Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဏရ ပါတီကနေ ထွက်ခွာပေးဖို့ တောင်ကိုရီးယား သမ္မတ တောင်းဆိုခံထားရ

တစ်နိုင်ငံလုံးကို အလန့်တကြား ဖြစ်သွားစေခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတကို ပါတီကနေ နုတ်ထွက်ပေးဖို့ လက်ရှိ အာဏာရ ပါတီက တောင်းဆိုလိုက်ပါတယ်။

တစ်နိုင်ငံလုံးကို အလန့်တကြား ဖြစ်သွားစေခဲ့တဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ တောင်ကိုရီးယား သမ္မတကို ပါတီကနေ နုတ်ထွက်ပေးဖို့ လက်ရှိ အာဏာရ ပါတီက တောင်းဆိုလိုက်ပါတယ်။

အာဏာရ ပြည်သူ့စွမ်းအား ပါတီရဲ့ အကြီးအကဲဖြစ်သူ ဟန်ဒေါင်ဟွန်က သူဟာ သမ္မတ ယွန်ဆွတ်ခ်ယော အနေနဲ့ ပါတီကနေ ထွက်ခွာသွားပေးဖို့ တောင်းဆိုထားကြောင်း အတည်ပြုခဲ့ပါတယ်။ ဟန်က သူဟာ အတိုက်အခံ နိုင်ငံရေး ပါတီတွေ စုပေါင်းပြီး သမ္မတကို ရာထူးကနေ ဖြုတ်ချနိုင်မယ့် တရားဝင် စွပ်စွဲပြစ်တင်မှု အဆိုတင်သွင်းမယ့် ကိစ္စကို ဆန့်ကျင် ရပ်တည်သွားမယ်လို့ ပြောကြားထားပေမယ့် ယွန်ကိုလည်း ပါတီကနေ ထွက်ခွာစေချင်ကြောင်း ပြောကြားသွားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းက ယွန်ဟာ မြောက်ကိုရီးယား ကွန်မြူနစ် လိုလားသူတွေနဲ့ နိုင်ငံကို ဖျက်ဆီးလိုသူတွေဟာ လွှတ်တော်ထဲမှာ နေရာရနေပြီး အစိုးရကို အကြီးအကျယ် ဒုက္ခပေးနေတဲ့အတွက် အဲဒီ အခြေအနေကို တွန်းလှန်နိုင်ဖို့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း လူထုက အပြင်းအထန် ဆန့်ကျင်ခဲ့တဲ့အပြင် အတိုက်အခံ အမတ်တွေက လွှတ်တော်ထဲမှာ ရအောင်လူစုပြီး သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တန်ပြန်မဲပေးပြီး ပယ်ဖျက်နိုင်ခဲ့ပါတယ်။ အဲဒီ မဲပေးမှုမှာ ယွန်ကိုယ်စားပြုတဲ့ ပြည်သူ့စွမ်းအား ပါတီဝင်တွေကပါ အတိုက်အခံတွေနဲ့အတူ ရပ်တည်ပြီး စစ်အုပ်ချုပ်ရေး ရုပ်သိမ်းဖို့ ထောက်ခံခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

လေ့လာသူတွေကတော့ ယွန်ရဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာမှုဟာ လွှတ်တော်ထဲမှာ အတိုက်အခံတွေက ကြီးစိုးထားပြီး သူ့အစိုးရရဲ့ အဆိုပြုချက် မှန်သမျှကို ကန့်လန့်တိုက်နေတာတွေ၊ အစိုးရ အသုံးစရိတ်တွေ ဖြတ်တောက် ဖယ်ရှား ခံနေရတာတွေကို ထွက်ပေါက်ရှာတဲ့ အလောင်းအစား တစ်ခုဖြစ်ပြီး ကျရှုံးခဲ့တယ်လို့ မှတ်ချက်ပေးထားပါတယ်။

ယွန်ရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမှုဟာ မအောင်မြင်ခဲ့ဘဲ ၆ နာရီအကြာမှာပဲ သူကိုယ်တိုင်က အမိန့်ကို ပြန်ရုပ်သိမ်းပေးခဲ့ရပါတယ်။ ဒါဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း တောင်ကိုရီးယားမှာ ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ကြေညာမိန့်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး တစ်နိုင်ငံလုံး တုန်လှုပ်ခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်နောက်ပိုင်း အရေးယူမှုတွေကိုလည်း စတင်နေပြီဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ကင်မ်ယောင်ဟွန်လည်း ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။ သူ့ကို တရားစွဲဖို့လည်း အတိုက်အခံတွေက ကြိုးစားနေပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ယွန်ရဲ့ လုပ်ရပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဘောင်ကျော်ပြီး အာဏာသိမ်းတဲ့ အားထုတ်မှုလို့ စွပ်စွဲထားပါတယ်။ အဲဒီအတွက်လည်း ယွန်ကို တရားဝင် စွပ်စွဲပြစ်တင်ပြီး ရာထူးကနေ ဖယ်ရှားဖို့ အဆိုတစ်ရပ်ကို လွှတ်တော်မှာ တင်သွင်းထားပါတယ်။ သမ္မတကို ဖယ်ရှားနိုင်ဖို့ ဆိုတာဟာ လွှတ်တော် အမတ် ၃၀၀ ထဲက သုံးပုံနှစ်ပုံရဲ့ ထောက်ခံမှု လိုအပ်ပြီး အာဏာရ ပြည်သူ့ပါတီကတော့ အမတ်နေရာ ၁၀၈ ခု ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် တကယ်တမ်း အဆိုကို မဲခွဲဆုံးဖြတ်ရင် ပါတီ အကြီးအကဲ ဟန်ရဲ့ အဆိုအရ ယွန်ကို ပါတီဖက်က ကယ်တင်နိုင်ခြေ ရှိနေဆဲပါ။

ယွန်ဟာ ကာကွယ်ရေးဝန်ကြီးရဲ့ နုတ်ထွက်စာကို လက်ခံခဲ့တဲ့နောက် ဆော်ဒီအာရေးဘီးယား နိုင်ငံဆိုင်ရာ သံအမတ်ကြီး ချွိုင်ဗြောင်ဟွတ်ကို အစားထိုးဖို့ အဆိုတင်သွင်းထားကြောင်း သမ္မတရုံးက ကြေညာပါတယ်။ သမ္မတ ယွန်ကိုယ်တိုင်ကတော့ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းခဲ့တဲ့နောက်ပိုင်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ တောက်လျှောက် နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့တဲ့ ကိစ္စကို အကြောင်းပြုပြီး လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံရတာကြောင့် လောလောဆယ် ရာထူးကနေ ဆိုင်းငံ့ ခံထားရပေမယ့် တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ လုပ်ခလစာ တိုးမြှင့်ခံစားခွင့် ရရှိသွားပါတယ်။

နိုင်ငံတကာ

သမ္မတကို ပစ်မှတ်ထား ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်း သက်တမ်း မကုန်ခင် လက်တွေ့ ဖမ်းဆီးပေးဖို့ တောင်ကိုရီးယား အဂတိ တိုက်ဖျက်ရေး အေဂျင်စီက ရဲတပ်ဖွဲ့ကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား နိုင်ငံ၊ ဆောင်နမ်မြို့မှာ စီးပွားရေး လုပ်ငန်းတွေ ရုံးစိုက်ရာ အဆောက်အအုံကြီးတစ်ခု မီးအပြင်းအထန် လောင်ကျွမ်းခဲ့တာကြောင့် လူပေါင်း ရာဂဏန်းလောက်ကို အရေးပေါ် ကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယားမှာ သမ္မတကို ဖမ်းဆီးဖို့ အားထုတ်ပြီး အရှုပ်အထွေး ဖြစ်နေတဲ့အပေါ် မြောက်ကိုရီးယားက လှောင်ပြောင်သွားခဲ့ပါတယ်။