Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ကူတွေ ပို့ပေးတဲ့ မြောက်ကိုရီးယားကို ရုရှားက လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ခဲ့တယ်လို့ဆို

မြောက်ကိုရီးယားက တိုက်ခိုက်ရေးတပ်တွေ စစ်ကူပို့ပေးခဲ့တဲ့အတွက် အပြန်အလှန်အဖြစ် ရုရှားက လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက တိုက်ခိုက်ရေးတပ်တွေ စစ်ကူပို့ပေးခဲ့တဲ့အတွက် အပြန်အလှန်အဖြစ် ရုရှားက လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြားက မဟာမိတ် ဆက်ဆံရေး ပိုမို ခိုင်မာ နက်ရှိုင်းလာမှုရဲ့ သင်္ကေတ နောက်တစ်ခုအဖြစ် အခု သဘောတူ လဲလှယ်မှုကို တောင်ကိုရီးယားက ဖော်ထုတ်လာတာ ဖြစ်ပါတယ်။ အဲဒီ နှစ်နိုင်ငံ ပေါင်းစည်းမှုဟာ တောင်ကိုရီးယားနဲ့ အနောက်မဟာမိတ် နိုင်ငံတွေအတွက် ခြိမ်းခြောက်မှု ဖြစ်သလို ယူကရိန်း စစ်ပွဲရဲ့ ရန်လို တင်းမာမှုတွေကိုလည်း ပိုမို မြင့်တက်လာစေနိုင်တယ်လို့ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နျူကလီးယားနဲ့ တိုက်ချင်းပစ်ဒုံးကျည် နည်းပညာ စမ်းသပ်မှုတွေကြောင့် လက်နက်နဲ့ လောင်စာဆီ တင်သွင်းခွင့်တွေကို ကုလသမဂ္ဂဆီက ပိတ်ပင်မှု ခံထားရပေမယ့်လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ ရုရှားကိုယ်တိုင်က အဲဒီ ပိတ်ပင်မှုကို ချိုးဖောက်ပြီး မြောက်ကိုရီးယားဆီကို လက်နက်တွေရော၊ ရေနံတွေပါ တင်သွင်းပေးနေတယ်လို့လည်း တောင်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ မြောက်ကိုရီးယား တပ်အင်အား အနည်းဆုံး ၁၀၀၀၀ လောက်ဟာ ရုရှားကို ရောက်ရှိနေပြီး အဲဒီထဲက တော်တော်များများဟာ ရုရှားတပ်တွေကို ကူညီ တိုက်ခိုက်ဖို့အတွက် ယူကရိန်းနဲ့ နယ်စပ်နားက ကာ့စ်ခ်ဒေသထဲမှာ ဖြန့်ကျက်ထားပါတယ်။ ယူကရိန်းကတော့ ကာ့စ်ခ်မှာ ရုရှားတပ်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်မှုတွေတောင် ရှိနှင့်နေပြီး ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

The Wall Street ဂျာနယ်ရဲ့ ဖော်ပြချက်အရ မြောက်ကိုရီးယားဟာ နိုင်ငံရဲ့ အထင်ရှားဆုံး စစ်ဗိုလ်ချုပ် တစ်ယောက်ကို ကာ့စ်ခ်ဒေသဆီ စေလွှတ်ပြီး မြောက်ကိုရီးယား စစ်သားတွေကို ကွပ်ကဲနေစေတယ်လို့ သိရပါတယ်။ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ရုရှားရောက် မြောက်ကိုရီးယား တပ်အင်အားဟာ သိန်းဂဏန်းထိ မြင့်တက်နိုင်တယ်လို့ ပြောခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

အောက်တိုဘာလတုန်းက မြောက်ကိုရီးယားဟာ ပြိုင်ဘက် တောင်ကိုရီးယားရဲ့ ဒရုန်းတွေ မြို့တော် ပြုံယမ်းထိ ကျူးကျော်ဝင်ရောက် ပျံသန်းပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ကြဲချခဲ့တယ်လို့ စွပ်စွဲထားပြီး အဲဒီအတွက်လည်း နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စွမ်းရည်ကို မြှင့်တင်ဖို့ အပူတပြင်း လိုလားနေပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။