Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပထမဆုံး အမျိုးသမီး ကုလသမဂ္ဂ အကြီးအကဲ တင်မြှောက်နိုင်ဖို့ လက်တင်နဲ့ ကာရေဘီယန် နိုင်ငံတွေ လိုလား

ကုလသမဂ္ဂ အကြီးအကဲ ရာထူးမှာ ပထမဆုံးအကြိမ် အမျိုးသမီး တစ်ဦးကို တင်မြှောက်ဖို့ လက်တင်အမေရိကနဲ့ ကာရေဘီယန် ဒေသတွင်း နိုင်ငံ အများစုဟာ မူအားဖြင့် သဘောတူညီထားကြောင်း သိရပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ ရာထူးမှာ ပထမဆုံးအကြိမ် အမျိုးသမီး တစ်ဦးကို တင်မြှောက်ဖို့ လက်တင်အမေရိကနဲ့ ကာရေဘီယန် ဒေသတွင်း နိုင်ငံ အများစုဟာ မူအားဖြင့် သဘောတူညီထားကြောင်း သိရပါတယ်။

ဧပြီ ၉ ရက်နေ့က လက်တင်နဲ့ ကာရေဘီယန် ဒေသတွင်း ၃၃ နိုင်ငံရဲ့ ခေါင်းဆောင်တွေဟာ ဟွန်းဒူးရပ်စ် နိုင်ငံမှာ ထိပ်သီး အစည်းအဝေးတစ်ခု တက်ရောက်ခဲ့တဲ့နောက် နိုင်ငံ ၃၀ က လာမယ့် ကုသလမဂ္ဂ အတွင်းရေးမှူးချုပ် နေရာအတွက် အမျိုးသမီး တစ်ဦးကို တညီတညွတ်တည်း ထောက်ခံ အဆိုပြုကြဖို့ ကနဦး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူထားသူ ပေါ်တူဂီ နိုင်ငံသား အန်တိုနီယို ဂူတာရက်စ်ရဲ့ ၅ နှစ်သက်တမ်း ၂ ကြိမ်ဟာ ၂၀၂၆ ခုနှစ်မှာ ပြီးဆုံးမှာ ဖြစ်ပါတယ်။ တရားဝင် သတ်မှတ်ထားတာ မဟုတ်ပေမယ့်လည်း ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားတဲ့ အစဉ်အလာတွေအရ ကုလသမဂ္ဂ အကြီးအကဲ ရာထူးကို ကမ္ဘာ့ တိုက်ကြီးတွေနဲ့ ဇုန်ဒေသအလိုက် အလှည့်ကျ တင်မြှောက်လေ့ရှိပြီး လာမယ့်တစ်ကြိမ်ကို လက်တင်နဲ့ ကာရေဘီယန် ဒေသတွင်း နိုင်ငံတွေက ဆုံးဖြတ်ခွင့်ရမယ့် သဘောပါ။

အနာဂတ် ကုလသမဂ္ဂ အကြီးအကဲ နေရာကို နိုင်ငံတွေ စုပေါင်းပြီး ဘုံသဘောတူညီချက်နဲ့ ရွေးချယ်မယ်ဆိုတဲ့ ကိစ္စကို အာဂျင်တီးနား၊ ပါရာဂွေးနဲ့ နီကာရာဂွာတို့ကလွဲရင် ကျန်တဲ့ နိုင်ငံ ၃၀ က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဂူတာရက်စ်က သူ့ရဲ့နေရာကို ဆက်ခံမယ့် ပုဂ္ဂိုလ်ဟာ အမျိုးသမီးတစ်ဦး ဖြစ်စေချင်တယ်လို့ အရိပ်အမြွက် ပြောဆိုထားဖူးပါတယ်။ လက်တင် အမေရိကန် ဒေသတွင်းမှာ အကြီးဆုံး နိုင်ငံဖြစ်တဲ့ ဘရာဇီးကလည်း အဲဒီအမြင်ကို သဘောတူပြီး ပထမဆုံးအကြိမ် အမျိုးသမီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်တစ်ဦး တင်မြှောက်နိုင်ရေး ကိစ္စကို ဒေသတွင်း နိုင်ငံတွေဆီ စတင်တိုက်တွန်း ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ အဲဒီကိစ္စသာ အထမြောက်လာရင် သမိုင်းဝင် ရွေးချယ်မှု တစ်ခုလို့ သတ်မှတ်နိုင်မှာဖြစ်ကြောင်း ဘရာဇီး သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗားက ဆိုပါတယ်။

ဆွေးနွေးမှုတွေက အစောပိုင်း အဆင့်မှာသာ ရှိသေးပေမယ့် တကယ်သာ အမျိုးသမီး ကုလသမဂ္ဂ အကြီးအကဲ တစ်ဦး ထွက်ပေါ်လာမယ်ဆိုရင် အဓိက ရွေးချယ်စရာ လေးဦးကို လေ့လာသူတွေက မီးမောင်းထိုးပြထားပါတယ်။ သူတို့ကတော့ ဘာဘေးဒိုးစ်နိုင်ငံ ဝန်ကြီးချုပ် မီရာ မော့တ်လေ၊ ချီလီ သမ္မတဟောင်း မစ်ရှဲလ် ဘတ်ချ်လတ်၊ ကော်စတာရီကာ ဒုတိယ သမ္မတဟောင်း ရေဘက္ကာ ဂရိုင်စပန်နဲ့ ကိုလံဘီယာ သမ္မတဟောင်း ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်တို့ ဖြစ်ကြပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

နိုင်ငံတကာ

စစ်မြေပြင် လိင်အကြမ်းဖက်မှု နာမည်ပျက် စာရင်းမှာ အစ္စရေးနဲ့ ရုရှား တပ်ဖွဲ့တွေကိုပါ ကုလသမဂ္ဂ (UN)က ထည့်သွင်းလိုက်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးကို ပိုမိုထိရောက်ပြီး ကုန်ကျစရိတ်လျှော့ချနိုင်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲဖို့ ကြိုးစားနေပြီး၊ လာမယ့် ၂ နှစ်အတွင်း အကြီးတန်းခေါင်းဆောင်ရာထူးတချို့ကို လျှော့ချခြင်းနဲ့ ဖျက်သိမ်းခြင်းတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။