Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျိုးဘိုင်ဒန် ​သမ္မတ​ရွေး​ကောက်ပွဲဝင်မပြိုင်​တော့

အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အ​မေရီကန်သမ္မတ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်​တော့မှာမဟုတ်ဘူးလို့ သူရဲ့​ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။

-People’s Spring

အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အ​မေရီကန်သမ္မတ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်​တော့မှာမဟုတ်ဘူးလို့ သူရဲ့​ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။

ဒီမိုကရက် ပါတီဝင်တွေကြားမှာ​တောင် ဘိုင်ဒန်ရဲ့ အသက်အရွယ်၊ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုတွေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီး နိုဝင်ဘာ ၅ ရက်နေ့ ရွေးကောက်ပွဲမှာ ဘိုင်ဒန်နုတ်ထွက်ပြီး ဒုတိယ သမ္မတ ကာမာလာ ဟားရစ်ကို အစားထိုး ယှဉ်ပြိုင်ဖို့ တောင်းဆိုသူတွေ ပိုများလာနေပါတယ်။ ဒါပေမဲ့လည်း ဘိုင်ဒန်ကတော့ အဲဒီ စိုးရိမ်မှုတွေကို တ​လျှောက်လုံးခေါင်းမာမာနဲ့ ငြင်းဆိုပြီး သူ့ရဲ့ ဆုံးဖြတ် ရွေးချယ်မှုက အရမ်းရှင်းလင်း​ကြောင်း၊ အားလုံး တစ်သား

Public Service Announcement

Public Service Announcement

တည်း အတူ စုစည်းနေမယ်ဆိုရင် ရွေးကောက်ပွဲမှာ မနိုင်စရာ အကြောင်းမရှိကြောင်း အ​စောပိုင်းကတုံ့ပြန်ခဲ့တာပါ။ဒါ​ပေမယ် အ​မေရီကန်သမ္မတရဲ့ ဇူလိုင် ၂၁ ရက်​နေ့မှာအ​မေရီကန်ပြည်သူ​တွေကို ရည်ညွန်း​ရေးထားတဲ့စာမှာ ​ရွေး​ကောက်ပွဲဝင်မပြိုင်​တော့ဘူးလို့ ​ကြေညာလိုက်တာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း သမ္မတဟောင်း ဘာရတ်အိုဘားမားနဲ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း နန်စီ ပလော့စီတို့လို အထင်ကရ ဒီမိုကရက် ပါတီဝင်တွေကပါ လူထုအမြင် စစ်တမ်းတွေအရ အသက် ၈၂ နှစ်အရွယ်ဘိုင်ဒန်ဟာ ရွေးကောက်ပွဲမှာ အဓိကပြိုင်ဘက် ဒေါ်နယ်လ်ထရမ့်ကို နိုင်ခြေ လုံးဝမရှိကြောင်း သတိပေးခဲ့ကြတယ်လို့ ပါတီတွင်း သတင်းရင်းမြစ်တွေက ပြောကြားထားပါတယ်။ ဒါ​ကြောင့် ရီပတ်ဘ​လစ်ကန်ပါတီ သမ္မတ​လောင်း ထရန့်နိုင်ဖို့ အပြတ်အသတ်​ရေးပန်းစား​နေချိန်မှာ ဘိုင်ဒန်ဟာ အခုလို ​ရွေး​ကောက်ပွဲဝင်မပြိုင်​တော့ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အ​မေရီကန်လက်ရှိသမ္မတက​နောက်သက်တမ်းအတွက် ​ရွေး​ကောက်ပွဲဝင်မပြိုင်​တာဟာ အ​မေရီကန်သမိုင်းမှာ ဆယ်စုနှစ်များစွာအတွင်းပထမဆုံးအကြိမ်ဖြစ်တယ်လို့ CNN က​ဖော်ပြပါတယ်။ ဘိုင်ဒန် ​ရွေး​ကောက်ပွဲ မပြိုင်​တော့တာ​ကြောင့် ဒီမိုကရက်တစ်ပါတီသမ္မတ​လောင်း အဖြစ် နိုဝင်ဘာ​ရွေး​ကောက်ပွဲကို ဘယ်သူ့ကို အစားထိုးယှဥ်ပြိုင်​စေမလဲဆိုတာ​တော့ မသိရ​သေးပါဘူး။

ဘိုင်ဒန်ရဲ့စာထဲမှာ ဒုတိယသမ္မတ ကာမာလာ ဟားရစ်ရဲ့စွမ်း​ဆောင်မှု​တွေကို ချီးကျူးထားပါတယ်။ ဘိုင်ဒန်အစား ကာမာလာ ဟားရစ် ​ရွေး​ကောင်ပွဲဝင်ပြိုင်ရင် အနိုင်ယူဖို့ ပို​တောင်လွယ်မယ်လို့ ထရန့်က CNN ကို​ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အာကာသထဲမှာ လက်နက် တပ်ဆင်ထားကြောင်း အမေရိကန် စစ်တပ်က ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၉ ရက်နေ့တုန်းက ဆိုးလ်မြို့တော်ရဲ့ အမေရိကန် သံရုံးနားမှာ ပြည်သူတချို့ စုဝေးပြီး အီရန်စစ်ပွဲမှာ ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ပါတယ်။ အီရန်စစ်ပွဲ ဆိုတာက အမေရိကန်ရဲ့ တစ်ဖက်သတ် ဆုံးဖြတ်တဲ့ ကိစ္စဖြစ်ပြီး တောင်ကိုရီးယား အနေနဲ့ ဓားခုတ်ရာ လက်လျှိုသလို...

Facebook