Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းကို လက်နက် မထောက်ပံ့ဖို့ တောင်ကိုရီးယားကို ပူတင် သတိပေး

ပူတင်ဟာ အရင်ကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေအပေါ် ရန်လိုတဲ့ တခြားနိုင်ငံ တချို့ဆီ ရုရှားလက်နက်တွေ ထောက်ပံ့တာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ယူကရိန်းကို လက်နက် မထောက်ပံ့ဖို့ တောင်ကိုရီးယားကို ပူတင် သတိပေး
ယူကရိန်းကို လက်နက် မထောက်ပံ့ဖို့ တောင်ကိုရီးယားကို ပူတင် သတိပေး

ယူကရိန်းကို လက်နက်ထောက်ပံ့ တပ်ဆင်ပေးတာမျိုး လုံးဝ မလုပ်ဖို့ တောင်ကိုရီးယားကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သတိပေး ပြောကြားလိုက်ပါတယ်။

၂၄ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံး သွားရောက်တဲ့ ခရီးစဉ်မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့အတူ နှစ်နိုင်ငံ ကာကွယ်ရေး စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးပြီးတဲ့နောက် မကြာခင်မှာ ပူတင်က အခုလို ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ ရုရှားရဲ့ ရန်သူဖြစ်တဲ့ ယူကရိန်းကို လက်နက် တပ်ဆင်ပေးတာတွေ လုပ်လာမယ်ဆိုရင် လက်ရှိ တောင်ကိုရီးယား ခေါင်းဆောင်တွေ မပျော်ရွှင်နိုင်လောက်မယ့် ဆုံးဖြတ်ချက်မျိုးတွေကို ရုရှားဖက်ကလည်း ချမှတ်ရလိမ့်မယ်လို့ ပူတင်က ဗီယက်နမ်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ သူဟာ မြောက်ကိုရီးယား ခရီးစဉ်အပြီး ဗီယက်နမ်ကို ဆက်လက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ပူတင်က တကယ်လို့သာ အမေရိကန်နဲ့ မဟာမိတ်တွေက ယူကရိန်းအပေါ် လက်နက် ထောက်ပံ့မှုတွေ မရပ်ဘူးဆိုရင် ရုရှားကလည်း မြောက်ကိုရီးယားကို လက်နက်တွေ တပ်ဆင်ပေးဖို့ စဉ်းစားမယ်လို့ သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းကို လက်နက် ထောက်ပံ့ပေးနေပြီး ရုရှားနဲ့ တိုက်ရိုက် စစ်ဖြစ်နေတာ မဟုတ်ဘူးလို့ ပေါ့ပေါ့လေး တွေးဆနေသူတွေကို ပြောချင်တာက ရုရှားဟာ မြောက်ကိုရီးယား အပါအဝင် ကမ္ဘာအနှံ့က ဘယ်နိုင်ငံကိုမဆို လက်နက်တွေ ပံ့ပိုးခွင့် ရှိတယ်ဆိုတာ ဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

ပူတင်ဟာ အရင်ကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေအပေါ် ရန်လိုတဲ့ တခြားနိုင်ငံ တချို့ဆီ ရုရှားလက်နက်တွေ ထောက်ပံ့တာမျိုး ရှိလာနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ချန်ဟိုဂျင်က ယူကရိန်းဆီ လက်နက် ထောက်ပံ့ရေး အမေရိကန်ရဲ့ တိုက်တွန်း တောင်းဆိုမှုကို ပြန်လည် စဉ်းစားမှာ ဖြစ်သလို ဖြစ်နိုင်ခြေ ရွေးချယ်မှုတွေကိုလည်း လေ့လာသွားမယ်လို့ ပြောကြားခဲ့တဲ့နောက် ပူတင်က အခုလို တင်းတင်းမာမာ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတောအတွင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနဟာ ရုရှား-မြောက်ကိုရီးယား လုံခြုံရေးစာချုပ် ချုပ်ဆိုမှုနဲ့ ပတ်သက်လို့ ရုရှားသံအမတ်ကို ဆင့်ခေါ်ပြီး တရားဝင် ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။