Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား စစ်သားတွေကို ရုရှားက စစ်မှုထမ်းကတ်နဲ့ စာရွက်စာတမ်း အတုတွေ ထုတ်ပေးထားတယ်လို့ဆို

ရုရှားရောက် မြောက်ကိုရီးယား စစ်သားတွေကို ရုရှားက စစ်မှုထမ်း ကတ်တွေနဲ့ စာရွက်စာတမ်း အတုတွေ ထုတ်ပေးနေတယ်လို့ ယူကရိန်း စစ်တပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ရုရှားရောက် မြောက်ကိုရီးယား စစ်သားတွေကို ရုရှားက စစ်မှုထမ်း ကတ်တွေနဲ့ စာရွက်စာတမ်း အတုတွေ ထုတ်ပေးနေတယ်လို့ ယူကရိန်း စစ်တပ်က စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

အဲဒီ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားနာမည်တွေ ပြောင်းလဲထားတဲ့ စစ်မှုထမ်းကတ်တွေ၊ မွေးစာရင်းနဲ့ တခြားစာရွက်စာတမ်း အတုတွေကို လက်ခံ ရရှိနေတယ်လို့ ယူကရိန်း စစ်ဘက်က ဆိုပါတယ်။ ဒါဟာ ယူကရိန်း စစ်မြေပြင်ဆီ နိုင်ငံခြား တပ်ဖွဲ့တွေ ခေါ်သွင်းလာတဲ့ အရှိတရားကို ဖုံးကွယ်ဖို့ ရုရှားက ကြိုးစားနေတဲ့ အဓိပ္ပါယ် ဖြစ်တယ်လို့လည်း ယူကရိန်းဖက်က စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ရုရှားနိုင်ငံ အနောက်ပိုင်း၊ ကာ့စ်ခ်ဒေသထဲမှာ ယူကရိန်း တပ်တွေဟာ မြောက်ကိုရီးယား စစ်သား ၃ ယောက်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး သူတို့ဆီကနေ စာရွက်စာတမ်း အတုတွေကို သိမ်းဆည်း ရမိခဲ့တာလို့ ဆိုပါတယ်။

အဲဒီ စာရွက်စာတမ်းတွေဟာ ရှိသင့်ရှိထိုက်တဲ့ တံဆိပ်တုံးတွေ၊ ဓာတ်ပုံတွေ ကင်းမဲ့နေပြီး ရုရှားနာမည်တွေ ပေးထားတာကလည်း ဖြစ်ကတတ်ဆန်းနဲ့ အလိမ်အညာမှန်း သိသာလွန်းနေတယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ တပ်သားတွေရဲ့ မွေးဇာတိ နေရာမှာတော့ တူဗာလို့ ဖြည့်စွက်ထားပါတယ်။ အဲဒီ နေရာဟာ မွန်ဂိုလီးယားနဲ့ ထိစပ်နေရာ ရုရှားပိုင်နက် ဆိုက်ဘေးရီးယား တောင်ဖက်မှာ တည်ရှိပါတယ်။ ဒါပေမဲ့ လက်မှတ် ရေးထိုးထားတာတွေက ကိုရီးယား ဘာသာနဲ့ ဖြစ်နေပြီး အဲဒီတစ်ချက်တည်းနဲ့တင် သေဆုံးတဲ့ စစ်သားတွေ ဘယ်ကလာသလဲ ဆိုတာကို အလွယ်တကူ သိရှိနိုင်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်၊ ယူကရိန်းနဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက မြောက်ကိုရီးယားဟာ ရုရှားကို စစ်ကူပေးဖို့ တပ်အင်အား ၁၁၀၀၀ နဲ့ ၁၂၀၀၀ ကြားလောက် ပို့ဆောင်ပေးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဩဂုတ်လထဲမှာ ယူကရိန်းက အလစ်အငိုက် ထိုးစစ်ဆင်ပြီး သိမ်းယူခဲ့တဲ့ ရုရှားပိုင် ကာ့စ်ခ်ဒေသထဲက နယ်မြေတွေကို ပြန်လည် ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ စစ်ဆင်ရေးတွေမှာ အဲဒီ မြောက်ကိုရီးယား စစ်သားတွေဟာ ရုရှားတပ်တွေနဲ့ လက်တွဲ တိုက်ခိုက်နေပြီး ယူကရိန်း ပိုင်နက်ထဲမှာ တပ်ဖြန့်ထားတဲ့ အထောက်အထားမျိုးတော့ မတွေ့ရသေးဘူးလို့ ယူကရိန်း စစ်ထောက်လှမ်းရေးက ပြောကြားထားပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယားတို့ကတော့ ရုရှားမှာ မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။