Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို မြှင့်တင်ပေးဖို့ NATO အကြီးအကဲ တိုက်တွန်း

ရုရှားရဲ့ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာတာကြောင့် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ပိုမို မြှင့်တင်ကြဖို့ NATO စစ်မဟာမိတ် ခေါင်းဆောင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရုရှားရဲ့ ခြိမ်းခြောက်မှု ပိုမိုကြီးထွားလာတာကြောင့် အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ပိုမို မြှင့်တင်ကြဖို့ NATO စစ်မဟာမိတ် ခေါင်းဆောင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

NATO အကြီးအကဲ မတ်ခ်ရူတေးက လာမယ့်နှစ်တွေအတွင်း ရုရှားဆီကနေ ဗဟိုပြုလာမယ့် ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် လက်ရှိ အနေအထားမှာ NATOဟာ လုံလောက်မှု မရှိသေးဘူးလို့ သတိပေးခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ ဆက်လက် အရှိန်မြင့်တက်နေတဲ့ အခြေအနေမှာ NATO နိုင်ငံတွေကလည်း စစ်ဖြစ်နေတဲ့ ကာလမျိုးလို့ မှတ်ယူ သဘောထားပြီး လိုအပ်တဲ့ ကာကွယ်ရေး အသုံးစရိတ် မြှင့်တင်မှုတွေ သတ်မှတ်ဖို့ လိုတယ်လို့ နယ်သာလန် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ ရူတေးက ထောက်ပြခဲ့ပါတယ်။

လောလောဆယ်မှာ NATO အဖွဲ့ဝင် နိုင်ငံတိုင်း GDPရဲ့ ၂ ရာခိုင်နှုန်းထက် မနည်းတဲ့ ပမာဏကို ကာကွယ်ရေးအတွက် အသုံးပြုရမယ်လို့ သတ်မှတ်ထားပေမယ့် ရူတေးကတော့ အဲဒီထက်ကို ပိုမြှင့်တင်နိုင်ဖို့ လိုအပ်နေကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်းနဲ့သာ မကဘဲ NATOနဲ့ပါ ရေရှည် ပဋိပက္ခတွေ ဖြစ်နိုင်ခြေအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ရူတေးက သတိပေးခဲ့ပါတယ်။ NATOရဲ့ ကာကွယ်ရေး အစီအမံတွေကို လက်ရှိနှုန်းအတိုင်း ဆက်သွားနေမယ်ဆိုရင် နောက်ထပ် ၄ နှစ်၊ ၅ နှစ်အတွင်း ကြုံလာနိုင်ခြေတွေအတွက် အသင့်မဖြစ်နိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

NATOက အဖွဲ့ဝင် နိုင်ငံတွေကို GDPရဲ့ ၂ ရာခိုင်နှုန်းထိ ကာကွယ်ရေး အသုံးစရိတ် သတ်မှတ်ဖို့ တောင်းဆိုထားပေမယ့် နိုင်ငံတော်တော်များများက မလိုက်နာခဲ့ကြပါဘူး။ ဒါပေမဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့ နောက်မှာတော့ နိုင်ငံအလိုက် ကာကွယ်ရေး အသုံးစရိတ် သတ်မှတ်ချက်တွေ နှစ်စဉ် မြင့်တက်လာခဲ့ပြီး အခုနှစ်မှာတော့ အဖွဲ့ဝင် ၃၂ နိုင်ငံထဲက ၂၃ နိုင်ငံဟာ GDPရဲ့ ၂ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် အသုံးပြုနေကြမယ်လို့ ခန့်မှန်းထားပါတယ်။

စစ်အေးခေတ် ကာလတုန်းက ဥရောပ နိုင်ငံတွေ ကာကွယ်ရေး အသုံးစရိတ်ကို GDPရဲ့ ၃ ရာခိုင်နှုန်းအထက် အသုံးပြုခဲ့ကြကြောင်း၊ သေချာတာကတော့ လက်ရှိ သတ်မှတ်ထားတဲ့ ၂ ရာခိုင်နှုန်းထက် အများကြီး ပိုသုံးဖို့ လိုအပ်နေတာပဲဖြစ်ကြောင်းလည်း ရူတေးက ပြောပါတယ်။

အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး လာမယ့်နှစ်မှာ အမေရိကန် သမ္မတ ဖြစ်လာမယ့် ဒေါ်နယ်လ် ထရမ့်ကလည်း NATO အဖွဲ့ဝင် နိုင်ငံတွေဟာ GDPရဲ့ ၃ ရာခိုင်နှုန်းကို စစ်ရေးနဲ့ ကာကွယ်ရေးအတွက် အသုံးပြုသင့်ကြောင်း တောင်းဆိုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။