Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဘိုင်ဒန် တွေ့ဆုံ

အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို အိမ်ဖြူတော်ဆီ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။

အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို အိမ်ဖြူတော်ဆီ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။

နိုဝင်ဘာ ၁၃ ရက်နေ့တုန်းက ထရမ့်ဟာ သူတစ်ချိန်က ၄ နှစ်ကြာ ကျင်လည်ခဲ့ဖူးတဲ့ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းဆီ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ သူဟာ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်ထိ အမေရိကန် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးပေမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘိုင်ဒန်ကို အရေးနိမ့်ခဲ့တာပါ။ အခုတော့ အမေရိကန် ရွေးကောက်ပွဲမှာ ဒုတိယ သမ္မတ ကာမာလာဟားရစ်ကို အနိုင်ယူပြီး ထရမ့်ဟာ သမ္မတရာထူးကို ဒုတိယအကြိမ် ထမ်းဆောင်ခွင့် ရတော့မှာ ဖြစ်ပါတယ်။

ထရမ့်ကို အနိုင်ရခဲ့ဖူးတဲ့ ဘိုင်ဒန်ဟာ သူရဲ့ ဒီမိုကရက်တစ် ပါတီထဲမှာ လူကြိုက်နည်းလာတဲ့ အခြေအနေကြောင့် ရွေးကောက်ပွဲ ဆက်မဝင်တော့ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒုတိယ သမ္မတ ဟားရစ်က အစားထိုး ယှဉ်ပြိုင်ခဲ့ပေမယ့် ထရမ့်ကို အရေးနိမ့်ခဲ့ရတာပါ။

ထရမ့်နဲ့ တွေ့ဆုံချိန်မှာ ဘိုင်ဒန်က ချောချောမွေ့မွေ့ အာဏာလွှဲပြောင်းရေးအတွက် အစွမ်းကုန် ကူညီမှာ ဖြစ်သလို ထရမ့် လိုအပ်တာတွေ အဆင်ပြေအောင်လည်း ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးတော့ အိမ်ဖြူတော်ကနေ ပြန်လည် ကြိုဆိုတယ်လို့လည်း ဘိုင်ဒန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးဟာ ရက်စက် ကြမ်းကြုတ်ကြောင်း၊ ဒါပေမဲ့ အရမ်း ချောမောညက်ညောတဲ့ အာဏာလွှဲပြောင်းရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ အသိအမှတ်ပြု ကျေးဇူးတင်ကြောင်းလည်း ထရမ့်က ဘိုင်ဒန်ကို တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်ဟာ ဇန်နဝါရီ ၂၀ မှာ အမေရိကန်ရဲ့ သမ္မတ နေရာကို တကျော့ပြန် ရောက်ရှိလာမှာပါ။

ထရမ့်ရဲ့ ယာဉ်တန်းဟာ လုံခြုံရေးအင်အား အများအပြားနဲ့အတူ အိမ်ဖြူတော်ဝင်းထဲ ရောက်လာခဲ့ပြီး ဘိုင်ဒန်က သူကိုယ်တိုင် ရာထူးဆက်ခံခဲ့တဲ့ သမ္မတဟောင်းနဲ့ သူ့ရာထူးကို လွှဲပေးရမယ့် သမ္မတသစ်ကို ဘဲဥပုံ ရုံးခန်းထဲမှာ ကြိုဆိုနှုတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေမှာတော့ အကြီးအကျယ် ခါးသီးတဲ့ ပြိုင်ဆိုင်မှုတွေ ရှိခဲ့ပြီး အသက် ၈၁ နှစ်အရွယ် ဘိုင်ဒန်က ထရမ့်ဟာ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု တစ်ခုလို့တောင် ထိုးနှက်ခဲ့ဖူးပါတယ်။ အသက် ၇၈ နှစ်အရွယ် ထရမ့်ကလည်း ဘိုင်ဒန်ဟာ သမ္မတ ဖြစ်ထိုက်လောက်အောင် အရည်အချင်း မရှိသူလို့ မကြာခဏ ဝေဖန်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တာလည်း ဘိုင်ဒန်နဲ့ ဒီမိုကရက်တွေက မဲလိမ်တာကြောင့်လို့ အထောက်အထား အခိုင်အမာ မရှိဘဲ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။