Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကို မော်စကိုမှာ ပူတင် လက်ခံတွေ့ဆုံ

အမေရိကန်၊ တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက မြောက်ကိုရီးယား စစ်သည် ၁၀၀၀၀ လောက်ထိ ရုရှားအတွက် အားဖြည့် ပို့ဆောင်သွားဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကို မော်စကိုမှာ ပူတင် လက်ခံတွေ့ဆုံ
မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကို မော်စကိုမှာ ပူတင် လက်ခံတွေ့ဆုံ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကို မော်စကိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့ မနက်ပိုင်းတုန်းက မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ချိုဆွန်ဟွေကို ကရင်မလင် နန်းတော်မှာ သမ္မတ ပူတင်ကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့ကြောင်း ရုရှား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့အပေါ် ယူကရိန်း၊ တောင်ကိုရီးယားနဲ့ အမေရိကန်တို့က စိုးရိမ်တကြီး ဝေဖန်ကန့်ကွက်နေချိန်မှာ ချိုက မော်စကိုမြို့တော်ဆီ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ချိုဟာ ရုရှားမှာ သီတင်းတစ်ပတ်ကြာ ရှိနေပြီး ယူကရိန်း စစ်ပွဲမှာ ရုရှား အနိုင်ရရှိတဲ့ထိ မြောက်ကိုရီးယားက မားမားရပ်ပြီး အကူအညီ ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားအစိုးရကလည်း ကရင်မလင် နန်းတော်မှာ ပူတင်နဲ့ ချိုတို့ လက်ဆွဲနှုတ်ဆက်နေတဲ့ မှတ်တမ်း ဗီဒီယိုကို ထုတ်ပြန် ပြသခဲ့ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားတို့ဟာ နွေရာသီတုန်းက စစ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးခဲ့သလို မြောက်ကိုရီးယားက ရုရှားအတွက် ဒုံးကျည်တွေ ထောက်ပံ့ ပို့ဆောင်နေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးခဲ့တဲ့ လမှာတော့ အခြေအနေတွေ နောက်ထပ်တစ်ဆင့် တိုးတက်လာပြီး မြောက်ကိုရီးယား စစ်သည်တွေဟာ ယူကရိန်း စစ်မြေပြင်မှာ ရုရှားတပ်တွေကို ကူညီဖို့ ရုရှားနိုင်ငံထဲ ရောက်နေပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပူတင် ကိုယ်တိုင်ကလည်း အဲဒီသတင်းတွေကို မငြင်းခဲ့ပါဘူး။

အမေရိကန်၊ တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေက မြောက်ကိုရီးယား စစ်သည် ၁၀၀၀၀ လောက်ထိ ရုရှားအတွက် အားဖြည့် ပို့ဆောင်သွားဖွယ် ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

အနောက်ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဂျာမနီရဲ့ နိုင်ငံခြားရေးဝန်ကြီး အန်နာဘယ်လာ ဘေရာဘော့ခ်က ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ဆီ သွားရောက်တဲ့ ခရီးစဉ်နဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးကလည်း ရုရှားဆီ အလည်အပတ် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ စတင် ဖြန့်ကျက်နေတာကို အနောက်နိုင်ငံတွေက ထိထိရောက်ရောက် ဖိအားပေး ကန့်ကွက်မှု မရှိဘဲ နှုတ်ဆိတ်နေတဲ့အပေါ် ဝေဖန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။