသားတွေ အပါအဝင် ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး လက်ရှိ ဖြစ်ပွားနေတဲ့ ဂါဇာ စစ်ပွဲကို အစပြုလာစေခဲ့ပါတယ်။

အစ္စရေး ဆက်သွယ်ရေး နည်းပညာဝန်ကြီး ရှော်လမို ခါဟီက Reuters၊ AP၊ CNNနဲ့ New York Timesတို့လို အထင်ကရ သတင်းဌာနကြီးတွေမှာ အလုပ်လုပ်နေသူ အလွတ်တမ်း သတင်းထောက် တချို့ဟာ ဟားမားစ်တွေရဲ့ အကြံအစည်ကို ကြိုတင် သိရှိထားခဲ့ကြောင်း စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ သတင်းဌာနကြီး ၄ ခုစလုံးက ခါဟီရဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အခုလို အခြေအမြစ် မရှိတဲ့ စကားမျိုးဟာ ဒေသတွင်းက အလွတ်တမ်း သတင်းထောက်တွေအတွက် အန္တရာယ် ကျရောက်လာစေနိုင်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးကို လိုလားတဲ့ သတင်း ဝက်ဘ်ဆိုက် တစ်ခုရဲ့ သတင်းဖော်ပြချက်ကို ခါဟီက သံယောင်လိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ သတင်းဝက်ဘ်ဆိုက်က တချို့ သတင်းဓာတ်ပုံသမားတွေ ရိုက်ကူးထားတဲ့ မှတ်တမ်း ဓာတ်ပုံတွေကို လေ့လာကြည့်ရင် ဟားမားစ်တွေရဲ့ အကြံအစည်ကို ကြိုသိနေခဲ့မှန်း ထင်ရှား မြင်သာစေကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီ သတင်းဌာန Honest Reportingရဲ့ အမှုဆောင် ဒါရိုက်တာ ဂီလ်ဟော့ဖ်မန်းက သတင်းဌာနကြီးတွေဟာ ဟားမားစ်တွေရဲ့ စစ်ဆင်ရေးအကြောင်း ကြိုသိခဲ့တယ် ဆိုတာကို တိတိကျကျ အထောက်အထား မပြနိုင်ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ သတင်းဌာနကြီးတွေနဲ့ အချိတ်အဆက် ရှိနေတဲ့ အလွတ်တမ်း သတင်းထောက် တချို့ရဲ့ ရပ်တည်မှုကတော့ မေးခွန်းထုတ်စရာ ဖြစ်နေဆဲလို့ သူက ဆိုပါတယ်။

ဟားမားစ်တွေရဲ့ ကျူးကျော် ရန်စမှု အတွင်းမှာ အစ္စရေး တင့်ကားတစ်စီး မီးရှို့ ဖျက်ဆီးခံရပုံ၊ အစ္စရေးရဲ့ ဘုံစိုက်ပျိုးရေး ကျေးရွား ကဖာအဇာနားက စည်းရိုးကို ချိုးဖောက်ပြီး ဟားမားစ်တွေ ဝင်ရောက်နေပုံ မှတ်တမ်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ကြည့်ရင် အလွတ်တမ်း သတင်းထောက် တချို့ဟာ ဒီကိစ္စကို ကြိုသိနေမှန်း မြင်သာတယ်လို့ ဟော့ဖ်မန်းက ထောက်ပြခဲ့ပါတယ်။

New York Times သတင်းစာကတော့ အဲဒီလို ထင်ကြေးသက်သက်နဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် ကင်းမဲ့ပြီး ပရမ်းပတာ ဖြစ်လွန်းတယ်လို့ တုံ့ပြန်ထားပါတယ်။ CNN သတင်းဌာနက ဟားမားစ်တွေရဲ့ ကျူးကျော်မှုနဲ့ ပတ်သက်လို့ လုံးဝ ကြိုမသိကြောင်း ရှင်းလင်းခဲ့ပေမယ့် ဂါဇာ အခြေစိုက် အလွတ်တမ်း သတင်းထောက် ဟာဆန် အက်စ်လာရီရာနဲ့ ဆက်ပြီး လက်တွဲ အလုပ်မလုပ်တော့ဘူးလို့ ကြေညာပါတယ်။ အကြောင်းကတော့ အက်စ်လာရီရာဟာ ဂါဇာက ဟားမားစ်ခေါင်းဆောင် ယာဟာ ဆင်ဝါနဲ့ အတူတွဲ ရိုက်ထားတဲ့ ဓာတ်ပုံ ထွက်ပေါ်လာတာကြောင့်ပါ။

ဂျာနယ်လစ်များ ကာကွယ်ရေး ကော်မတီ (CPJ)ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိ ပဋိပက္ခတွေအတွင်း ပါလက်စတိုင်း အများစု အပါအဝင် သတင်းသမား ၃၉ ဦးထိ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။