Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဧည့်သည် သမ္မတကို ကိုက်လိုက်တဲ့ မော်လ်ဒိုဗာ သမ္မတရဲ့ အချစ်တော် ခွေးကလေး

နိုင်ငံခေါင်းဆောင် နှစ်ဦးနဲ့ ဆလိုဗေးနီးယား သမ္မတ နာတာဆာ ပက် မူဆာတို့ဟာ ဥရောပ သမဂ္ဂ အဖွဲ့ထဲ မော်လ်ဒိုဗာနိုင်ငံ ဝင်ရောက်ခွင့်ရရေး ကိစ္စကို ဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြတာပါ။

ဧည့်သည် သမ္မတကို ကိုက်လိုက်တဲ့ မော်လ်ဒိုဗာ သမ္မတရဲ့ အချစ်တော် ခွေးကလေး
ဧည့်သည် သမ္မတကို ကိုက်လိုက်တဲ့ မော်လ်ဒိုဗာ သမ္မတရဲ့ အချစ်တော် ခွေးကလေး

မော်လ်ဒိုဗာနိုင်ငံ သမ္မတရဲ့ အချစ်တော် ခွေးလေးဟာ အရေးကြီး နိုင်ငံတော်အဆင့် ခရီးစဉ် တစ်ခုမှာ သူ့သခင် မျက်နှာပျက်စရာ ဖြစ်လောက်အောင် သွားအစွမ်း ပြခဲ့ပါတယ်။

ဩစတြီးယား နိုင်ငံရဲ့ သမ္မတ အလက်ဇန္ဒား ဗန်ဒါ ဘယ်လန်ဟာ အခုသီတင်းပတ်ထဲမှာ မော်လ်ဒိုဗာကို တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ရင်း မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ အဲဒါကတော့ အိမ်ရှင် နိုင်ငံ သမ္မ မိုင်ရိုင် ဆန်ဒူရဲ့ ခွေးလေးက သူ့လက်ကို ကိုက်လိုက်တာပဲ ဖြစ်ပါတယ်။

ဗီဒီယို မှတ်တမ်းတွေအရ ဗန်ဒါ ဘယ်လန်ဟာ အမျိုးသမီး သမ္မတ ဆန်ဒူနဲ့အတူ ခွေးလေး ကော့ဒ်ရက်ကို မြှူနေတဲ့ အချိန်မှာ သူ့လက်ကို ကော့ဒ်ရက်က လှမ်းဟပ်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့လက်မှာ နည်းနည်း ပေါက်ပြဲသွားလို့ ပတ်တီးစည်းခဲ့ရကြောင်း ဗန်ဒါ ဘယ်လန်က ပြောပါတယ်။ ဩစတြီးယား သမ္မတရုံးကလည်း ဗန်ဒါ ဘယ်လန်ရဲ့ ဒဏ်ရာက ပြဿနာ ကြီးကြီးမားမား မရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗန်ဒါ ဘယ်လန်က ခွေးလေးဟာ စိတ်လှုပ်ရှား တက်ကြွလွန်းလို့ သူ့ကို ကိုက်လိုက်တာ ဖြစ်နိုင်ပြီး ဒီအခြေအနေကို နားလည်ပေးကြောင်း၊ သမ္မတ ဆန်ဒူကလည်း အခုကိစ္စအတွက် လေးလေးနက်နက် တောင်းပန်ခဲ့ကြောင်း ပြောပါတယ်။

နိုင်ငံခေါင်းဆောင် နှစ်ဦးနဲ့ ဆလိုဗေးနီးယား သမ္မတ နာတာဆာ ပက် မူဆာတို့ဟာ ဥရောပ သမဂ္ဂ အဖွဲ့ထဲ မော်လ်ဒိုဗာနိုင်ငံ ဝင်ရောက်ခွင့်ရရေး ကိစ္စကို ဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြတာပါ။

ဗန်ဒါဘယ်လန်က သူဟာ ခွေးချစ်တတ်သူ တစ်ယောက်ဆိုတာ လူတိုင်းသိကြောင်း၊ အခုကိစ္စက ပုံကြီးချဲ့နေဖို့လည်း မလိုကြောင်း၊ ခွေးလေး ကော့ဒ်ရက်က ပတ်ဝန်းကျင်မှာ လူတွေ အရမ်းများနေတာကြောင့် စိတ်လှုပ်ရှားပြီး ရန်လိုတဲ့ သဘောမျိုး ပြုမူခဲ့တာလည်း ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

အချစ်တော် ခွေးလေးတွေကြောင့် နိုင်ငံ ခေါင်းဆောင်တွေ မျက်နှာပျက်စရာ ဖြစ်ရတာဟာ ဒီကိစ္စက ပထမဆုံးတော့ မဟုတ်ပါဘူး။ အောက်တိုဘာလတုန်းကလည်း အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ခွေးလေး ကွန်မန်ဒါဟာ ဝန်ထမ်း တော်တော်များများကို ကိုက်ခဲ့တာကြောင့် အိမ်ဖြူတော်ကနေ မဖြစ်မနေ ရွှေ့ပြောင်းစေခဲ့ရဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

နိုင်ငံတကာ

ဇီလန်စကီးဟာ ဇာလုဇ်ညီကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ယူကရိန်း စစ်တပ်ရဲ့ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ထုတ်ပယ်ခံရတဲ့ ခါးသီးတဲ့ လမ်းခွဲမှုမျိုးဆီ ဦးတည်လာနေတာလို့ ဆိုပါတယ်။

နိုင်ငံတကာ

နာရေးသတင်းကို ကြားသိခဲ့တဲ့နောက် နိုင်ငံတကာ အစိုးရတွေက နမီးဘီးယား အစိုးရကိုရော၊ ကျန်ရစ်သူ မိသားစုကိုပါ ဝမ်းနည်း ကြေကွဲကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။

နိုင်ငံတကာ

ဆီရာလီယွန်မှာ ဇွန်လတုန်းက ဘီယွန်က နောက်တကြိမ် ရွေးကောက် တင်မြှောက်ခံရချိန် ကတည်းက တင်းမာမှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ရလဒ်ရဲ့ ရိုးသား ဖြောင့်မတ်မှုအပေါ် အဓိက အတိုက်အခံ အင်အားစုတွေနဲ့ အမေရိကန်၊ ဥရောပ သမဂ္ဂတို့က မေးခွန်းထုတ်ထားကြပါတယ်။