Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အတွက် ဟားမားစ် ခေါင်းဆောင်သစ် အပါအဝင် ၆ ဦးကို အမေရိကန်က စွဲချက်တင်

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

အစ္စရေးကို ရန်လို တိုက်ခိုက်ခဲ့မှုအတွက် ဟားမားစ် ပြောက်ကျားအဖွဲ့ ခေါင်းဆောင်သစ် ဖြစ်လာသူ ယာဟ်ယာ ဆင်ဝါကို အမေရိကန်က စွဲချက်တင်လိုက်ပါတယ်။

မနှစ်က အောက်တိုဘာ ၇ ရက်နေ့တုန်းက ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး အစ္စရေးတောင်ပိုင်း မြို့ရွာတွေကို အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုမှာ အစ္စရေး ၁၂၀၀ လောက် သေဆုံးခဲ့ပြီး ၂၅၀ လောက်ဟာ ဓားစာခံအဖြစ် ဂါဇာ ကမ်းမြှောင်ဒေသထဲ ဖမ်းဆီးသွားခြင်း ခံခဲ့ရပါတယ်။

ဟားမားစ်တွေရဲ့ အဲဒီ ကျူးကျော်မှုကို အစ္စရေးက ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ရာက လက်ရှိ ဂါဇာစစ်ပွဲ အစပြုလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းဟာ ဆင်ဝါဟာ ဂါဇာ အခြေစိုက် ဟားမားစ် အဖွဲ့ခွဲရဲ့ စစ်ရေး ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး အစ္စရေးကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးကို အဓိက ဦးဆောင်ခဲ့သူလို့ ယုံကြည်ရပါတယ်။ အခုအခါမှာတော့ သူဟာ ဟားမားစ် အဖွဲ့အစည်း တစ်ခုလုံးရဲ့ ခေါင်းဆောင် နေရာမှာ တင်မြှောက် ခံထားရပြီး ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ တရားရေး ဝန်ကြီးဌာနဟာ ဆင်ဝါ အပါအဝင် ဟားမားစ် အဖွဲ့ဝင် ၆ ဦးကို စွဲချက် ၇ ခုနဲ့ စွပ်စွဲထားလိုက်တာ ဖြစ်ပါတယ်။ တခြား စွဲချက်တင်ခံရသူတွေထဲမှာ ဇူလိုင်လကုန်က လုပ်ကြံမှု တစ်ခုအတွင်း သေဆုံးသွားခဲ့တဲ့ အရင် ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာနဲ့ တခြား ဟားမားစ်ရဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။

ဒါဟာ အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဟားမားစ်တွေအပေါ် အမေရိကန် တရားစီရင်ရေး ကဏ္ဍက ပထမဆုံးအကြိမ် ကြားဝင် ကိုင်တွယ်ခြင်းလည်း ဖြစ်ပါတယ်။ ဆင်ဝါဟာ လောလောဆယ် ဂါဇာ ကမ်းမြှောင်ဒေသ တစ်နေရာရာက မြေအောက် ဥမင်တွေထဲမှာ ပုန်းအောင်းနေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန် ရှေ့နေချုပ် မားရစ်ခ် ဂါလန်က ပြောပါတယ်။

ဆင်ဝါ အပါအဝင် စွဲချက်တင် ခံထားရသူတွေဟာ အစ္စရေးကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနဲ့အတူ အမေရိကန် နိုင်ငံသားတွေကိုပါ တိုက်ရိုက်ကျကျ ခြိမ်းခြောက်မှု၊ သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း၊ အဲဒီ အစုအဖွဲ့ဟာ လက်ရှိ အချိန်ထိလည်း အမေရိကန်ကို ရန်လိုပြီး အန္တရာယ်ပေးဖို့ အချိန်ပြည့် ကြိုးစားနေကြောင်း ဂါလန်က ဆိုပါတယ်။

အဲဒီ စွဲချက်တင်ခံရသူတွေဟာ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကိုပါ မချန်ဘဲ သတ်ဖြတ်ခဲ့ကြောင်း၊ လိင်အကြမ်းဖက်မှုတွေကို လက်နက်အဖြစ် အသုံးချခဲ့ကြောင်း၊ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုဟာ ဟိုလိုကော့စ် ဖြစ်စဉ်အပြီး ဂျူးတွေရဲ့ သမိုင်းကြောင်းမှာ အကြီးမားဆုံး အစုလိုက် သတ်ဖြတ်မှုကြီး ဖြစ်ခဲ့တယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

စွဲချက်တွေထဲမှာတော့ လူစုလူဝေးကို တိုက်ခိုက် သတ်ဖြတ်မှုအပြင် အများပိုင် ဧရိယာကို ပစ်မှတ်ထား ဗုံးခွဲပြီး အများအပြား သေဆုံးစေမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု၊ လူ့အသက်တွေ ဆုံးရှုံးစေတဲ့ အကြမ်းဖက်မှုတွေမှာ ပစ္စည်းတွေနဲ့ တခြားအထောက်အပံ့တွေ ပေးမှု စတာတွေ ပါဝင်ခဲ့ပါတယ်။

စွဲချက်တင် ခံရသူတွေထဲမှာ ဟာနီယာနဲ့ တခြားတစ်ဦးကတော့ သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ စွဲချက်တွေအရ ပြစ်မှုထင်ရှားမယ်ဆိုရင် တရားခံတွေဟာ အမြင့်ဆုံး ထောင်ဒဏ် တစ်သက်၊ ဒါမှမဟုတ် သေဒဏ်ထိ စီရင်ချမှတ် ခံရနိုင်တယ်လို့လည်း သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။