Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ဒုတိယ စစ်ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းတွေကို အတည်ပြုနိုင်ဖို့ အစ္စရေး ကြိုးစားနေ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

ဟားမားစ် ဒုတိယ စစ်ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းတွေကို အတည်ပြုနိုင်ဖို့ အစ္စရေး ကြိုးစားနေ
ဟားမားစ် ဒုတိယ စစ်ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ကြောင်း သတင်းတွေကို အတည်ပြုနိုင်ဖို့ အစ္စရေး ကြိုးစားနေ

ဂါဇာ ကမ်းမြှောင်ဒေသမှာ ဟားမားစ်တွေရဲ့ ဒုတိယ စစ်ဦးစီးချုပ်ကို ရှင်းလင်းပစ်နိုင်ခဲ့ကြောင်း သတင်းတွေကို အတည်ပြုနိုင်ဖို့ အစ္စရေး စစ်တပ်က ကြိုးစားနေပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ဟားမားစ်ရဲ့ လက်နက်ကိုင် ယူနစ်ဖြစ်တဲ့ အစ်ဇ်အယ်လ်ဒင်း အယ်လ်ကာဆမ် တပ်ဖွဲ့ ဒုတိယ ခေါင်းဆောင် မာဝမ် အစ်ဆမ် သေဆုံးသွားကြောင်း သတင်းတွေကို အတည်ပြုဖို့ ကြိုးစားနေတယ်လို့ အစ္စရေး စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ရင်းမြစ်တွေက မတ်လ ၁၁ ရက်နေ့မှာ ပြောပါတယ်။

ထောက်လှမ်းရေး သတင်းတွေအရ အစ္စရေး လေတပ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂါဇာ အလယ်ပိုင်း၊ အယ်လ်ညူဆိုင်ရက် စစ်ရှောင်စခန်းထဲက အစ်ဆာ ပုန်းခိုနေတယ်လို့ သဘောပေါက်ထားတဲ့ နေရာကို တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အစ္စရေး စစ်တပ် ရေဒီယိုက ထုတ်ပြန် ဖော်ပြသွားပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း အစ်ဆာ အပါအဝင် လူ ၅ ဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ အစ္စရေး စစ်တပ်ရော၊ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကပါ အစ်ဆာ သေဆုံးမှု သတင်းတွေနဲ့ ပတ်သက်ရင် ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။

အစ္စရေး စစ်တပ်က ပြီးခဲ့တဲ့ သီတင်းပတ်ကုန်၊ ဂါဇာ အလယ်ပိုင်းမှာ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့တာကို အတည်ပြုထားပေမယ့်လည်း အယ်လ်ညူဆိုင်ရက် စစ်ရှောင်စခန်းနဲ့ အစ်ဆာကို ပစ်မှတ်ထားခဲ့တယ် ဆိုတာတွေကိုတော့ ထည့်မပြောခဲ့ပါဘူး။

အစ်ဆာဟာ အစ္စရေးရဲ့ အလိုအရှိဆုံး ရန်သူတော်တွေ စာရင်းထဲမှာ ပါဝင်နေပြီး အောက်တိုဘာ ၇ ရက်နေ့က အစ္စရေး မြို့ရွာတွေကို ဟားမားစ်တွေက ကျူးကျော်ခဲ့တဲ့ အလစ်အငိုက် စီးနင်းမှုတွေမှာ ဟားမားစ်ရဲ့ စစ်ခေါင်းဆောင် မိုဟာမက် ဒီဖ်၊ ဟားမားစ်ရဲ့ ဂါဇာဆိုင်ရာခေါင်းဆောင် ယာဟရာ ဆင်ဝါတို့နဲ့အတူ အဓိက ဦးဆောင်ခဲ့တယ်လို့ သတ်မှတ် ခံထားရပါတယ်။

မွတ်ဆလင် ဥပုသ်ကာလဖြစ်တဲ့ ရာမာဒန် လအတွင်း ဂါဇာမှာ အပစ်အခတ် ရပ်စဲထားနိုင်ရေး နိုင်ငံတကာ ကြားဝင် ညှိနှိုင်းမှုတွေ ရှိနေပေမယ့်လည်း လက်တွေ့ သဘောတူညီမှုတွေ မရသေးဘဲ ဖြစ်နေပါတယ်။ တကယ်လို့ ဟားမားစ်ရဲ့ ထိပ်သီး ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ အစ်ဆာသာ အစ္စရေး လက်ချက်နဲ့ သေဆုံးခဲ့တဲ့ သတင်း မှန်ကန်ခဲ့ရင်တော့ အပစ်ရပ် စေ့စပ် ဆွေးနွေးမှုတွေဟာ ပိုမိုရှုပ်ထွေး ခက်ခဲလာမယ့် အဓိပ္ပါယ်လို့လည်း ယူဆနိုင်ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရန်သူတော် ဟားမားစ်တပ်ဖွဲ့ရဲ့ အောက်ခြေအဆင့် စစ်သားတွေကို ခန့်မှန်းရာမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို အသုံးပြုပြီး ဆုံးဖြတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို အစ္စရေးစစ်တပ်က အပြင်းအထန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရေဘေးလာရောက်ကြည့်ရှု့ခဲ့တဲ့ ဟင်္သာတမြို့နယ်က လဟာပကျေးရွာဟာ ဒီနေ့သြဂုတ် ၁၇ရက် ညပိုင်းမှာ ရေတွေရုတ်တရက်ဝင်ရောက်လာလို့ လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

Facebook