Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား လွှတ်တင်လိုက်တဲ့ မိုးပျံပူဖောင်း တောင်ကိုရီးယား သမ္မတ အိမ်တော်ဝင်းထဲ ကျလာ

မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ချိတ်ဆွဲပြီး လွှတ်တင်လိုက်တဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်း တစ်လုံးဟာ တောင်ကိုရီးယား သမ္မတရဲ့ အိမ်တော် ခြံဝင်းထဲ ကျဆင်းခဲ့ပါတယ်။

မြောက်ကိုရီးယားက အမှိုက်သရိုက်တွေ ချိတ်ဆွဲပြီး လွှတ်တင်လိုက်တဲ့ ဓာတ်ငွေ့ မိုးပျံပူဖောင်း တစ်လုံးဟာ တောင်ကိုရီးယား သမ္မတရဲ့ အိမ်တော် ခြံဝင်းထဲ ကျဆင်းခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့က အိမ်ပြာတော် ဝင်းထဲကို ကျလာတဲ့ ပူဖောင်းမှာ အမှိုက်ထုပ်တွေအပြင် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်နဲ့ ဇနီးဖြစ်သူကို လှောင်ပြောင် သရော်ထားတဲ့ ဝါဒဖြန့် ရေးသားမှုတွေပါ ပါလာခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားရောက် မြောက်ကိုရီးယား ပြည်ပြေးတွေနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေဟာ နယ်စပ်နားမှာ စုဝေးပြီး မြောက်ကိုရီးယား အစိုးရကို ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေကို မိုးပျံပူဖောင်းတွေမှာ ချိတ်ဆွဲပြီး မြောက်ကိုရီးယား ပိုင်နက်ဖက် လွှတ်တင်လေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒီလုပ်ရပ်ကို မြောက်ကိုရီးယားက တူးတူးခါးခါး ဆန့်ကျင်လေ့ ရှိသလို လက်တုံ့ပြန်တဲ့ အနေနဲ့ အမှိုက်ထုပ် မိုးပျံပူဖောင်းတွေကို တောင်ကိုရီးယားဖက် စေလွှတ်လေ့ရှိတာ ဖြစ်ပါတယ်။

မေလကစလို့ မြောက်ကိုရီးယားဆီက လွှတ်တင်လိုက်တဲ့ ထောင်နဲ့ချီတဲ့ မိုးပျံပူဖောင်းတွေဟာ ဆိုးလ်မြို့တော် အပါအဝင် တောင်ကိုရီးယား အနှံ့က မြို့ရွာတွေဆီ ကျရောက်ခဲ့ပါတယ်။

အောက်တိုဘာ ၂၄ ရက် မနက်ပိုင်းက သမ္မတ အိမ်တော် ခြံဝင်းထဲကိုလည်း ပူဖောင်းတစ်ခု ကျရောက်ခဲ့ကြောင်း၊ အဲဒီပူဖောင်းမှာ အန္တရာယ် ဖြစ်စေမယ့် ဓာတ်ပစ္စည်းတွေ၊ တခြား အဆိပ်အတောက်တွေ ဘာမှ မပါဝင်ကြောင်း တောင်ကိုရီးယား သမ္မတရဲ့ လုံခြုံရေးကို တာဝန်ယူရတဲ့ အထူးအဖွဲ့က ပြောပါတယ်။

တောင်ကိုရီးယား အိမ်တော်ထဲကို မြောက်ကိုရီးယား အမှိုက်ထုပ် မိုးပျံပူဖောင်း ကျဆင်းလာတာဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပါတယ်။ ဇူလိုင်လတုန်းကလည်း အလားတူ အမှိုက်ထုပ် ဘောလုံးတစ်လုံး အိမ်တော်ဝင်းထဲ ကျဆင်းလာခဲ့ဖူးပါတယ်။

တောင်ကိုရီးယား သမ္မတ အိမ်တော် အပေါ်မှာ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ထားသလို စစ်သည် အများအပြား စောင့်ကြပ်ပေးထားပေမယ့်လည်း မြောက်ကိုရီးယားရဲ့ ပူဖောင်းတွေကတော့ နှစ်ကြိမ်တိုင် ကျူးကျော်ခဲ့ပြီး ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်ဘက်ကတော့ သမ္မတ အိမ်တော်ထဲကို မြောက်ကိုရီးယား ဓာတ်ငွေ့ပူဖောင်း ကျလာတယ် ဆိုတာကို အတည်ပြုခဲ့ပေမယ့် ချိတ်ဆွဲထားတဲ့ ပစ္စည်းတွေထဲမှာ ဘာတွေ ပါခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ ထုတ်ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။

တောင်ကိုရီးယား နယ်စပ်ဖက်ကနေ ဒရုန်းတွေ အသုံးပြုပြီး မြောက်ကိုရီးယားမှာ လက်ကမ်းစာစောင်တွေ ကြဲချနေတဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်က တင်းတင်းမာမာ သတိပေးခဲ့ပြီး မကြာခင်မှာ မြောက်ကိုရီးယား မိုးပျံပူဖောင်းက တောင်ကိုရီးယား သမ္မတ အိမ်တော်ထဲ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ အဲဒီဒရုန်းတွေဟာ အရပ်သား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက စေလွှတ်တာသာ ဖြစ်တယ်လို့ ဖြေရှင်းထားပြီး တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယားက အဲဒီ တောင်ကိုရီးယား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်ဆိုရင် သည်းခံမှာ မဟုတ်ကြောင်း တန်ပြန် သတိပေးထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။