Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံကတဆင့် ထောက်ပံ့ရေး ပစ္စည်းတွေ အမေရိကန်စစ်တပ် ပထမဆုံး ပို့ဆောင်

ဗြိတိန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြေကို လုံးဝမနင်းဘဲ ကမ်းခြေထိ ထောက်ပံ့ရေး ပစ္စည်းတွေ လွှဲပြောင်း ပို့ဆောင်ပေးနေတဲ့ အမေရိကန် စစ်တပ်ရဲ့ မစ်ရှင်မှာ ပူးပေါင်း ကူညီပေးနေပါတယ်။

ဂါဇာမှာ တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံကတဆင့် ထောက်ပံ့ရေး ပစ္စည်းတွေ အမေရိကန်စစ်တပ် ပထမဆုံး ပို့ဆောင်
ဂါဇာမှာ တည်ဆောက်ထားတဲ့ ယာယီဆိပ်ခံကတဆင့် ထောက်ပံ့ရေး ပစ္စည်းတွေ အမေရိကန်စစ်တပ် ပထမဆုံး ပို့ဆောင်

ကမ်းလွန်ရေပြင်မှာ တည်ဆောက်ထားတဲ့ ယာယီ ဆိပ်ခံကနေတဆင့် ဂါဇာကို ပထမဆုံးအသုတ် လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့နိုင်ခဲ့ကြောင်း အမေရိကန် စစ်တပ်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် စစ်အင်ဂျင်နီယာတွေဟာ ဂါဇာကမ်းလွန် ရေပြင်မှာ ပေါလောမျော ယာယီ ဆိပ်ခံတခုကို တည်ဆောက်ထားပြီး အဲဒီကနေတဆင့် ထောက်ပံ့ရေး သင်္ဘောတွေကို ဆိုက်ကပ်စေပြီး ဂါဇာကို ထပ်ဆင့် တင်ပို့ပေးနေတာ ဖြစ်ပါတယ်။

မေလ ၁၇ ရက်နေ့က ပထမဆုံးအသုတ် လူသားချင်း စာနာမှု အကူအညီတွေအဖြစ် ပလတ်စတစ် ယာယီ ရွက်ဖျင်တဲ ၈၄၀၀ ကို အဲဒီ ဆိပ်ခံကနေတဆင့် ဂါဇာက စစ်ရှောင်တွေဆီ အောင်အောင်မြင်မြင် ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်နေတဲ့ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ်က ဆိုပါတယ်။

ဒါ့အပြင် တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်တွေနဲ့ တခြားပစ္စည်းတွေလည်း ဂါဇာကို ဆက်တိုက် ရောက်ရှိလာမယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဂါဇာမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေအတွက် ရေလမ်းတစ်ခုတည်းကို အားကိုးရခြင်းဟာ အထိရောက်ဆုံး အဖြေတော့ မဟုတ်သေးဘူးလို့ ဆူနက်ခ်က မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗြိတိန် တပ်ဖွဲ့ဝင်တွေဟာ ဂါဇာမြေကို လုံးဝမနင်းဘဲ ကမ်းခြေထိ ထောက်ပံ့ရေး ပစ္စည်းတွေ လွှဲပြောင်း ပို့ဆောင်ပေးနေတဲ့ အမေရိကန် စစ်တပ်ရဲ့ မစ်ရှင်မှာ ပူးပေါင်း ကူညီပေးနေပါတယ်။

ပထမဆုံးအသုတ် လူသားချင်း စာနာမှု အထောက်အပံ့တွေကတော့ ဆိုက်ပရပ်စ်ကနေ ရောက်ရှိလာတာလို့ အမေရိကန် အမျိုးသား လုံခြုံရေး ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။ ကုန်ပစ္စည်းတွေကို အစ္စရေး အာဏာပိုင်တွေက စစ်ဆေး ခွင့်ပြုထားတဲ့နောက် သတ်မှတ်ထားတဲ့ စင်္ကြံရေလမ်းကြောင်းကနေတဆင့် ဂါဇာကို ပို့ဆောင်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ပထမဆုံးအသုတ် ပို့ဆောင်မှုမှာတော့ ထရပ်ကား အစီး ၉၀ စာလောက် လူသားချင်း စာနာမှု အကူအညီတွေဟာ ဂါဇာပိုင်နက်ထဲထိ အောင်အောင်မြင်မြင် ရောက်ရှိသွားနိုင်ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

Facebook