Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ် ကမ္ဘာလှည့် ခရီးသည်တွေကို စည်းရုံးဖို့ AI အသုံးပြုပြီး ဗီဒီယို တင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်

တရုတ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင် သိမ်းသွင်းနိုင်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုပြီး တရုတ်စကားပြောအဖြစ် ပြောင်းလဲထားတဲ့ ဗီဒီယို တစ်ခုကို ထိုင်းဝန်ကြီးချုပ်က ဖန်တီးခဲ့ပါတယ်။

တရုတ် နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင် သိမ်းသွင်းနိုင်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာ အသုံးပြုပြီး တရုတ်စကားပြောအဖြစ် ပြောင်းလဲထားတဲ့ ဗီဒီယို တစ်ခုကို ထိုင်းဝန်ကြီးချုပ်က ဖန်တီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့တုန်းက ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာ မျှဝေထားခဲ့တဲ့ ဗီဒီယိုဟာ ထိုင်းဘာသာနဲ့ ပြောဆိုထားတဲ့ သူ့ရဲ့ အသံကို မန်ဒရင်း တရုတ် ဘာသာအဖြစ် ပြောင်းလဲသွားအောင် AI အကူအညီ ရယူ ပြောင်းလဲထားတာ တွေ့ရပါတယ်။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ လူကုန်ကူးမှုတွေကို ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် အဖွဲ့အစည်းတွေက အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့တဲ့နောက် ထိုင်းနိုင်ငံဆီ တရုတ် ကမ္ဘာလှည့် ခရီးသွားတွေ ဝင်ရောက်မှု ကျဆင်းသွားတာကို တုံ့ပြန်တဲ့ အနေနဲ့ ၁ မိနစ် ၃၂ စက္ကန့်ကြာ စည်းရုံးရေး ဗီဒီယိုကို ဖေထောင်ထန်က ထိုင်းအစိုးရရဲ့ Thai Ku Fahဆိုတဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

အဲဒီ ဗီဒီယိုထဲမှာတော့ ဖေထောင်ထန်က တရုတ်နိုင်ငံသားတွေ ပိုပြီး နားလည်လွယ်စေဖို့ သူ့အသံကို AIသုံးပြီး တရုတ်ဘာသာစကားဆီ ပြောင်းလဲထားတယ် ဆိုတာကို ရှင်းပြထားပါတယ်။ ပြီးတော့ ထိုင်းဘာသာနဲ့လည်း စာတန်းထိုးပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယိုထဲမှာတော့ ဖေထောင်ထန်က အစိုးရဟာ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွားတွေအတွက် လုံခြုံရေး အစီအမံတွေ တိုးမြှင့်ပေးထားသလို တရုတ် ကမ္ဘာလှည့် ခရီးသည်တွေ အကူအညီ လိုအပ်လာရင် ချက်ချင်း တုံ့ပြန် ဆောင်ရွက်ပေးဖို့ စနစ်တစ်ခုကိုပါ ဖန်တီးထားကြောင်း အာမခံသွားခဲ့ပါတယ်။

ပြီးတော့ တရုတ် နှစ်သစ်ကူး ကာလကျရင် ထိုင်းနိုင်ငံဆီ လာရောက် လည်ပတ်ကြဖို့လည်း သူက တရုတ် နိုင်ငံသားတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ထိုင်းနဲ့တရုတ် သံတမန် ဆက်ဆံရေး နှစ် ၅၀ ပြည့်မြောက်တဲ့ အမှတ်တရ ကာလ ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်က အဲဒီ ဗီဒီယိုထဲမှာ အလေးထား ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

အခုလ အစောပိုင်းက တရုတ်နိုင်ငံသား သရုပ်ဆောင်တစ်ဦး ထိုင်းနိုင်ငံကို ရောက်ရှိနေရင်း မြန်မာဖက်ခြမ်း မြဝတီ မြို့နယ်ဖက်ကို လူကုန်ကူး ခံရတဲ့ ဖြစ်စဉ်အပြီး တရုတ် လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ထိုင်းကို ခရီးမသွားဖို့ လှုံ့ဆော်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာသလို တရုတ်နိုင်ငံသားတွေရဲ့ ထိုင်းခရီးစဉ် ကြိုတင် စာရင်းသွင်းမှု အများအပြား ပယ်ဖျက်လာတာကြောင့် ဖေထောင်ထန်က အခုဗီဒီယိုကို လွှင့်တင်ခဲ့တာပါ။

၂၀၂၄ ခုနှစ်အတွင်း ထိုင်းကို နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွား သန်း ၄၀ နီးပါး ဝင်ရောက်ခဲ့ရာမှာ တရုတ်နိုင်ငံသား ၉ သန်းနီးပါးလောက် ပါဝင်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Straits Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...

နိုင်ငံတကာ

ဆိုက်ဘာခြိမ်းခြောက်မှုတွေနဲ့ နယ်စပ်ဖြတ်ကျော် ဒုစရိုက် လုပ်ငန်းတွေကို တိုက်ဖျက်ရေးအတွက် အမေရိကန် ဖက်ဒရယ် ထောက်လှမ်းရေး ဗျူရိုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်သွားမယ်လို့ ထိုင်းအစိုးရက ပြောပါတယ်။

အတွေးအမြင်

"စင်ကာပူကအလုပ်သမားရှားတယ်၊ဒါပေမယ့်လူတွေကို ပိုပြီးခေါ်မယ့်အစားAI ကို အသုံးချပြီးထုတ်လုပ်မှုစွမ်းအားမြှင့်တင်မယ်"

အတွေးအမြင်

တစ်ချိန်ကစောင့်ကြည့်ထောက်လှမ်းရေစနစ် (Surveillance)ဆိုတာကိုပြောလိုက်ရင် လူအများစုရဲ့စိတ်ထဲမှာ CCTV ကင်မရာတွေ၊ လမ်းထောင့်မှာ ရဲကားရပ်ထားတာတွေ၊ ဒါမှမဟုတ် ဖုန်လိုင်းကြားဖြတ်နားထောင်တာ မျိုးတွေကိုပဲ မြင်ကြပါတယ်။