Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေးရည်မှန်းချက်တွေ မအောင်မြင်မချင်း ဂါဇာထိုးစစ်ကို မရပ်ဘူးလို့ အစ္စရေးပြော

အကျိုးဆက်ကတော့ လုံခြုံရေး ကောင်စီဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးအတွက် အစ္စရေးရော၊ ဟားမားစ်ကိုပါ ပိုပြီး ထဲထဲဝင်ဝင် ဖိအားပေး တောင်းဆိုခွင့် ရှိလာမှာ ဖြစ်ပါတယ်။

စစ်ရေးရည်မှန်းချက်တွေ မအောင်မြင်မချင်း ဂါဇာထိုးစစ်ကို မရပ်ဘူးလို့ အစ္စရေးပြော
စစ်ရေးရည်မှန်းချက်တွေ မအောင်မြင်မချင်း ဂါဇာထိုးစစ်ကို မရပ်ဘူးလို့ အစ္စရေးပြော

ဂါဇာက ထိုးစစ်တွေကို စစ်ရေးရည်မှန်းချက်အားလုံး အောင်မြင် ပြီးဆုံးချိန်ထိ ဆက်လက် လုပ်ဆောင်သွားမယ်လို့ အစ္စရေးက ပြောကြားလိုက်ပါတယ်။

၈ လ ကြာမြင့်လာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲကို အဆုံးသတ်စေဖို့အတွက် အမေရိကန် အစိုးရက ရေးဆွဲထားတဲ့ အပစ်အခတ် ရပ်စဲရေး အဆိုတစ်ရပ်ကို ကုလသမဂ္ဂရဲ့ လုံခြုံရေး ကောင်စီက တခဲနက် ထောက်ခံမဲပေးခဲ့ပြီး နာရီပိုင်း အကြာမှာ အစ္စရေးဖက်က အခုလို တုံ့ပြန်လာတာ ဖြစ်ပါတယ်။

အစ္စရေးက ယာယီ အပစ်အခတ် ရပ်စဲရေး ဖြစ်နိုင်ခြေကို အတိအလင်း မငြင်းဆိုပေမယ့် စစ်ပွဲကို လုံးဝ ရပ်တန့်စေမှာတော့ မဟုတ်ဘူးလို့ သဘောထား ထုတ်ပြန်သွားခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ အစ္စရေး ကိုယ်စားလှယ် ရူးတ်ရှာပင် ဘန် နက်ဖ်တာလီက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အစ္စရေးရဲ့ မပြောင်းလဲတဲ့ ရပ်တည်ချက်ကို ထပ်မံ အတည်ပြု ပြောကြားသွားပါတယ်။

ဂါဇာဟာ အနာဂတ်မှာ အစ္စရေးအတွက် ခြိမ်းခြောက်မှု လုံးဝ မရှိတော့ဘူးဆိုတာ သေချာတဲ့ထိ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ဆက်လက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ နက်ဖ်တာလီက ဆိုပါတယ်။ တစ်နည်းအားဖြင့် ဟားမားစ် ပြောက်ကျားတွေရဲ့ စစ်ဆင်ရေး စွမ်းရည် လုံးဝ ချုပ်ငြိမ်းပြီး ပြိုကွဲသွားတဲ့ထိ အစ္စရေးက ဆက်လက် တိုက်ခိုက်မှာဖြစ်ကြောင်း သူက ပြောပါတယ်။ နက်ဖ်တာလီက ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့ဟာ ဖြစ်မြောက်မှု မရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတွေကို အကြိမ်ကြိမ် ဆွေးနွေးရင်း အချိန်ဆွဲနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၀ ရက်နေ့က လုံခြုံရေးကောင်စီမှာ တင်ပြတဲ့ အပစ်အခတ် ရပ်စဲရေးမူကို ရုရှားက ကြားနေခဲ့ပြီး ကျန်တဲ့ အဖွဲ့ဝင် ၁၄ နိုင်ငံစလုံးက ထောက်ခံခဲ့ပါတယ်။ အစ္စရေးဟာ လောလောဆယ် လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံ မဟုတ်တာကြောင့် မဲပေးခွင့် မရခဲ့ပါဘူး။ အခုသဘောတူညီမှုဟာ ဂါဇာ စစ်ပွဲ ရပ်ဆိုင်းစေဖို့ ဦးတည်တဲ့ အလားတူ အားထုတ်မှုတွေမှာ ပထမဆုံးအကြိမ် အောင်မြင်မှု ရလာတာလည်း ဖြစ်ပါတယ်။

အကျိုးဆက်ကတော့ လုံခြုံရေး ကောင်စီဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေနဲ့ ပူးပေါင်းပြီး ဂါဇာမှာ အပစ်အခတ် ရပ်စဲရေးအတွက် အစ္စရေးရော၊ ဟားမားစ်ကိုပါ ပိုပြီး ထဲထဲဝင်ဝင် ဖိအားပေး တောင်းဆိုခွင့် ရှိလာမှာ ဖြစ်ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လိုက်လျော လက်ခံဖို့ မဟာမိတ် အမေရိကန် အစိုးရရဲ့ အပြင်းအထန် တောင်းဆိုမှုကို ခံနေရတဲ့တိုင် ဂါဇာမှာ ဟားမားစ်ရဲ့အင်အား လုံးဝ ပျက်သုဉ်းသွားတဲ့ထိ စစ်ဆင်ရေးတွေ ဆက်လက် ဆောင်ရွက်မယ်လို့ အစဉ်တစိုက် ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ စစ်ဒဏ်ခံ အဆောက်အအုံတစ်ခု ပြိုကျလို့ ကလေးတွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးနဲ့ မိသားစုဝင်တွေ လိုက်ပါလာတဲ့ မော်တော်ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို ၂ နှစ်ကျော် ကြာမြင့်ပြီးတော့မှ အစ္စရေး စစ်တပ် (IDF)က ပထမဆုံးအကြိမ် ဝန်ခံခဲ့ပါတယ်။