Connect with us

Hi, what are you looking for?

နိုင်ငံတကာ

One Direction အဖွဲ့ဝင်ဟောင်း လီယမ်ပိန်း ဟိုတယ် အမြင့်က ပြုတ်ကျပြီး ရုတ်တရက် ကွယ်လွန်

ကမ္ဘာကျော် အမျိုးသား ဂီတအဖွဲ့ One Directionရဲ့ အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဟိုတယ် သုံးထပ်အမြင့်ကနေ ပြုတ်ကျပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာကျော် အမျိုးသား ဂီတအဖွဲ့ One Directionရဲ့ အဖွဲ့ဝင်ဟောင်း လီယမ်ပိန်းဟာ ဟိုတယ် သုံးထပ်အမြင့်ကနေ ပြုတ်ကျပြီး ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။

အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအေးရိစ်မြို့မှာ ရှိနေစဉ် အတောအတွင်း အောက်တိုဘာ ၁၆ ရက်နေ့တုန်းက အမြင့်ကနေ ပြုတ်ကျပြီး ပိန်း ကွယ်လွန်သွားတယ် ဆိုတာကို အာဂျင်တီးနား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ပိန်းကွယ်လွန်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမယ့် ရဲတွေက အခင်းဖြစ်တဲ့ အချိန်မှာ အရက်၊ ဒါမှမဟုတ် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲထားတယ်လို့ ယူဆရသူ တစ်ဦး ရမ်းကားနေမှုအကြောင်း ဟိုတယ်ဆီကနေ တိုင်ကြားမှု လက်ခံ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ဟာ ပိန်းလို့တော့ ရဲတွေက နာမည်မတပ်ခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

ပိန်းကွယ်လွန်ချိန်မှာ အသက် ၃၁ နှစ်သာ ရှိသေးပြီး မကြာသေးခင်ကမှ ဗြိတိန်မှာ မွေးနေ့ပွဲ ကျင်းပထားခဲ့ပါတယ်။ သူဟာ One Direction တစ်ဖွဲ့တည်းသား နီရဲလ်ဟိုရန်ရဲ့ ဖျော်ဖြေပွဲအတွက် အောက်တိုဘာ ၂ ရက်နေ့ ကတည်းက အာဂျင်တီးနားကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။

ပိန်းနဲ့ ဟိုရန်တို့ဟာ ဗြိတိသျှ အမျိုးသား ဂီတအဖွဲ့ One Directionမှာ ဟယ်ရီစတိုင်လ်စ်၊ ဇိန်းမာလစ်ခ်၊ လူးဝစ် တွမ်လင်ဆန်တို့နဲ့အတူ အတွဲညီညီ အောင်မြင်ခဲ့ကြပါတယ်။

ပိန်းက ဟိုတယ် အထပ်မြင့်ကနေ ပြုတ်ကျခဲ့တာဟာ အရက်၊ မူးယစ်ဆေး သုံးစွဲမှုနဲ့ ဆက်စပ်ခြင်း ရှိမရှိ ရဲတွေက တပ်အပ် မပြောခဲ့ပေမယ့် သူဟာ အရင်တုန်းက အရက်စွဲခဲ့တဲ့ အကြောင်းတွေ သေသေချာချာ ကုသမှု ခံယူခဲ့ရတဲ့ ကိစ္စတွေကို ထုတ်ပြောခဲ့ဖူးပါတယ်။

သူဟာ အရင် Girls Aloud အဖွဲ့ဝင် အဆိုတော်ဟောင်း ရှယ်ရီကိုးလ်နဲ့ ၂၀၁၇ ခုနှစ်မှာ သားတစ်ဦး ဖွားမြင်ခဲ့ပါတယ်။ အဲဒီနောက် တစ်နှစ်အကြာမှာ သူတို့နှစ်ဦး လမ်းခွဲခဲ့ပြီး ပိန်းက မာယာဟင်နရီဆိုတဲ့ အမျိုးသမီးနဲ့ ၂၀၁၉ ကနေ ၂၀၂၂ ခုနှစ်ထိ တွဲဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ