Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ဖို့၊ အပစ်ရပ်ဖို့ကို ငြင်းဆန်

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က လက်မခံခဲ့ပါဘူး။

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က လက်မခံခဲ့ပါဘူး။

မတ်လ ၁၈ ရက်နေ့တုန်းက ထရမ့်နဲ့ ပူတင်တို့ဟာ ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေး ကိစ္စအတွက် ဖုန်းဆက် ဆွေးနွေးခဲ့ပြီးတဲ့နောက် အခုရလဒ် ထွက်ပေါ်လာတာပါ။ အစောပိုင်းတုန်းက ယူကရိန်းဟာ အမေရိကန် ကမ်းလှမ်းတဲ့ ရက် ၃၀ ကြာ အပစ်ရပ်ရေး အဆိုပြုချက်ကို လေးစား သဘောတူသွားမယ်လို့ ကြေညာခဲ့တဲ့နောက် ထရမ့်ဟာ ပူတင်နဲ့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ထရမ့်က စေလွှတ်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဟာ ဆော်ဒီအာရေးဘီးယားမှာ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေအတွင်း ရုရှားနဲ့ ယူကရိန်းကြား ရက် ၃၀ ကြာ အပစ်အခတ် ရပ်စဲနိုင်ရေးကို အားတက်သရော ညှိနှိုင်းပေးခဲ့ပေမယ့် ပူတင်ကတော့ အလုံးစုံ အပစ်ရပ်ထားမယ့် ကိစ္စမျိုးဟာ လောလောဆယ် မဖြစ်နိုင်ဘူးလို့ ထရမ့်ကို ပြောခဲ့ပါတယ်။

သူက တိုက်ခိုက်မှုတွေ ရပ်စဲသွားဖို့ဆိုရင် ယူကရိန်းဆီ လက်ရှိ ရောက်ရှိနေတဲ့ နိုင်ငံတကာ စစ်ရေး အထောက်အပံ့တွေနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဝေမျှမှုတွေ ရပ်တန့်သွားမှသာ ဖြစ်နိုင်မယ်လို့ ထရမ့်ကို တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းရဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေကတော့ ရုရှားရဲ့ အဲဒီလို တောင်းဆိုမှုတွေကို အစောပိုင်းမှာ ငြင်းဆန် ပယ်ချထားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်နဲ့ ပူတင်ရဲ့ ဖုန်းဆက် ဆွေးနွေးမှုဟာ အမေရိကန်က အခိုင်အမာ လိုလား တောင်းဆိုခဲ့တဲ့ အခြေအနေမျိုးဆီ မရောက်ခဲ့ပေမယ့် ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ နောက်ထပ် စစ်ရပ်ဆိုင်းရေး တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ကိုတော့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ထရမ့်နဲ့ ပူတင်တို့ ဖုန်းပြောခဲ့ပြီးတဲ့နောက် သူ့ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ရာမှာ ယူကရိန်းရဲ့ စွမ်းအင်ရေးရာ အခြေခံ အဆောက်အအုံတွေကို အကာအကွယ် ဖြစ်စေမယ့် အကန့်အသတ်နဲ့ သဘောတူညီမှုကို လက်ခံနိုင်ကြောင်း၊ ဒါပေမဲ့ ညှိနှိုင်းမှု အသေးစိတ်ကိုတော့ သိလိုကြောင်း ပြောကြားသွားပါတယ်။

ဇီလန်စကီးဟာ ယူကရိန်းအနှံ့မှာ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ အုံလိုက်ကျင်းလိုက် လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အပစ်အခတ် ရပ်စဲရေးအတွက် အမေရိကန်ရဲ့ ကြားဝင် ကမ်းလှမ်းချက်ကိုပါ ပူတင်က ငြင်းဆိုခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ခဲ့ပါတယ်။

ထရမ့်ကတော့ သူနဲ့ ပူတင်တို့ကြားက ဖုန်းဆက် ဆွေးနွေးမှုတွေဟာ ချောမွေ့ ကောင်းမွန်ပြီး အပြုသဘော ဆန်ခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။ သုံးနှစ်ကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို အဆုံးသတ်စေမယ့် ငြိမ်းချမ်းရေး စာချုပ်မျိုး ချုပ်ဆိုနိုင်ဖို့ အရေးပါတဲ့ အကြောင်းအရာ အတော်များများကိုလည်း ပူတင်နဲ့ ပြောဆိုဖြစ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ဇီလန်စကီးက ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရုရှားဗုံးဒဏ်ကြောင့် ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတဟောင်းတွေရဲ့ ဓာတ်ပုံတွေ ထားရှိရာ လျှောက်လမ်းမှာ သမ္မတဟောင်း ဂျိုးဘိုင်ဒန်အစား အလိုအလျောက် လက်မှတ်ထိုးစက် (autopen)ပုံ ချိတ်ထားတာကို ဒေါ်နယ်လ်ထရမ့်က ဧည့်သည် တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ဧည့်သည်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခမ်းနားထည်ဝါတဲ့ အိမ်ဖြူတော် ဂုဏ်ပြု ညစာစားပွဲနဲ့ တည်ခင်း ဧည့်ခံခဲ့ပြီး အမေရိကန်ရဲ့ နည်းပညာ လုပ်ငန်းရှင် ဘီလီယံနာ သူဌေးကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ကို ကြိုဆိုဖို့ အမေရိကန် စစ်တပ် အရာရှိတွေက ပြာပြာသလဲ ကော်ဇောနီ ခင်းနေတဲ့ ဗီဒီယို တစ်ခုဟာ အမေရိကန်က လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ အတော်လေး ဝေဖန်စရာ ဖြစ်နေပါတယ်။

နိုင်ငံတကာ

သတင်းဌာန သုံးခုကို အိမ်ဖြူတော်မှာ ဝင်ရောက် သတင်းယူခွင့် ပိတ်ခဲ့တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ကို တရားရုံး တစ်ခုက ကြားဝင် တားမြစ်လိုက်ပါတယ်။

Facebook