Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟားမားစ်တွေက အစ္စရေး အရပ်သားတွေကို မသတ်ဖြတ်ခဲ့ဘူးလို့ ဟားမားစ် ခေါင်းဆောင် ငြင်းဆို

အယ်လ်ဒီယက်ဖ်က အမျိုးသမီးတွေ၊ ကလေးတွေကို ရန်မပြုဖို့၊ အမျိုးသားတွေထဲမှာလည်း သက်ကြီးရွယ်အိုတွေဆိုရင် မသတ်ဖို့ သူ့ရဲ့ တိုက်ခိုက်ရေး တပ်သားတွေကို အသေအချာ မှာကြားခဲ့တယ်လို့ မာဇွတ်ခ်က BBCကို ပြောကြားသွားပါတယ်။

ဟားမားစ်တွေက အစ္စရေး အရပ်သားတွေကို မသတ်ဖြတ်ခဲ့ဘူးလို့ ဟားမားစ် ခေါင်းဆောင် ငြင်းဆို
ဟားမားစ်တွေက အစ္စရေး အရပ်သားတွေကို မသတ်ဖြတ်ခဲ့ဘူးလို့ ဟားမားစ် ခေါင်းဆောင် ငြင်းဆို

အစ္စရေး ပိုင်နက်ထဲကို အလစ်စီးနင်း တိုက်ခိုက်ချိန်မှာ အစ္စရေး အရပ်သားတွေကို သူ့တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်ဆိုတာ လုံးဝ မဟုတ်ဘူးလို့ ဟားမားစ် ခေါင်းဆောင် တစ်ဦးက ပြောပါတယ်။

မူဆာ အဘူ မာဇွတ်ခ်က အောက်တိုဘာ ၇ ရက်မှာ ဂါဇာနယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေးကို ဟားမားစ် ပြောက်ကျားတွေ ကျူးကျော် တိုက်ခိုက်ခဲ့မှုမှာ အရပ်သားတွေ အများအပြား သတ်ဖြတ် ခံခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်သွားခဲ့တာပါ။ သူ့တပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ အရပ်သားတွေကို ချမ်းသာပေးခဲ့ပါတယ်လို့ မာဇွတ်ခ်က ဆိုပါတယ်။

ဒါပေမဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ ဟားမားစ်တွေဟာ အရပ်သားတွေကို ရက်ရက်စက်စက် ရမ်းကား တိုက်ခိုက် သတ်ဖြတ်ခဲ့တာကို တွေ့ရပါတယ်။ နောက်ပြီး ကျေးရွာ တစ်ခုတည်းမှာတင် ခေါင်းဖြတ် ခံထားရသူတွေ အပါအဝင် ဟားမားစ်တွေ သတ်ဖြတ်ထားတဲ့ ကလေး ၄၀ ကျော်ရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ အစ္စရေး စစ်တပ်က ထုတ်ပြန်ထားပါတယ်။

အစ္စရေး အစိုးရက ဟားမားစ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုမှာ အရပ်သား အများစု အပါအဝင် လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ကြောင်း ကြေညာပြီး လက်တုံ့ပြန်တဲ့ အနေနဲ့ ဂါဇာမှာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ကို ဆင်နွှဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်ရဲ့ နိုင်ငံရေး ဒုတိယ ခေါင်းဆောင်ဖြစ်တဲ့ မာဇွတ်ခ်က BBC သတင်းဌာနဲ့ ဆက်သွယ် အင်တာဗျူးမှုကို လက်ခံဖြေကြားချိန်မှာ ဟားမားစ် တပ်ဖွဲ့ဝင်တွေက အရပ်သားတွေကို မသတ်ခဲ့ပါဘူးလို့ ငြင်းချက်ထုတ်ခဲ့တာပါ။

သူက ဟားမားစ် အဖွဲ့အနေနဲ့ အစ္စရေးက ဂါဇာမှာ အပြင်းအထန် ဗုံးကြဲနေသ၍ အောက်တိုဘာ ၇ ရက်မှာ ဖမ်းဆီးသွားတဲ့ ဓားစာခံ ၂၄၀ ကျော်ကို လွှတ်ပေးဖို့ မဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။ ဓားစာခံတွေကို ပြန်လွှတ်မှာ ဖြစ်ကြောင်း၊ ဒါပေမဲ့ အဲဒီမတိုင်ခင် တိုက်ပွဲတွေ ရပ်သွားဖို့လိုကြောင်း မာဇွတ်ခ်က တောင်းဆိုခဲ့ပါတယ်။

မာဇွတ်ခ်ဟာ မကြာသေးခင်က မော်စကိုမြို့ကို သွားရောက်ခဲ့ပြီး ရုရှား-အစ္စရေး နှစ်နိုင်ငံသား ခံယူထားသူ ၈ ဦး လွတ်မြောက်ရေး ကိစ္စနဲ့ ပတ်သက်လို့ ရုရှား အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ သူက ရုရှား နိုင်ငံသူ အမျိုးသမီး ၂ ဦးကို ဓားစာခံတွေ စာရင်းထဲမှာ အတည်ပြု တွေ့ရှိထားတာ မှန်ပေမယ့် လက်ရှိ စစ်ပွဲတွေရဲ့ အခြေအနေကြောင့် ပြန်လွှတ်ပေးဖို့ မဖြစ်နိုင်သေးကြောင်း ပြောပါတယ်။

သူက ဟားမားစ် ပြောက်ကျားတွေ အစ္စရေး နယ်စပ်ကို ထိုးဖောက် ဝင်ရောက်ချိန်မှာ အရပ်သားတွေကို အန္တရာယ် မပေးဖို့ ဟားမားစ်ရဲ့ တိုက်ခိုက်ရေး ယူနစ် ကာာဆမ် တပ်ရင်းခေါင်းဆောင် မိုဟာမက် အယ်လ်ဒီယက်ဖ်က အသေအချာ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အစ္စရေး အရန်တပ်ဖွဲ့ဝင်တွေကတော့ ဟားမားစ်ရဲ့ ပစ်မှတ်စာရင်းမှာ ပါဝင်ခဲ့တယ်လို့လည်း မာဇွတ်ခ်က ဆက်ပြောပါတယ်။

အယ်လ်ဒီယက်ဖ်က အမျိုးသမီးတွေ၊ ကလေးတွေကို ရန်မပြုဖို့၊ အမျိုးသားတွေထဲမှာလည်း သက်ကြီးရွယ်အိုတွေဆိုရင် မသတ်ဖို့ သူ့ရဲ့ တိုက်ခိုက်ရေး တပ်သားတွေကို အသေအချာ မှာကြားခဲ့တယ်လို့ မာဇွတ်ခ်က BBCကို ပြောကြားသွားပါတယ်။

ဒါပေမဲ့ ဟားမားစ်တွေကိုယ်တိုင် Bodycam ကင်မရာတွေနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာ လက်နက်မဲ့ အရပ်သားတွေ ကားတွေ၊ အိမ်တွေထဲ ပိတ်မိနေချိန် ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့ ဗီဒီယို မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး BBCရဲ့ တိုက်ရိုက် မေးမြန်းမှုကိုတော့ သူက တိုက်ရိုက် မဖြေကြားဘဲ ဝေ့လည်ကြောင်ပတ်နဲ့ ရှောင်ထွက်သွားပါတယ်။

ဟားမားစ်ရဲ့ နိုင်ငံရေး ဌာနခွဲဟာ အခုတိုက်ခိုက်မှု အစီအစဉ်ကို ကြိုတင် သိရှိခဲ့ပေမယ့် စစ်ရေး ခေါင်းဆောင်တွေ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေး အစုအဖွဲ့က ပါဝင် အကြံပေးခဲ့တာ မရှိကြောင်း၊ အကြံပေးဖို့လည်း မလိုကြောင်း သူက ဆိုပါတယ်။

ဟားမားစ်ရဲ့ နိုင်ငံရေး အစုအဖွဲ့ဟာ ကာတာမှာ အခြေစိုက်ပြီး အရင်ကလည်း ဟားမားစ်ရဲ့ စစ်ရေး အစုအဖွဲ့က ဂါဇာမှာ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ခပ်ကင်းကင်း နေလိုတယ်ဆိုတဲ့ သဘောထားမျိုးတွေ ပြသခဲ့ဖူးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။