Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး စစ်ကာလ အရေးပေါ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးရဲ့သား တိုက်ပွဲကျ

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

အစ္စရေး စစ်ကာလ အရေးပေါ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးရဲ့သား တိုက်ပွဲကျ
အစ္စရေး စစ်ကာလ အရေးပေါ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးရဲ့သား တိုက်ပွဲကျ

စစ်ပွဲကာလ အရေးပေါ် အစ္စရေး အစိုးရ အဖွဲ့ထဲက ဝန်ကြီးတစ်ဦးရဲ့ သားဖြစ်သူဟာ တိုက်ပွဲကျသွားခဲ့ကြောင်း အစ္စရေး စစ်တပ် (IDF)က အတည်ပြုခဲ့ပါတယ်။

ဂါဇာကမ်းမြှောင် ဒေသမှာ ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ဖြစ်နေချိန် အတောအတွင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အရေးပေါ် အစိုးရ အဖွဲ့ကို ဖွဲ့စည်းထားရာမှာ ဂါဒီ အိုင်ဆန်ကော့ဟာ ဌာနသီးသန့် ခန့်အပ်မထားတဲ့ အတွင်းစည်း ဝန်ကြီးတစ်ဦး အနေနဲ့ တာဝန်ယူထားပါတယ်။ သူဟာ IDFမှာ ဆယ်စုနှစ် ၄ ခုကျော်ကြာ တာဝန် ထမ်းဆောင်ခဲ့သလို ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ်ထိ IDF အကြီးအကဲ တာဝန် ယူခဲ့ဖူးပါတယ်။

ဂါဒီရဲ့ သားဖြစ်သူ အသက် ၂၅ နှစ်အရွယ် တပ်ကြပ်ကြီး ဂဲလ်မီရာ အိုင်ဆန်ကော့ဟာ အမှတ် ၅၅၁ အရန်ကွန်မန်ဒို တပ်မရဲ့ တပ်ရင်း ၆၉၉ မှာ တာဝန် ထမ်းဆောင်နေရင်း တိုက်ပွဲကျခဲ့တာ ဖြစ်တယ်လို့ IDFက ကြေညာခဲ့ပါတယ်။ အသေးစိတ် အချက်တွေကိုတော့ IDFက မထုတ်ပြန်ပါဘူး။

ဂါဒီဟာ ၂၀၂၂ မှာ အစ္စရေး လွှတ်တော်ထဲ ရွေးကောက်ခံရပြီး အဓိက အတိုက်အခံခေါင်းဆောင် ဘန်နီဂန့်ဇ်ရဲ့ အမျိုးသား ညီညွတ်ရေးပါတီ (NUP)မှာ ပါဝင်ခဲ့ပေမယ့် စစ်ပွဲကာလ အစိုးရထဲကို ဝန်ကြီးချုပ် နေတန်ညာဟုက အားကိုးတကြီး ခေါ်ယူခန့်အပ် ခံခဲ့ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဂန့်ဇ်က ဂါဒီရဲ့ အစားထိုးလို့မရနိုင်တဲ့ ဆုံးရှုံးမှုအတွက် စာနာစကား ပြောကြားခဲ့ပါတယ်။ ဂဲလ်မီရာအပြင် အမိမြေကို ကာကွယ်ဖို့ ကြိုးစားရင်း ကျဆုံးခဲ့တဲ့ စစ်သည် အားလုံးကို ဘုရားသခင် ကောင်းချီးပေးမယ်လို့ ယုံကြည်ကြောင်း၊ သူတို့ရဲ့ နာမည်ကို အစဉ်သတိရရင်း အစ္စရေးဟာ စစ်ရေးမစ်ရှင်တွေကို ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုကလည်း ဝမ်းနည်းကြောင်း သတင်းစကားကို အိုင်ဆန်ကော့ မိသားစုဆီ ပေးပို့ခဲ့ပါတယ်။ အစ္စရေး စစ်သူရဲကောင်းတွေရဲ့ ကျဆုံးမှုဟာ အလဟဿ မဖြစ်စေဖို့ ကတိပြုကြောင်း၊ အစ္စရေးဟာ စစ်ပွဲ အောင်နိုင်တဲ့ထိ ဆက်လက် တိုက်ခိုက်သွားမှာဖြစ်ကြောင်း နေတန်ညာဟုက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

အောက်တိုဘာ ၇ ရက်မှာ စတင်တဲ့ ဂါဇာ စစ်ပွဲတွေအတွင်း အခုဆိုရင် IDFမှာ အကျအဆုံး ၈၈ ဦးထိ ရှိလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။