Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စကော့တလန်မှာရှိတဲ့ ထရမ့်ပိုင် ဂေါက်ကွင်းတစ်ခုမှာ မှုတ်ဆေးတွေနဲ့ စာရေးပြီး ဆန္ဒပြတာခံရ

စကော့တလန်မှာရှိတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်း အပန်းဖြေ စခန်းတစ်ခု မြက်ခင်းမှာ ဂါဇာအရေး တက်ကြွ လှုပ်ရှားသူတွေက မှုတ်ဆေးဘူးတွေနဲ့ စာရေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

စကော့တလန်မှာရှိတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်း အပန်းဖြေ စခန်းတစ်ခု မြက်ခင်းမှာ ဂါဇာအရေး တက်ကြွ လှုပ်ရှားသူတွေက မှုတ်ဆေးဘူးတွေနဲ့ စာရေးပြီး ဆန္ဒပြခဲ့ကြပါတယ်။

မတ်လ ၈ ရက်နေ့တုန်းက တန်ဘယ်ရီ ဂေါက်ကွင်းရဲ့ မြက်ခင်းပြင်ပေါ်မှာ ‘ဂါဇာသည် ရောင်းရန်မဟုတ်’ဆိုတဲ့ အင်္ဂလိပ် စာသားကို အဖြူရောင် မှုတ်ဆေးတွေနဲ့ ထင်းထင်းကြီး ရေးသားထားခဲ့တာ တွေ့ရပါတယ်။

ဂါဇာအရေး တက်ကြွ လှုပ်ရှား ဆန္ဒပြသူတွေဟာ မတ်လ ၈ ရက်နေ့ ညပိုင်းတုန်းက ဂေါက်ကွင်းရဲ့ အသင်းတိုက် အဆောက်အအုံကို ဆေးနီတွေ ပက်ဖြန်းထားခဲ့ပြီး မြက်ခင်းနေရာ တချို့ကိုပါ ဖျက်ဆီးခဲ့ကြပါတယ်။

အဲဒီလုပ်ရပ်ဟာ အမေရိကန် သမ္မတ ထရမ့်က ဂါဇာ ဒေသခံတွေကို လူမျိုးရေး ရှင်းလင်းမှုတွေ လုပ်ဆောင်ဖို့ ကြံရွယ်နေတဲ့အပေါ် တိုက်ရိုက် တုံ့ပြန်ခြင်း ဖြစ်တယ်လို့ Palestine Action အဖွဲ့က ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လတုန်းက ထရမ့်ဟာ ဂါဇာ ကမ်းမြှောင်ဒေသကို အမေရိကန်က ထိန်းချုပ်ပြီး အရှေ့အလယ်ပိုင်း ဒေသရဲ့ အထင်ကရ အပန်းဖြေစခန်း ဇုန်နယ်မြေ တစ်ခုအသွင် ပြောင်းလဲဖို့ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဂါဇာမှာ ရှိရင်းစွဲ ဒေသခံ ၂ သန်းကျော်ကိုတော့ အီဂျစ်နဲ့ ဂျော်ဒန် နိုင်ငံတွေဆီ အတင်းအကျပ် ပြောင်းရွှေ့စေမယ့် သဘောထားကိုပါ ထရမ့်က ထုတ်ပြောသွားခဲ့ပါတယ်။ အဲဒီ ကိစ္စဟာ ဒေသတွင်းမှာ အတော်လေး ဂယက်ရိုက်ခတ်ခဲ့ပြီး ပါလက်စတိုင်းတွေနဲ့ အာရပ်နိုင်ငံတွေက အပြင်းအထန် ဆန့်ကျင်ခဲ့ကြပါတယ်။

စကော့တလန် ရဲတပ်ဖွဲ့ကတော့ ထရမ့်ရဲ့ ဂေါက်ကွင်းမှာ ဖျက်လိုဖျက်ဆီး ပြုမှုတွေ ရှိခဲ့တယ်ဆိုတဲ့ တိုင်ကြားချက်ကို လက်ခံ ရရှိပြီးတဲ့နောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

တန်ဘယ်ရီ ဂေါက်ကွင်းဟာ စကော့တလန် အနောက်တောင်ပိုင်းမှာ တည်ရှိပြီး စကော့တလန်မှာ ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်း နှစ်ခုထဲမှာ ပါဝင်ပါတယ်။

ဂေါက်ကွင်းကို ဖျက်လိုဖျက်ဆီး ပြုမှုနဲ့ ပတ်သက်ပြီး ထရမ့်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ အဲဒီ လုပ်ရပ်ဟာ ကလေးဆန်ပြီး ရာဇဝတ်မှု မြောက်ကြောင်း၊ ဒါပေမဲ့ ထူးချွန်လှတဲ့ ဂေါက်ကွင်း စီမံခန့်ခွဲရေး အဖွဲ့ဟာ လုပ်ငန်း လည်ပတ်မှု မရှိအောင် အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ကြောင်း ပြောပါတယ်။

တန်ဘယ်ရီဟာ စကော့တလန်အတွက် နိုင်ငံ ရတနာ တစ်ပါးဖြစ်ပြီး ကမ္ဘာ့ ဂေါက်ရိုက် အားကစား လောကမှာ ဂုဏ်သရေရှိမှုနဲ့ အဆင့်အတန်း မြင့်မားမှုကို ထင်ဟပ်စေတဲ့ မီးရှူးတန်ဆောင် တစ်ခုအဖြစ် ဆက်လက် ရပ်တည်နေဦးမယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...