Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ရေး လျှို့ဝှက်ချက်တွေ အွန်လိုင်းမှာ ရေးသားဖော်ပြမှုကို တရုတ် ပိုမို တင်းကျပ်ပိတ်ပင်

စစ်ရေး နည်းပညာတွေနဲ့ ပတ်သက်ရင် အွန်လိုင်းပေါ်မှာ ဖော်ပြခြင်းတွေကို ပိုမိုတင်းကျပ် ကန့်သတ်တဲ့ စည်းမျဉ်းတွေ တရုတ်က ပြဋ္ဌာန်းလိုက်ပါတယ်။

စစ်ရေး နည်းပညာတွေနဲ့ ပတ်သက်ရင် အွန်လိုင်းပေါ်မှာ ဖော်ပြခြင်းတွေကို ပိုမိုတင်းကျပ် ကန့်သတ်တဲ့ စည်းမျဉ်းတွေ တရုတ်က ပြဋ္ဌာန်းလိုက်ပါတယ်။

ဒါဟာ တရုတ်အနေနဲ့ တရှိန်ထိုး တိုးတက်လာတဲ့ စစ်ရေးနည်းပညာတွေကို လူသိရှင်ကြား မဖြစ်အောင် တားဆီးဖို့ ရည်ရွယ်ထားတာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပြဋ္ဌာန်းလိုက်တဲ့ ကန့်သတ်ချက် အသစ်တွေဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်တပ်ကြီးကို လေ့လာစောင့်ကြည့် ဆန်းစစ်နေတဲ့ ပင်မ အရင်းအမြစ် တချို့ကို လုပ်ငန်းဆိုင်ရာ ထိခိုက်မှုတွေပါ ရှိလာစေနိုင်ပါတယ်။

အဲဒီ ကန့်သတ် စည်းမျဉ်းအသစ်တွေဟာ မတ်လ ၁ ရက်နေ့က စတင်ပြီး အသက်ဝင်လာမယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ရဲ့ စစ်လက်နက်နဲ့ စစ်ရေးနည်းပညာတွေကို သုံးသပ် တင်ပြနေကြတဲ့ စစ်ရေး ဘလော့ဂါတွေ၊ လေ့လာစောင့်ကြည့်သူတွေအပေါ် အကြီးအကျယ် သက်ရောက်လာစေနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ် စစ်တပ်ရဲ့ နည်းပညာပိုင်း အရှိန်အဟုန်နဲ့ တိုးတက်လာမှုကို စဉ်ဆက်မပြတ် ခြေရာခံ စောင့်ကြည့်ခဲ့တဲ့ စစ်လက်နက် ဝါသနာအိုးတွေ အတွက်လည်း ပြဿနာတွေ ရှိလာနိုင်ပါတယ်။

အဲဒီ ကန့်သတ်ချက်တွေထဲမှာ တရုတ်ရဲ့ စစ်ရေး လျှို့ဝှက်ချက်တွေကို အွန်လိုင်းကနေ ပေါက်ကြားစေရင်၊ ဒါမှမဟုတ် စစ်တပ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ အချက်အလက်တွေ ဖြန့်ဝေရင် ရာဇဝတ်မှုမြောက်တဲ့ အဓိပ္ပါယ်မျိုး သတ်မှတ်ထားပါတယ်။

စစ်ရေး လျှို့ဝှက်ချက်အဆင့် သတ်မှတ်ထားတဲ့ အချက်အလက် မှန်သမျှကို ပြင်ပမှာ ထုတ်ဝေ ဖြန့်ချိတာ၊ ကူးယူတာ၊ ပျံ့နှံ့စေတာ မှန်သမျှကိုလည်း တားမြစ်ထားပါတယ်။ တားမြစ်တဲ့ ကဏ္ဍတွေထဲမှာတော့ စစ်ရေး လျှို့ဝှက်ချက်တွေ၊ အမျိုးသား ကာကွယ်ရေး နည်းပညာနဲ့ ထုတ်လုပ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေမှု မှန်သမျှ အကျုံးဝင်ပါတယ်။

ပြီးတော့ စမ်းသပ်နေဆဲ၊ တီထွင် အဆင့်မြှင့်တင်နေဆဲ စစ်လက်နက် စနစ်တွေ၊ စစ်ရေး လေ့ကျင့်မှုတွေနဲ့ စစ်ရေး ဖွဲ့စည်းပုံ အတွင်းကျကျ ဖော်ပြချက်တွေ အားလုံးလည်း ကန့်သတ်စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

သတ်မှတ်ချက် အသစ်တွေဟာ အွန်လိုင်းကနေ စစ်ရေး အချက်အလက်တွေ ထုတ်ပြန်ပေးတဲ့ ကိစ္စကို ပုံမှန် လုပ်ဆောင်နေသူတွေကို အဓိက ရည်ရွယ်တယ်လို့လည်း တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA)က ဆိုပါတယ်။

တရုတ်ဟာ တိုးတက်လာတဲ့ စစ်ရေးနည်းပညာနဲ့ စစ်လက်နက် စွမ်းအားတွေကို အတတ်နိုင်ဆုံး သိုသိပ်လျှို့ဝှက်ထားဖို့ ရည်ရွယ်ပြီး အခု စည်းမျဉ်းမျိုးကို ထုတ်ပြန်ခဲ့ဟန် တူပေမယ့် တရုတ်ရဲ့ စစ်ရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ဖော်ပြနေတဲ့ နိုင်ငံခြား မီဒီယာတွေအပေါ် ဘယ်လို သက်ရောက်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

သေချာတာကတော့ အခုကန့်သတ်ချက်တွေတွေကြောင့် တရုတ် လူမှုကွန်ရက် မီဒီယာတွေမှာ စစ်တပ်နဲ့ ပတ်သက်တဲ့ ရေးသား ဖော်ပြချက်တွေမှာ အကြီးအကျယ် စောင့်ကြည့် ထိန်းချုပ် ခံရမယ့် အခြေအနေ ဖြစ်လာနိုင်ကြောင်း လေ့လာသူတွေက ပြောကြားထားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံဆီ ပြန်လည် ပို့ဆောင်ထားခဲ့တဲ့ ဝီဂါ မွတ်ဆလင်တွေရဲ့ နေရေးထိုင်ရေးကိစ္စ အဆင်ပြေမှု ရှိမရှိ စုံစမ်းဖို့ ဝန်ကြီးအဆင့် အရာရှိတွေ ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့ကို ထိုင်းက စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။

နိုင်ငံတကာ

အီရန်၊ တရုတ်နဲ့ ရုရှား သုံးနိုင်ငံ ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှု တစ်ခုကို အိုမန် ပင်လယ်ကွေ့မှာ မတ်လ ၁၀ ရက်နေ့ အစပြုခဲ့ကြောင်း သိရပါတယ်။