Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ငှက်အုပ်ကို ကြိုတင် ထောက်လှမ်းနိုင်တဲ့ စနစ်ကို လေဆိပ်တိုင်းမှာ တပ်ဆင်ဖို့ တောင်ကိုရီးယား ညွှန်ကြား

နိုင်ငံရဲ့ လေဆိပ် အားလုံးမှာ ငှက်အုပ် ထောက်လှမ်းမှု စနစ်တွေ မဖြစ်မနေ တပ်ဆင်ရမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံရဲ့ လေဆိပ် အားလုံးမှာ ငှက်အုပ် ထောက်လှမ်းမှု စနစ်တွေ မဖြစ်မနေ တပ်ဆင်ရမယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ညွှန်ကြားလိုက်ပါတယ်။

နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး လေကြောင်း မတော်တဆမှုအဖြစ် ဒီဇင်ဘာ ၂၉ ရက်နေ့တုန်းက ဂျယ်ဂျူလေကြောင်းပိုင် ခရီးသည်တင် လေယာဉ် ပျက်ကျပြီး လူ ၁၇၉ ဦး သေဆုံးခဲ့တာနဲ့ ဆက်စပ်လို့ အခု ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တာပါ။

အဲဒီလေယာဉ်ဟာ ငှက်အုပ်နဲ့ ဝင်တိုက်ပြီး စက်ချွတ်ယွင်းခဲ့ရာက အရေးပေါ် ဆင်းသက်ရင်း မူအန်နိုင်ငံတကာ လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းအဆုံး ကွန်ကရစ် နံရံကို အရှိန်နဲ့ ဝင်တိုက်ပြီး မီးလောင် ပေါက်ကွဲခဲ့တာပါ။ ကနဦး စစ်ဆေး အတည်ပြုချက်တွေအရ လေယာဉ် အင်ဂျင်ထဲမှာ ရာသီအလိုက် ရွှေ့ပြောင်းလေ့ရှိတဲ့ ဘဲမျိုးစိတ် တစ်ခုရဲ့ DNAတွေကို တွေ့ရှိခဲ့ပါတယ်။

လေယာဉ်ဟာ bird strikeလို့ခေါ်တဲ့ ငှက်အုပ်နဲ့ ဝင်တိုက်မှု ဖြစ်စဉ် ကြုံတွေ့ကြောင်း လေယာဉ်မှူးက အကြောင်းကြားပြီး ပထမအကြိမ် အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် ဒုတိယအကြိမ် ဆင်းသက်ရာမှာ အခြေအနေဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

လေယာဉ် ဆင်းသက်ချိန်မှာ အဆင်းဘီး ချလို့မရခဲ့ဘဲ အရှိန်ကလည်း အရမ်းများနေခဲ့ပါတယ်။ လေယာဉ် ပျက်ကျမှု အကြောင်းရင်း တိတိကျကျကို ဖော်ထုတ်နိုင်ဖို့ တောင်ကိုရီးယားနဲ့ အမေရိကန် ပညာရှင်တွေ ပူးပေါင်းပြီး စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

အခုတော့ အမှောင်ထဲမှာပါ ငှက်အုပ်ကို ထောက်လှမ်းနိုင်မယ့် အပူလှိုင်း တိုင်းတာရေး ကိရိယာ အနည်းဆုံး တစ်ခုစီကို လေဆိပ်တိုင်း တပ်ဆင်ရမယ်ဆိုတဲ့ အမိန့်ကို တောင်ကိုရီးယားရဲ့ မြေယာ၊ အခြေခံ အဆောက်အအုံနဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ညွှန်ကြားလိုက်ပါတယ်။

ဒါဟာ လေဆိပ်အားလုံး မဖြစ်မနေ လိုက်နာရမယ့် လုံခြုံရေး စံနှုန်း သတ်မှတ်ချက် အသစ်ဖြစ်ပြီး လာမယ့်နှစ်မှာ လေဆိပ်တိုင်း အဲဒီစနစ် တပ်ဆင်ထားတဲ့ အခြေအနေ ဖြစ်နေဖို့ ရည်ရွယ်ကြောင်း ဝန်ကြီးဌာနက ဆိုပါတယ်။

ရည်ရွယ်ချက်ကတော့ လေယာဉ်တွေ အဆင်းအတက် ပြုလုပ်ချိန်မှာ အန္တရာယ် ရှိလောက်အောင် အနှောင့်အယှက် ပေးလာနိုင်တဲ့ ငှက်အုပ်တွေကို အစောကြီး ကတည်းက ထောက်လှမ်း သိရှိနိုင်အောင် ဖြစ်ပါတယ်။ အဲဒီ စနစ်တွေဟာ ငှက်တွေရဲ့ အရွယ်အစားနဲ့ လမ်းကြောင်းတွေကို ကြိုတင် ခန့်မှန်းနိုင်စေဖို့လည်း ရည်ရွယ်ပြီး အန္တရာယ်ဖြစ်လောက်တဲ့ အခြေအနေမျိုးဆို လေယာဉ်မှူးဆီ ကြိုတင် ဆက်သွယ် သတိပေးနိုင်ဖို့ပါ။

နောက်ပြီး ငှက်တွေကို ဆွဲဆောင်နိုင်တဲ့ နေရာမျိုးတွေ၊ ဥပမာ စွန့်ပစ် အစားအသောက်တွေ သိုလှောင်တဲ့ လုပ်ငန်းတွေ၊ သစ်သီးခြံတွေကိုလည်း လေဆိပ်တွေနဲ့ ဝေးရာမှာ ထားရှိစေမယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်ရေးလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ဂျယ်ဂျူလေကြောင်းပိုင် လေယာဉ် ပျက်ကျမှုမှာ ပဟေဠိဆန်နဲ့ အခြေအနေ တစ်ခုအဖြစ် လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာနဲ့ လေယာဉ်မှူး အခန်းထဲက အသံသွင်း ကိရိယာ black boxတွေဟာ လေယာဉ် မပေါက်ကွဲခင် ၄ မိနစ် ကတည်းက ရပ်တန့်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေက လေယာဉ် ပျက်ကျမှု အကြောင်းရင်းကို စုံစမ်း စစ်ဆေးရာမှာ ပိုမို ရှုပ်ထွေးစေကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပျောက်ဆုံးနေတဲ့ ရေတပ်သား တစ်ဦးကို ကူညီ ရှာဖွေပေးဖို့ တောင်ကိုရီးယားက မြောက်ကိုရီးယားဆီ ဆက်သွယ် အကူအညီ တောင်းခံထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တားဆီး တုံ့ပြန်နိုင်ဖို့အတွက် ဒရုန်းစစ်သည် ၅ သိန်းလောက်ကို လေ့ကျင့်ပေးသွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။