Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း အရှေ့ပိုင်းက မဟာဗျူဟာကျတဲ့ မြို့ငယ်တစ်ခုကို သိမ်းယူခဲ့ကြောင်း ရုရှားကြေညာ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အရေးပါတဲ့ မြို့ငယ်တစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ရုရှား စစ်တပ်က ကြေညာခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက မဟာဗျူဟာအရ အရေးပါတဲ့ မြို့ငယ်တစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ရုရှား စစ်တပ်က ကြေညာခဲ့ပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာ ရှိနေတဲ့ လူဦးရေ ထူထပ်ရာ မြို့ကြီးတွေဆီ ရှေ့တိုး ချီတက်ဖို့ ကြိုးစားနေရင်း ညူယော့ခ်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူကရိန်းဖက်ကတော့ ညူယော့ခ်ကို လက်လွှတ်လိုက်ရကြောင်း အတည်မပြုသေးဘဲ ယူကရိန်း ကာကွယ်ရေး တပ်တွေဟာ အစွမ်းကုန် ခုခံနေဆဲလို့သာ ပြောကြားထားပါတယ်။

ညူယော့ခ်ဟာ မြို့သေးသေးလေးသာ ဖြစ်ပေမယ့်လည်း ဒွန်းညက်စ်ခ်မှာရှိတဲ့ အချက်အခြာကျတဲ့ တိုရက်ခ်နဲ့ ပေါ့ခ်ရော့ဗ်စ် မြို့တွေဆီ ချီတက်ရာ အရေးပါတဲ့ မဟာဗျူဟာ လမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

ယူကရိန်းဟာ လတ်တလောမှာ ရုရှားပိုင်နက်ဖြစ်တဲ့ ကာ့စ်ခ်ဒေသထဲထိ ထိုးဖောက် ဝင်ရောက်ပြီး စစ်ဆင်ရေးတွေ ဆင်နွှဲနေတာဟာ နိုင်ငံအရှေ့ပိုင်း နယ်မြေတွေကို ဖိအားပေးလာတဲ့ ရုရှားထိုးစစ်ကို အာရုံလွှဲဖို့ ဖြစ်နိုင်ပေမယ့် ရုရှားကတော့ ဒွန်းညက်စ်ခ်က စစ်ရေးလှုပ်ရှားမှုတွေကို အရှိန်မလျှော့သေးပါဘူး။

ယူကရိန်း စစ်ဦးစီးချုပ် အိုလက်ခ်ဇန္ဒာ ဆာစကီက ယူကရိန်း တပ်တွေဟာ ကာ့စ်ခ်ဒေသထဲမှာ ရုရှားကျေးရွာနဲ့ မြို့ငယ် စုစုပေါင်း ၉၃ ခုကို ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နိုင်ငံအရှေ့ပိုင်းမှာ ကြုံတွေ့နေရတဲ့ စစ်ရေး အခြေအနေတွေဟာ ခက်ခဲ ကြမ်းတမ်းနေဆဲ ဖြစ်တယ်လို့ ဝန်ခံထားပါတယ်။ ဒါပေမဲ့ ယူကရိန်း ကာကွယ်ရေး တပ်တွေဟာ ကျူးကျော်သူ ရုရှားတပ်တွေကို တန်ပြန် ချေမှုန်းဖို့ အစွမ်းရှိသမျှ အားထုတ်နေတယ်လို့ သူက ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားတပ်တွေဟာ ညူယော့ခ်နား တဝိုက်က ယူကရိန်း တပ်အင်အား အကြွင်းအကျန်တွေကို လိုက်လံ ရှင်းလင်းနေကြောင်း၊ ထောက်ပံ့ပို့ဆောင်ရေး လမ်းကြောင်းမှာ အထူးတလည် အရေးပါတဲ့ အဲဒီ မြို့ဟာ ရုရှား ထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါတယ်။

ညူယော့ခ်ဟာ သတ္တုတွင်းလုပ်ငန်း ထွန်းကားတဲ့ တိုရက်စ်ခ်မြို့ရဲ့ တောင်ဖက် သိပ်မဝေးလှတဲ့ နေရာမှာ တည်ရှိနေပါတယ်။ ရုရှား တပ်တွေက ညူယော့ခ်နားမှာရှိတဲ့ ဇာလစ်ဇ်နီ မြို့လေးကိုလည်း သိမ်းပိုက်ခဲ့ပြီး ဖြစ်တယ်လို့ အခုသီတင်းပတ် အစောပိုင်းမှာ ကြေညာခဲ့ပါသေးတယ်။ ဒါပေမဲ့ ညူယော့ခ်မှာနည်းတူ ဇာလစ်ဇ်နီမှာလည်း ရုရှားထိုးစစ်ကို ကြံ့ကြံ့ခံ တွန်းလှန်နေဆဲ ဖြစ်တယ်လို့ ယူကရိန်းက တုံ့ပြန်ထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။