Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဇနီးဖြစ်သူရဲ့ အငြင်းပွားစရာ ကိစ္စတွေနဲ့ ပတ်သက်လို တောင်ကိုရီးယား သမ္မတ တောင်းပန်

အတိုက်အခံတွေကတော့ ယွန်ဟာ ဇနီးဖြစ်သူရဲ့ အရှုပ်အထွေးတွေကို အကြောင်းပြုပြီး လူထုထောက်ခံမှု ကျဆင်းလာတော့မှသာ အခုလို တောင်းပန်စကားဆိုပြီး အခြေအနေကို ကုစားဖို ကြိုးစားနေတာ ဖြစ်တယ်လို စွပ်စွဲ ဝေဖန်ထားပါတယ်။

ဇနီးဖြစ်သူရဲ့ အငြင်းပွားစရာ ကိစ္စတွေနဲ့ ပတ်သက်လို တောင်ကိုရီးယား သမ္မတ တောင်းပန်
ဇနီးဖြစ်သူရဲ့ အငြင်းပွားစရာ ကိစ္စတွေနဲ့ ပတ်သက်လို တောင်ကိုရီးယား သမ္မတ တောင်းပန်

ဇနီးဖြစ်သူနဲ့ ဆက်စပ်တဲ့ အငြင်းပွားစရာ အခြေအနေတွေအတွက် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

သမ္မတကတော် ကင်မ်ကွန်ဟီဟာ Dior အမှတ်တံဆိပ် တန်ဖိုးကြီး လက်ကိုင်အိတ် တစ်လုံးကို လက်ဆောင်အဖြစ် လက်ခံခဲ့တာ၊ စတော့စျေးကွက် ခြယ်လှယ်မှုတွေနဲ့ ဆက်စပ်နေတာတွေကြောင့် ဝေဖန်မှုတွေကို အပြင်းအထန် ခံခဲ့ရဖူးပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ယွန်က ရုပ်မြင်သံကြားကနေတဆင့် ပြည်သူတွေဆီ လိပ်မူတဲ့ မိန့်ခွန်းတစ်ခုထဲမှာ သူ့ဇနီးနဲ့ ပတ်သက်လို ထည့်သွင်း ပြောကြားသွားပါတယ်။ သူက ဇနီးဖြစ်သူကို ဘာပဲလုပ်လုပ် ပိုပြီး သတိထားဖို ဆုံးမထားကြောင်း၊ ဒါပေမဲ့ ကင်မ်နဲ့ ပတ်သက်ပြီး ဝေဖန် ထိုးနှက်ချက်တွေဟာ လွန်လွန်ကဲကဲ ပုံကြီးချဲ့ထားပြီး ဒီအခြေအနေက ကင်မ်အတွက် မမျှတကြောင်း ဇနီးဖက်ကနေ ကာကွယ်သွားခဲ့ပါတယ်။

သူ့ဇနီးရဲ့ ကိစ္စတွေကို အစိုးရအဆင့် တရားဝင် စစ်ဆေးသင့်တယ်ဆိုတဲ့ တောင်းဆိုမှုတွေကို ယွန်က ငြင်းဆိုထားပေမယ့် သမ္မတကတော်ရဲ့ တရားဝင် လုပ်ဆောင် ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ကူညီ အကြံပေးမယ့် ရုံးအဖွဲတစ်ခု ထူထောင်ပေးသွားမယ်လိုလည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံတွေကတော့ ယွန်ဟာ ဇနီးဖြစ်သူရဲ့ အရှုပ်အထွေးတွေကို အကြောင်းပြုပြီး လူထုထောက်ခံမှု ကျဆင်းလာတော့မှသာ အခုလို တောင်းပန်စကားဆိုပြီး အခြေအနေကို ကုစားဖို ကြိုးစားနေတာ ဖြစ်တယ်လို စွပ်စွဲ ဝေဖန်ထားပါတယ်။

၂၀၂၃ နှစ်ကုန်ပိုင်းတုန်းက လက်ဝဲယိမ်း YouTube channelတစ်ခုက ကင်မ်ဟာ ဝမ် ၃ သန်းတန်၊ တစ်နည်းအားဖြင့် ဒေါ်လာ ၂၂၀၀ ဝန်းကျင်လောက် တန်ဖိုးရှိတဲ့ Dior လက်ကိုင်အိတ်ကို သင်းအုပ်ဆရာ တစ်ဦးဆီကနေ လက်ခံနေတဲ့ ဗီဒီယိုကို ဖော်ပြခဲ့ပါတယ်။ အဲဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက သင်းအုပ်ဆရာရဲ့ လက်ပတ်နာရီကနေ လျှိဝှက် ရိုက်ကူးထားခဲ့တာလို ဆိုပါတယ်။ အခုနှစ် ဖေဖော်ဝါရီလတုန်းကတော့ ယွန်ဟာ ဗီဒီယိုနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ ခြေထိုးခံမှု တစ်ခုလို စွပ်စွဲပြီး တောင်းပန်စကားပြောဖို ငြင်းဆိုခဲ့ပါတယ်။

အဲဒါနဲ့ ပတ်သက်လို အတိုက်အခံ ဒီမိုကရက်ပါတီက ယွန်ဟာ အရှက်ကင်းမဲ့ပြီး မျှော်လင့်စရာလည်း ဘာမှမရှိတော့ဘူးလို သမ္မတကို ထိုးနှက်ခဲ့ဖူးပါတယ်။ အခုနှစ် အစောပိုင်းတုန်းက ကင်မ်နဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို အတိုက်အခံတွေက လွှတ်တော်မှာ ဖိအားပေး တောင်းဆိုခဲ့တာကိုလည်း ယွန်က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။