Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာ့စ်ခ်ဒေသက ဆုံးရှုံးနယ်မြေတွေကို ပြန်သိမ်းဖို့ ရုရှားနဲ့ မြောက်ကိုရီးယား တပ်အင်အား သောင်းနဲ့ချီ စုရုံးနေ

ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေ အပါအဝင် တပ်အင်အား သောင်းဂဏန်းလောက်ကို စုရုံးပြီး ကာ့စ်ခ်ဒေသက နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ ပြင်ဆင်နေကြောင်း အမေရိကန်က ပြောပါတယ်။

ရုရှားဟာ မြောက်ကိုရီးယား စစ်သားတွေ အပါအဝင် တပ်အင်အား သောင်းဂဏန်းလောက်ကို စုရုံးပြီး ကာ့စ်ခ်ဒေသက နယ်မြေတွေကို ပြန်လည် သိမ်းယူဖို့ ပြင်ဆင်နေကြောင်း အမေရိကန်က ပြောပါတယ်။

ရုရှားပိုင် ကာ့စ်ခ်ပြည်နယ်ထဲမှာ ယူကရိန်းတပ်တွေ ထိုးဖောက်ဝင်ရောက်ပြီး တပ်စွဲထားတဲ့ နေရာတွေကို ပြန်လည် တိုက်ခိုက် သိမ်းယူဖို့အတွက် နှစ်နိုင်ငံ တပ်တွေ ပူးပေါင်း ဖြန့်ကျက်နေတာလို့ အမေရိကန် ထိပ်တန်း အရာရှိ တစ်ဦးက နိုဝင်ဘာ ၁၀ ရက်နေ့မှာ မှတ်ချက် ပေးခဲ့ပါတယ်။

အစောပိုင်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ လောက်ဟာ ရုရှားကို ကူညီတိုက်ခိုက်ဖို့အတွက် ကာ့စ်ခ်ဒေသထဲ ရောက်နှင့်နေပြီလို့ ပြောကြားထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားက ယူကရိန်း နယ်မြေတွေကို သိမ်းယူထားတာကို တန်ပြန်တဲ့ အနေနဲ့ ယူကရိန်း တပ်တွေက ကာ့စ်ခ်ကို ထိုးဖောက်ဝင်ရောက်ပြီး မြို့ရွာတွေကို သိမ်းပိုက်နေခဲ့တဲ့ ထိုးစစ် အစီအမံဟာ ၃ လလောက် အကြာမှာတော့ ရှေ့မတိုးနိုင်တော့ဘဲ တိုးတက်မှု ရပ်တန့်နေပါတယ်။

New York Times သတင်းဌာနကတော့ ရုရှားနဲ့ မြောက်ကိုရီးယား တပ်အင်အား စုစုပေါင်း ၅၀၀၀၀ ဝန်းကျင်လောက် ကာ့စ်ခ်မှာ စုရုံးနေပြီး မြောက်ကိုရီးယား တပ်တွေဟာ တိုက်ခိုက်ရေး ကဏ္ဍမှာပါ တာဝန်ယူသွားမယ့် အခြေအနေ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အမည်ဖော်မပြခဲ့တဲ့ အမေရိကန် အရာရှိကတော့ လာမယ့်ရက်တွေအတွင်း ရုရှား-မြောက်ကိုရီးယား ပူးပေါင်းထားတဲ့ အင်အားအလုံးအရင်း ထိုးစစ်မျိုးကို ကာ့စ်ခ်ဒေသမှာ တွေ့မြင်လာရနိုင်ခြေ ရှိတယ်လို့ မှတ်ချက် ပေးထားပါတယ်။

ယူကရိန်း စစ်ဦးစီး အရာရှိ တစ်ဦးကလည်း မြောက်ကိုရီးယား တပ်တွေဟာ ကာ့စ်ခ်ဒေသက ထိုးစစ်မှာရော၊ ရုရှားပိုင် ဘယ်လ်ဂိုရော့ဒ် ဒေသထဲက ခံစစ် အစီအစဉ်တွေမှာပါ ပါဝင်လာမယ်ဆိုတာ သတင်းရထားကြောင်း ပြောပါတယ်။

မြောက်ကိုရီးယား တပ်ဖွဲ့ဝင် အများစုဟာ ခံစစ် ဒုတိယစည်းမှာ အဓိက နေရာယူထားကြပေမယ့် ကာ့စ်ခ်မှာတော့ တိုက်ခိုက်ရေးအတွက်ပါ ပါဝင်လာနိုင်တယ်လို့ သူက ဆိုပါတယ်။ မြောက်ကိုရီးယားက ရုရှားဆီ ပို့ဆောင်ထားတဲ့ထဲမှာ လက်နက်ကြီး ပစ်ခတ်မှု အထူးကျွမ်းကျင်သူတွေနဲ့ စနိုက်ပါ လက်ဖြောင့်တပ်သားတွေလည်း ပါဝင်တယ်လို့ အဲဒီ ယူကရိန်း အရာရှိက ပြောကြားသွားခဲ့ပါတယ်။

နွေရာသီတုန်းက ယူကရိန်းဟာ ရုရှားကို အာရုံများစေဖို့ ကာ့စ်ခ်ဒေသထဲ ထိုးဖောက် တိုက်ခိုက်ခဲ့ပြီး ဒါဟာ ရုရှားအတွက် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပိုင်နက်နယ်မြေ ကျူးကျော်ခံရမှု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းရဲ့ ကာ့စ်ခ်ထိုးစစ်ဟာ ယူကရိန်း အရှေ့ပိုင်းမှာ ဆင်နွှဲနေတဲ့ ရုရှားရဲ့ ကျုးကျော်စစ်ကို တားဆီးနိုင်စွမ်း မရှိခဲ့ဘဲ ရုရှားတပ်တွေဟာ အကျအဆုံးတွေ များနေတဲ့တိုင် တဖြည်းဖြည်းချင်း ရှေ့တိုးပြီး နယ်မြေတွေ သိမ်းယူလာနေဆဲလို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။