Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယားမှာ သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာ

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ဟာ ပြည်တွင်းမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ရုတ်တရက် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားမှာ သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာ
တောင်ကိုရီးယားမှာ သမ္မတက အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့် ကြေညာ

ဒီဇင်ဘာ ၃ ရက်နေ့က မိန့်ခွန်းမှာ ယွန်က မြောက်ကိုရီးယားကို လိုလားတဲ့ အင်အားစုတွေနဲ့ အတိုက်အခံ အင်အားစုတွေဟာ နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း ကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို စွပ်စွဲသွားခဲ့ပါတယ်။ သူဟာ စစ်အုပ်ချုပ်ရေး အမိန့်ကနေတဆင့် လွတ်လပ်တဲ့၊ ဒီမိုကရေစီ ပြည့်ဝတဲ့ နိုင်ငံအဖြစ်ကို ပြန်လည် ဦးဆောင် ရယူသွားမယ်လိုလည်း ယွန်က ပြောပါတယ်။

မြောက်ကိုရီးယား ကွန်မြူနစ် အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုကနေ ကာကွယ်ဖို့၊ ပြီးတော့ နိုင်ငံတော် ပျက်စီးရာ ပျက်စီးကြောင်း စီမံလုပ်ဆောင်နေတဲ့ အစုအဖွဲတွေကို ချေမှုန်းဖို အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ကြေညာလိုက်ကြောင်း ယွန်က မိန့်ခွန်းထဲမှာ ထည့်ပြောသွားခဲ့ပါတယ်။

ပြည်သူတွေရဲ့ လွတ်လပ်မှု၊ လုံခြုံမှုကို သေချာခိုင်မာအောင် ကာကွယ်ဖို့၊ အဖျက်အမှောင့်တွေ၊ ပြည်ဖျက် အင်အားစုတွေရဲ့ အန္တရာယ်ကနေ နိုင်ငံကို တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်စေဖိုအတွက် အခု သတ်မှတ် ကြေညာချက်ဟာ ရှောင်လွှဲလို မရတဲ့ ရွေးချယ်မှုလိုလည်း ယွန်က ဆိုပါတယ်။

ယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမိန့် ထွက်ပေါ်လာတဲ့နောက် အတိုက်အခံ လစ်ဘရယ် ဝါဒစွဲ ဒီမိုကရက်တစ် ပါတီကလည်း လွှတ်တော် အမတ်တွေကို အရေးပေါ် အစည်းအဝေးတစ်ခု ခေါ်ယူထားတယ်လို သိရပါတယ်။

Public Service Announcement

Public Service Announcement

ယွန်ဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဖြစ်လာချိန် ကတည်းက အတိုက်အခံတွေ အလေးသာတဲ့ လွှတ်တော်ထဲမှာ သူ့ရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်နိုင်ရေး ရုန်းကန်နေခဲ့ရပါတယ်။ ယွန်ရဲ့ ကွန်ဆာဗေးတစ် ဝါဒီ ပြည်သူ့စွမ်းအား ပါတီဟာ လာမယ့်နှစ် အစိုးရ ဘတ်ဂျတ် ကိစ္စမှာလည်း အတိုက်အခံ ဒီမိုကရက်တစ် ပါတီနဲ့ ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။

အမျိုးသား ညီလာခံဟာ နိုင်ငံအတွက် အထူးတလည် လိုအပ်တဲ့ အစီအမံတွေဖြစ်တဲ့ မူးယစ်ဆေးဝါး ရာဇဝတ်မှုတွေ ကာကွယ် တိုက်ဖျက်ရေး၊ ပြည်သူ့လုံခြုံရေးစတဲ့ ကဏ္ဍတွေမှာ ဘတ်ဂျတ်တွေ ဖြတ်တောက်ခဲ့သလို နိုင်ငံရဲ့ လုပ်ငန်းလည်ပတ်မှု ဗဟိုချက်တွေကို ထိခိုက်စေခဲ့တယ်လို သမ္မတက စွပ်စွဲခဲ့ပါတယ်။

ယွန်ရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာမိန့်ဟာ သူကိုယ်စားပြုတဲ့ ပြည်သူ့စွမ်းအား ပါတီကိုပါ တုန်လှုပ်စေခဲ့ပါတယ်။ ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ ဟန်ဒေါင်ဟွန်က ယွန်ရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို ဝေဖန်ပြီး အဲဒီကြေညာချက်ကို တားဆီးနိုင်ဖို့ ကြိုးစားသွားမယ်လို ပြောကြားထားပါတယ်။

စစ်အုပ်ချုပ်ရေး ဆိုတာဟာ အရပ်ဖက် အာဏာပိုင်တွေက အခြေအနေ အရပ်ရပ်ကို မထိန်းသိမ်းနိုင်တဲ့ ကာလမျိုးမှာ စစ်တပ်က အုပ်ချုပ်ရေးကို ယာယီ တာဝန်ယူတာမျိုး ဖြစ်ပြီး အဲဒီ ကာလအတွင်း ပုံမှန် ပြည်သူ့အခွင့်အရေး ရပိုင်ခွင့်တချို ကန့်သတ်ခံရတာမျိုး၊ စစ်မှုမထမ်းမနေရ ကာလကို သက်တမ်းတိုးမြှင့်တာမျိုး ကိစ္စတွေလည်း ရှိလာနိုင်ပါတယ်။ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ ယာယီသာ ဖြစ်ဖွယ်ရှိပေမယ့် သီအိုရီအရ သက်တမ်း အကန့်အသတ်မဲ့ တိုးချဲ့လို ရပါတယ်။

ယွန်ဟာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ အတောအတွင်း ဘယ်လို စည်းမျဉ်းတွေကို တင်းကျပ်သတ်မှတ်မလဲ ဆိုတာကိုတော့ တိတိကျကျ ပြောကြားမသွားခဲ့ပါဘူး။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သတင်း

ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နယ်သာလန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး မွေးနေ့ဆုတောင်းပွဲကို ဒီကနေ့ (ဇွန် ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။