Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး ကြေညာထားချိန်မှာ ကိုယ်စားပြု ပါတီ အကြီးအကဲကိုပါ ဖမ်းဆီးဖို့ တောင်ကိုရီးယား သမ္မတ စီစဉ်ခဲ့

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ချိန်တုန်းက တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ သူကိုယ်စားပြုရာ အာဏာရ ပါတီ ခေါင်းဆောင်ကိုပါ ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ချိန်တုန်းက တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယောဟာ သူကိုယ်စားပြုရာ အာဏာရ ပါတီ ခေါင်းဆောင်ကိုပါ ဖမ်းဆီးဖို့ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

၆ နာရီကျော်လောက်သာ ကြာမြင့်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့ည စစ်အုပ်ချုပ်ရေး အမိန့်ဟာ တောင်ကိုရီးယား တစ်နိုင်ငံလုံးကို အကြီးအကျယ် ဂယက်ထစေခဲ့ပါတယ်။ ဒါပေမဲ့ အတိုက်အခံပါတီ ဦးဆောင်ပြီး ယွန်ရဲ့ လုပ်ဖော်ကိုင်ဖက် ပါတီအမတ်တွေကပါ ပူးပေါင်းခဲ့တဲ့ လွှတ်တော် မဲခွဲဆုံးဖြတ်မှု ရလဒ်ကို အကြောင်းပြုပြီး အဲဒီ စစ်အုပ်ချုပ်ရေး အမိန့် ပျက်ပြယ်ခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဒီလုပ်ရပ်ဟာ နိုင်ငံကို အကြီးအကျယ် ထိခိုက်စေတယ်ဆိုပြီး တောင်ကိုရီးယား လွှတ်တော် အမတ်တွေက ယွန်ကို ရာထူးကနေ ဖယ်ရှားနိုင်ရေး ကြိုးစားနေကြပြီ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့က ယွန်ဟာ စစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ရင်း ချက်ချင်း ဖမ်းဆီးရမယ့် လူစာရင်းကိုပါ စစ်ဘက် အာဏာပိုင်တွေဆီ ညွှန်ကြားခဲ့ပါတယ်။ အဲဒီထဲမှာ အတိုက်အခံ ဒီမိုကရက်တစ် ပါတီရဲ့ အကြီးအကဲ လီဂျေမြောင်ဟာ ထိပ်ဆုံးက ပါဝင်ခဲ့ပြီး အတိုက်အခံ လွှတ်တော် အမတ် ၃ ဦးရဲ့ နာမည်လည်း စာရင်းပေါက်ခဲ့ကြောင်း အမျိုးသား ထောက်လှမ်းရေးဌာန ဒုတိယ ဒါရိုက်တာ ဟုန်ဂျန်ဝေါင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါတင်မကဘဲ ယွန်ရဲ့ ကိုယ်စားပြု ပါတီဖြစ်တဲ့ လက်ရှိ အာဏာရ ပြည်သူ့စွမ်းအား ပါတီ အကြီးအကဲ ဟန်ဒေါင်ဟွန်ဟာလည်း ဖမ်းဆီးခံရဖို့ ပစ်မှတ်ထားခြင်း ခံခဲ့ရပါတယ်။ ဟုန်ကတော့ သမ္မတဟာ စစ်အုပ်ချုပ်ရေး ကြေညာချက်ကို အကြောင်းပြုပြီး ဩဇာကြီးမားတဲ့ နိုင်ငံရေးသမားတွေကို တပြိုင်တည်း ဦးနှိမ်ဖို့ စီစဉ်ထားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ယွန်ကို သမ္မတ ရာထူးကနေ ဖယ်ရှားနိုင်ရေးအတွက် အတိုက်အခံတွေနဲ့ အာဏာရ ပါတီကြား ဒီဇင်ဘာ ၆ ရက်နေ့မှာ တစ်နေကုန် ဆွေးနွေးနေချိန်မှာပဲ တောင်ကိုရီးယား ထောက်လှမ်းရေး ဌာနက အခုကိစ္စကို ဖော်ထုတ်လာတာ ဖြစ်ပါတယ်။

အာဏာရပါတီ အကြီးအကဲ ဟန်ကတော့ သူ့ရဲ့ ပါတီဟာ ယွန်ကို ရာထူးကနေ ဖယ်ရှားနိုင်ရေးအတွက် တရားဝင် ပြစ်တင် စွပ်စွဲမှု အဆိုအတွက် မဲခွဲဆုံးဖြတ်ဖို့ ကြိုးစားနေတဲ့ အတိုက်အခံတွေရဲ့ အားထုတ်မှုကို ထောက်ခံမှာ မဟုတ်ဘူးလို့ ကနဦးက ပြောကြားထားပါတယ်။ သမ္မတကို စွပ်စွဲ အပြစ်တင်တဲ့ အဆို အထမြောက်ဖို့အတွက် လွှတ်တော် အမတ် အင်အား စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံနဲ့ ညီမျှတဲ့ မဲအရေအတွက် ၂၀၀ ထိ လိုအပ်မှာ ဖြစ်ပါတယ်။ လောလောဆယ် အတိုက်အခံတွေဟာ မဲအရေအတွက် ၁၉၂ မဲစာ စုဆောင်းထားနိုင်ပေမယ့် အဆို အထမြောက်ဖို့ဆိုရင် အာဏာရပါတီဆီက အမတ်တချို့ရဲ့ ပူးပေါင်းမှု လိုအပ်နေပါတယ်။

တစ်ဖက်မှာလည်း ယွန်က သမ္မတ ရာထူးမှာ ဆက်ရှိနေမယ်ဆိုရင် စစ်အုပ်ချုပ်ရေး နောက်တစ်ခါ ကြေညာတာမျိုး လွန်ကဲတဲ့ လုပ်ရပ်တွေ ထပ်မဖြစ်လာဘူးလို့ မပြောနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့တုန်းက သမ္မတ ယွန်ဟာ သူ့ကို စွပ်စွဲအပြစ်တင်ရေး ကိစ္စအတွက် အမတ်တွေ ဆွေးနွေးနေတဲ့ နေရာဆီ လာရောက် ဖြေရှင်းဖို့ စီစဉ်ခဲ့ပေမယ့် အတိုက်အခံတွေဖက်က ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

ယွန်ဟာ မအောင်မြင်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း အခုအချိန်ထိ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။ ယွန်ရဲ့ လုပ်ရပ်ဟာ တောင်ကိုရီးယားရဲ့ စစ်မဟာမိတ် နိုင်ငံတွေကိုပါ တုန်လှုပ်စေခဲ့ပြီး ငွေကြေး စျေးကွက်ထဲမှာလည်း မငြိမ်သက်မှုတွေနဲ့ ဂယက်ထခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုနှစ် နွေရာသီမှာ လွန်လွန်ကဲကဲ ပူပြင်းမှုတွေကြောင့် သေဆုံးသူ ၁၉ ဦးထိ ရှိလာကြောင်း တောင်ကိုရီးယား အစိုးရက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။