Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဓားစာခံတွေနဲ့ အလဲအလှယ်သဘော ဟားမားစ်တွေက တောင်းဆိုခဲ့တဲ့ အချက်တွေကို အစ္စရေး ဝန်ကြီးချုပ် ပယ်ချ

နေတန်ညာဟုကတော့ ဂါဇာမှာ ဆင်နွှဲနေတဲ့ အစ္စရေး စစ်ဆင်ရေးတွေဟာ ဟားမားစ်တွေကို အပြီးသတ် ရှင်းလင်း သုတ်သင်နိုင်မှုနဲ့ ဓားစာခံအားလုံး လွတ်မြောက်မှုဆိုတဲ့ အဓိက ရည်မှန်းချက်ကြီးနှစ်ခု အထမြောက်မှသာ ပြီးဆုံးလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဓားစာခံတွေနဲ့ အလဲအလှယ်သဘော ဟားမားစ်တွေက တောင်းဆိုခဲ့တဲ့ အချက်တွေကို အစ္စရေး ဝန်ကြီးချုပ် ပယ်ချ
ဓားစာခံတွေနဲ့ အလဲအလှယ်သဘော ဟားမားစ်တွေက တောင်းဆိုခဲ့တဲ့ အချက်တွေကို အစ္စရေး ဝန်ကြီးချုပ် ပယ်ချ

ဓားစာခံတွေကို ပြန်လွှတ်ပေးရေးနဲ့ ပတ်သက်လို့ ဟားမားစ် ပြောက်ကျားတွေဖက်က အဆိုပြု တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောပါတယ်။

ဇန်နဝါရီ ၂၁ ရက်မှာ နေတန်ညာဟုက သူဟာ ဟားမားစ်တွေရဲ့ အဆိုပြုချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့တယ်လို့ အတည်ပြုသွားပါတယ်။ ဓားစာခံတွေနဲ့ အလဲအထပ်အဖြစ် ဟားမားစ်တွေက တောင်းဆိုတဲ့ အချက်တွေထဲမှာ ဂါဇာ ကမ်းမြှောင် ဒေသကို ထိုးစစ်ဆင်နေတဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအားလုံး ရုပ်သိမ်း ဆုတ်ခွာဖို့နဲ့ ဂါဇာမှာ ဟားမားစ်တွေရဲ့ အုပ်စိုးမှုကို ဆက်လက် တည်မြဲခွင့်ပြုဖို့ ဆိုတာတွေ ပါဝင်ကြောင်း သူက ဆိုပါတယ်။

ဟားမားစ် ထိပ်တန်း အရာရှိ တဦးဖြစ်တဲ့ ဆာမီ အဘူ ဇူဟ်ရီက နေတန်ညာဟုရဲ့ ခေါင်းမာတဲ့ ငြင်းဆန်မှုကြောင့် လက်ရှိ ဖမ်းဆီး ထိန်းသိမ်း ခံထားရသူတွေကို ဟားမားစ်တွေက ပြန်လွှတ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးကြောင်း Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ လက်ရှိ အချိန်မှာတော့ ဂါဇာတောင်ပိုင်းမှာရှိတဲ့ ခန်ယူနစ်မြို့ကို လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Public Service Announcement

Public Service Announcement

ဟားမားစ်တွေရဲ့ အဆိုပြုချက်မှာ ဓားစာခံတွေ လွတ်မြောက်စေချင်ရင် စစ်ပွဲကို ရပ်ပေးဖို့၊ အစ္စရေး တပ်ဖွဲ့ဝင်တွေ ဂါဇာကနေ ဆုတ်ခွာဖို့နဲ့ ဟားမားစ်ရဲ့ အုပ်ချုပ်မှု အာဏာကို အပွန်းအပဲ့မရှိ ချန်လှပ်ထားဖို့ ဆိုတာတွေ ပါဝင်ကြောင်း၊ လူသတ်သမားတွေနဲ့ မုဒိမ်းသမားတွေကို လွှတ်ပေးဖို့ ဟားမားစ်က တောင်းဆိုခဲ့တာဖြစ်ကြောင်း၊ အဲဒီ တောင်းဆိုချက်တွေကို သူက အပြတ်ငြင်းခဲ့ပြီး မိစ္ဆာ ဟားမားစ်တွေဆီ အလျှော့ပေးသွားမှာ လုံးဝမဟုတ်ကြောင်း နေတန်ညာဟုက ပြောပါတယ်။

နိုဝင်ဘာလတုန်းကတော့ အမေရိကန်၊ ကာတာနဲ့ အီဂျစ်တို့ ကြားဝင် စေ့စပ်ပေးခဲ့တဲ့ သုံ့ပန်းလဲလှယ်မှု အစီအစဉ်မှာ ဟားမားစ်တွေက ဓားစာခံ ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အစ္စရေးရဲ့ အဆိုအရ အောက်တိုဘာ ၇ ရက်၊ ဟားမားစ်တွေရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအတွင်း ဓားစာခံတွေအဖြစ် ဂါဇာဒေသထဲ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရသူ စုစုပေါင်း ၂၄၀ လောက်ထိ ရှိတယ်လို့ သိရပါတယ်။ လောလောဆယ် ဟားမားစ်တွေ ဖမ်းဆီးတာ ခံထားရသူ ၁၃၆ ဦးလောက် ကျန်သေးတယ်လို့လည်း အစ္စရေး အာဏာပိုင်တွေက ပြောပါတယ်။

နေတန်ညာဟုကတော့ ဂါဇာမှာ ဆင်နွှဲနေတဲ့ အစ္စရေး စစ်ဆင်ရေးတွေဟာ ဟားမားစ်တွေကို အပြီးသတ် ရှင်းလင်း သုတ်သင်နိုင်မှုနဲ့ ဓားစာခံအားလုံး လွတ်မြောက်မှုဆိုတဲ့ အဓိက ရည်မှန်းချက်ကြီးနှစ်ခု အထမြောက်မှသာ ပြီးဆုံးလိမ့်မယ်လို့ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကတော့ အစ္စရေးရော၊ ဟားမားစ်ပါ အပြန်အလှန် တင်းတင်းမာမာ တောင်းဆိုနေတာတွေနဲ့ ပတ်သက်လို့ လျှော့သင့်သလောက် လျှော့ပေါ့ပေးပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ အထမြောက်အောင် အစဉ်တစိုက် ဖိအားပေးနေတယ်လို့လည်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ဟာ အစ္စရေးအတွက် စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ ပေးထားတဲ့ စူပါပါဝါ နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၄ ဘီလီယံဖိုးလောက် လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ပေးပို့နေခဲ့ပါတယ်။

သတင်း

ဝန်ကြီးချုပ် ဦးဆောင်သည့် ချင်းပြည်အစိုးရ သည် ဧပြီ ၁၃ရက်မှ ၁၉ရက်အတွင်း ချင်းပြည်နယ်အတွင်းရှိ ဇိုဖေ၊ လောက်တူ၊ ဇိုတုန်နှင့် ဆဲန်ထန်ဒေသများသို့ သွားရောက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ချင်းပြည်အစိုးရက ထုတ်ပြန်သည်။

နိုင်ငံတကာ

အစ္စရေးနဲ့ အီရန်ကြားမှာ တိုက်ရိုက် ပဋိပက္ခဖြစ်မယ့် အလားအလာက လျော့ကျသွားပြီ ဆိုပေမယ့် အီရန်ရဲ့ လက်ဝေခံ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အီရန်ကြား တိုက်ခိုက်မှုတွေကတော့ အရှေ့အလယ်ပိုင်း ဒေသအနှံ့ ဆက်လက် ဖြစ်ပွားနေပါတယ်။