Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း

အစ္စရေး စစ်တပ်ကတော့ အစိုးရ ဖွဲ့စည်းပုံ အပြောင်းအလဲဟာ လက်ရှိ ဆင်နွှဲနေတဲ့ ဂါဇာထိုးစစ်ရဲ့ အစီအမံတွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း
⁨စစ်ပွဲကာလ အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဖျက်သိမ်း

စစ်ပွဲကာလ အရေးပေါ် အစိုးရအဖွဲ့ကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဖျက်သိမ်းလိုက်ပါတယ်။

ဂါဇာ စစ်ပွဲ အစောပိုင်း ကာလတွေတုန်းက နေတန်ညာဟုဟာ ပုံမှန် အစိုးရ အဖွဲ့အစား စစ်ပွဲကို အဓိက အာရုံစိုက် ကြီးကြပ်နိုင်ဖို့အတွက် ၆ ဦးပါ စစ်ကာလ အစိုးရကို ဖွဲ့စည်းခဲ့တာပါ။ အဲဒီ စစ်ကာလ အစိုးရ အဖွဲ့ထဲမှာ အတိုက်အခံ ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါပေမဲ့ လဆန်းပိုင်းလောက်တုန်းက နေတန်ညာဟု ဦးဆောင်တဲ့ စစ်ကာလ အစိုးရဟာ ဂါဇာစစ်ပွဲအတွက် တိကျပြတ်သားတဲ့ မူဝါဒမျိုး မရှိဘူးဆိုပြီး အတိုက်အခံ ခေါင်းဆောင် ဘင်နီဂန့်ဇ်နဲ့ အရင်းနှီးဆုံး မဟာမိတ် ဂါဒီအိုင်ဆန်ကော့တို့က အသီးသီး နုတ်ထွက်သွားခဲ့ပါတယ်။ အဲဒီ အခြေအနေ အပြီးမှာတော့ စစ်ပွဲကာလ အစိုးရ ပြိုကွဲနိုင်ခြေရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပါတယ်။

တချို့ကလည်း နုတ်ထွက်သွားသူတွေ နေရာမှာ လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေနဲ့ အစားထိုး ခန့်အပ်သင့်ကြောင်း အကြံပြုခဲ့ပေမယ့် နေတန်ညာဟုကတော့ စစ်ကာလ အစိုးရကို ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ကြောင်းပဲ အသိပေး ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် အုပ်ချုပ်ရေး ယန္တရားနဲ့ စစ်ရေး အစီအမံတွေကို စစ်ပွဲကာလ မတိုင်ခင်က ဖွဲ့စည်းထားတဲ့ အစိုးရကပဲ ဆက်လက် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရေး သုတေသီ တချို့ကတော့ စစ်ကာလ အစိုးရကို ဖျက်သိမ်းလိုက်ခြင်းဟာ နေတန်ညာဟု အနေနဲ့ ရှုပ်ထွေးတဲ့ အခြေအနေတွေ ကြိုတင် ရှောင်တိမ်းလိုက်တဲ့ သဘောမျိုး ဖြစ်တဲ့တိုင် စစ်ပွဲနဲ့ ပတ်သက်လို့ မူဝါဒရေးရာ ရွေးချယ် ချမှတ်မှုတွေမှာ အားလျော့သွားနိုင်ခြေ ရှိတယ်လို့ ထောက်ပြကြပါတယ်။

ဒါပေမဲ့ အစ္စရေး စစ်တပ်ကတော့ အစိုးရ ဖွဲ့စည်းပုံ အပြောင်းအလဲဟာ လက်ရှိ ဆင်နွှဲနေတဲ့ ဂါဇာထိုးစစ်ရဲ့ အစီအမံတွေကို ထိခိုက်စရာ အကြောင်းမရှိဘူးလို့ မှတ်ချက် ပေးထားပါတယ်။

ဟားမားစ်နဲ့ အစ္စလာမ်မစ်ဂျီဟတ် ပြောက်ကျားအဖွဲ့တွေက အောက်တိုဘာ ၇ ရက်နေ့မှာ အစ္စရေးနယ်စပ်ကို ဖြတ်သန်း ကျူးကျော်ပြီး အစ္စရေး မြို့ရွာတွေကို တိုက်ခိုက်ခဲ့ရာက ဂါဇာစစ်ပွဲ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးဖက်ကလည်း ကြမ်းတမ်းတဲ့ တုံ့ပြန်မှုတွေနဲ့ ပါလက်စတိုင်း ပြောက်ကျားတွေကို တုံ့ပြန်ခဲ့ပြီး ဂါဇာမှာ အရပ်သား အများအပြား အပါအဝင် အသေအပျောက် ၃၈၀၀၀ နီးပါးထိ များပြားခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Guardian⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အဖွဲ့ရဲ့ လက်နက်ဖျက်သိမ်းရေး သဘောတူညီမှုကို လက်တွေ့ အကောင်အထည် မဖော်ခင် အစ္စရေးဖက်က အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကြိုတင်ထားရှိတဲ့ ကတိတွေကို တည်ပြဖို့ လိုလိမ့်မယ်လို့ ဟားမားစ် ပြောက်ကျားအဖွဲ့က သတိပေး ပြောကြားလိုက်ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။