Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားထက် ယူကရိန်းက ဆွေးနွေးရတာ ပိုလက်ပေါက်ကပ်တယ်လို့ ထရမ့်ပြော

စစ်ရပ်ဆိုင်းရေး ဆွေးနွေးကြတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရုရှားထက် ယူကရိန်းက ပိုလက်ပေါက်ကပ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

စစ်ရပ်ဆိုင်းရေး ဆွေးနွေးကြတဲ့အခါ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ရုရှားထက် ယူကရိန်းက ပိုလက်ပေါက်ကပ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

သူ့ရဲ့ အစိုးရဟာ စစ်ရပ်ဆိုင်းရေး ကိစ္စအတွက် နှစ်နိုင်ငံကြား ဝင်ရောက် ညှိနှိုင်း ဆွေးနွေးရာမှာ ရုရှားနဲ့ ကောင်းကောင်းမွန်မွန် စကားပြောလို့ ရခဲ့ပြီး ယူကရိန်းထက် ရုရှားက ညှိနှိုင်းရ လွယ်တဲ့ပုံ ပေါ်တယ်လို့ သူက မတ်လ ၇ ရက်နေ့တုန်းက အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ သတင်းထောက်တွေကို မှတ်ချက် ပေးသွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ထရမ့်ဟာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်တွေ့ အသက်ဝင်လာတဲ့ထိ ရုရှားအပေါ် အတိုင်းအတာ ကြီးမားတဲ့ အခွန်စည်းကြပ်မှုတွေ၊ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ဖိအားပေးသွားဖို့ စဉ်းစားထားကြောင်း ပြောခဲ့ဖူးပါတယ်။

လောလောဆယ်မှာတော့ အမေရိကန်ဟာ ယူကရိန်းကို ရုရှားနဲ့ အပစ်အခတ် ရပ်စဲမှုကို လက်ခံဖို့ ဖိအားပေးတဲ့ အနေနဲ့ စစ်သုံးစရိတ် ထောက်ပံ့မှုတွေကို ရပ်တန့်ထားသလို ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေကိုပါ ဆိုင်းငံ့ထားပါတယ်။

Public Service Announcement

Public Service Announcement

အိမ်ဖြူတော်မှာ ထရမ့်နဲ့ သူ့ရဲ့ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ လူသိရှင်ကြား စကားများခဲ့ပြီး တစ်ပတ် အကြာမှာတော့ ထရမ့်က စစ်ပွဲရပ်ဆိုင်းရေး ဆွေးနွေးမှုမှာ ယူကရိန်းရဲ့ ရပ်တည်ချက်က အဟန့်အတား ဖြစ်နေတယ်ဆိုတဲ့ သဘောထားမျိုး ထုတ်ပြောလာတာ ဖြစ်ပါတယ်။

အဲဒီ တစ်ပတ်အတွင်း ရုရှားဟာ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ဒုံးကျည်မိုး ရွာပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီ တိုက်ခိုက်မှုကို တုံ့ပြန်တဲ့ အနေနဲ့ ထရမ့်က အလားတူ တိုက်ခိုက်မှုမျိုးတွေ ထပ်လုပ်နေဦးမယ်ဆိုရင် ရုရှားကို ရှိရင်းစွဲ အရေးယူ ပိတ်ဆို့မှုတွေထက် အများကြီး ပိုတင်းကျပ်တဲ့ အရေးယူမှု အသစ်တွေ လုပ်ဆောင်သွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

အဲဒီစကားပြောပြီး နာရီပိုင်း အကြာမှာတော့ ထရမ့်က ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ဘယ်သူမဆို လုပ်ကြမယ့် လုပ်ရိုးလုပ်စဉ် ကိစ္စမျိုးကို လုပ်ခဲ့တာသာ ဖြစ်တယ်လို့ ပြောပြပါတယ်။ ယူကရိန်းက ရုရှားကို ထိုးနှက်ထားတာထက် ပိုပြင်းထန်တဲ့ ပုံစံမျိုး ပူတင်က တုံ့ပြန်ခဲ့တာသာ ဖြစ်နိုင်ကြောင်း၊ ဘယ်သူမဆို အဲဒီ အခြေအနေမျိုး ရှိနေချိန်မှာ အဲဒီအတိုင်းပဲ လုပ်ဆောင်မယ်လို့ သူထင်ကြောင်း ထရမ့်က ဆိုပါတယ်။

သူ့အမြင်မှာတော့ ပူတင်ဟာ စစ်ပွဲကို ရပ်တန့်စေချင်နေတယ်လို့ ယုံကြည်ပြီး ယူကရိန်းဖက်ကတော့ အလားတူ သဘောဆန္ဒ ရှိတယ်လို့ အတပ်မပြောနိုင်ကြောင်းလည်း ထရမ့်က ပြောကြားသွားပါတယ်။

သူက ယူကရိန်းအပေါ် အမေရိကန် စစ်ရေး အထောက်အပံ့တွေ ရပ်တန့်လိုက်တာနဲ့ ပတ်သက်လို့လည်း ယူကရိန်းဟာ စစ်ပွဲကို တကယ် ရပ်တန့်လိုစိတ် ရှိမရှိ ဆိုတာကို သိချင်တာကြောင့်လို့ အကြောင်းပြချက် ပေးသွားခဲ့ပါတယ်။

ထရမ့်ဟာ ယူကရိန်း စစ်ပွဲ ရပ်ဆိုင်းဖို့ဆိုတဲ့ အကြောင်းပြချက်အတွက် NATO စစ်မဟာမိတ် အဖွဲ့ကိုရော၊ ယူကရိန်း အစိုးရကိုပါ တိုင်ပင်ခြင်း လုံးဝမရှိဘဲ ပူတင်နဲ့ တိုက်ရိုက် ဖုန်းဆက် ဆွေးနွေးခဲ့ပြီး အဲဒီ လုပ်ရပ်ဟာ အမေရိကန်ရဲ့ အစဉ်အလာ မဟာမိတ်လည်းဖြစ်၊ ရုရှားရဲ့ ခါးသီး ပြိုင်ဘက်တွေလည်းဖြစ်တဲ့ အနောက်ဥရောပ နိုင်ငံတွေကို အကြီးအကျယ် တုန်လှုပ်စေခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။