Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ်ကို မှားယွင်းပစ်ချခဲ့ကြောင်း စွပ်စွဲချက်တွေကို ရုရှား ဝန်မခံ

အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ ရုရှားစစ်တပ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှား အစိုးရက အတည်မပြုခဲ့ပါဘူး။

အဇာဘိုင်ဂျန် လေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျမှုဟာ ရုရှားစစ်တပ်ရဲ့ မှားယွင်း ပစ်ချမှုကြောင့်ဆိုတဲ့ စွပ်စွဲချက်ကို ရုရှား အစိုးရက အတည်မပြုခဲ့ပါဘူး။

ခရစ္စမတ် နေ့တုန်းက အဇာဘိုင်ဂျန်ရဲ့ မြို့တော် ဘာကူကနေ ရုရှားပိုင် ချေချင်းညာ ဒေသရဲ့ မြို့တော် ဂရော့ဇ်နီကို ပျံသန်းခဲ့တဲ့ လေယာဉ်ဟာ ဂရော့နီနားမှာ ရုတ်တရက် လမ်းကြောင်းပြောင်းပြီး ကက်စ်ပီယန် ပင်လယ် တစ်ဖက်ကမ်းမှာရှိတဲ့ ကာဇက်စတန် နိုင်ငံမှာ အရေးပေါ် ဆင်းသက်ရင်း ပျက်ကျခဲ့ပါတယ်။

လေယာဉ် ပျက်ကျမှုကြောင့် လိုက်ပါသွားသူ ၆၇ ယောက်ထဲက ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ရုရှားဖက်က အဲဒီလေယာဉ်ဟာ ဂရော့ဇ်နီမှာ မဆင်းသက်ခင် ငှက်အုပ်နဲ့ တိုက်မိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဇာဘိုင်ဂျန် သမ္မတ အီလ်ဟမ် အလီယက်ဗ်ကတော့ မြေပြင်မှာ ရှိနေတဲ့ ရုရှားတပ်တွေက လေယာဉ်ကို ယူကရိန်း ဒရုန်းနဲ့ မှားယွင်း ပစ်ချမိတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ ခရစ္စမတ်ကာလ ဝန်းကျင်က ချေချင်းညာ တဝိုက်မှာ ယူကရိန်းဟာ ဒရုန်းတွေ အသုံးပြုပြီး စစ်ဆင်ရေးတွေ ဆင်နွှဲနေခဲ့ပါတယ်။

အလီယက်ဗ်ဟာ ရုရှားရဲ့ အနီးကပ် မဟာမိတ် တစ်ဦးလို့ ဆိုနိုင်ပေမယ့် အခုကိစ္စမှာတော့ ရုရှား အစိုးရဟာ ရည်ရွယ်ချက် မပါဘဲ မှားယွင်းခဲ့တာကို ဝန်ခံဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ရုရှားဟာ မှန်မှန်ကန်ကန် တုံ့ပြန် တာဝန်ယူရမယ့်အစား ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာ မဖြစ်သင့်ဘူးလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဖက်ကတော့ လေယာဉ် ပျက်ကျတဲ့ အချိန်တုန်းက လေကြောင်းကာကွယ်ရေး စနစ်တွေ အလုပ်လုပ်နေတယ် ဆိုတာကို အတည်ပြုပေမယ့် လေယာဉ်ကို မှားယွင်းပစ်ချမိတယ်ဆိုတဲ့ အချက်ကိုတော့ ဝန်မခံခဲ့ပါဘူး။

ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က လေယာဉ် ပျက်ကျမှုနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု ရလဒ်တွေကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း၊ စုံစမ်းရေး ကော်မရှင်က တင်ပြလာမယ့် ရလဒ်တွေကို ရုရှားက စိတ်ဝင်တစား ဆန်းစစ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

သူက တကယ့် ကျွမ်းကျင်သူ ပညာရှင်တွေက သူတို့ရဲ့ တွေ့ရှိချက်တွေကို တင်ပြလာမှာဖြစ်ပြီး အဲဒီမတိုင်ခင် ဘာကိုမှ ကောက်ချက် မချသင့်ဘူးလို့လည်း ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ လေယာဉ် ပျက်ကျမှု အပြီးမှာ အလီယက်ဗ်ဆီကို နှစ်ကြိမ်တိုင် ဖုန်းခေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ပူတင်က ရုရှားလေပိုင်နက်ထဲမှာ အမှားအယွင်း စဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ စိတ်မကောင်းကြောင်း အလီယက်ဗ်ကို ပြောထားပေမယ့် ရုရှား လေကြောင်းကာကွယ်ရေး စနစ်တွေက မှားယွင်းပစ်ချခဲ့မိတာဆိုတဲ့ ကိစ္စကိုတော့ ဝန်ခံမထားပါဘူး။

အဇာဘိုင်ဂျန် အစိုးရကတော့ ကနဦး စုံစမ်းစစ်ဆေးမှုတွေအရ ပျက်ကျခဲ့တဲ့ လေယာဉ်ကိုယ်ထည်မှာ အပေါက်တွေ နေရာအနှံ့ မြင်နေရပြီး အဲဒီအချက်က လေကြောင်းကာကွယ်ရေး ဒုံးကျည်နဲ့ မှားယွင်းပစ်ချ ခံရတယ် ဆိုတာကို မြင်သာစေကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှာ အယ်လ်အာဆတ်ရဲ့ အစိုးရ ပြိုလဲသွားပြီးတဲ့နောက် သီတင်းတစ်ပတ်အတွင်း မဟာမိတ် ရုရှားဟာ မြို့တော် ဒမတ်စကက်မှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်း ခေါ်ထုတ်သွားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားတို့ကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ ပိုမိုထူထပ်လာမှာကို စိုးရိမ်ကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီလထဲမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

သမ္မတ ပူတင်အတွက်တော့ ယူကရိန်း စစ်ပွဲအတွက် ခေါင်းစားနေရတဲ့ အချိန်မှာ မထင်မှတ်ဘဲ စစ်မျက်နှာသစ် တစ်ခုနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။ ပိုဆိုးရွားတာက မဟာမိတ်အဖြစ် ရှိခဲ့တဲ့ အင်အားစု တစ်ခုက ကိုယ့်ဖက်ကို သေနတ်ပြောင်း ပြန်လှည့်လာတာကိုပါ ရင်ဆိုင်လာရတာပါ။

နိုင်ငံတကာ

ဗိုလ်ချုပ် မစ်ခေးလ် မီဇင့်ဆက်ဗ် ထုတ်ပယ်ခံရနိုင်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေတာ ရက်အတန် ကြာခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ အမှန်တကယ် ဖယ်ရှား ခံခဲ့ရတာ ဖြစ်ပါတယ်။