Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားကို တရုတ်က လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်း သမ္မတစွပ်စွဲ

တရုတ်ဟာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

Reuters/File

တရုတ်ဟာ ရုရှားအတွက် စစ်လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

တရုတ်ဟာ ရုရှားအတွက် ခဲယမ်းမီးကျောက်နဲ့ လက်နက်ကြီးတွေ အပါအဝင် စစ်လက်နက်တွေ ပေးပို့နေတယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေ သူ့ဆီ ရောက်ရှိနေတယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

ယူကရိန်းဟာ အဲဒီ အချက်အလက်တွေကို ရရှိထားပြီး အသေးစိတ်ကို ထုတ်ပြောဖို့လည်း အသင့်ရှိနေကြောင်း၊ တရုတ်က ရုရှားဆီ ပေးပို့နေတဲ့ ခဲယမ်းမီးကျောက်နဲ့ လက်နက်ကြီးတွေအကြောင်း လုံခြုံရေးဌာနနဲ့ ထောက်လှမ်းရေး ဌာနတွေဆီကနေ ကြားသိထားကြောင်း ဇီလန်စကီးက ဧပြီ ၁၇ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

တရုတ်က ရုရှားဆီ ဘယ်လို စစ်လက်နက်တွေ ထောက်ပံ့နေသလဲ ဆိုတာကို ဇီလန်စကီးက အသေးစိတ် မပြောပေမယ့် ပိုပြီး စုံလင်တဲ့ အချက်အလက်တွေကို လာမယ့် သီတင်းပတ်မှာ ထုတ်ပြန်သွားဖို့ ရည်ရွယ်ထားကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ရထားတဲ့ အချက်အလက်တွေကို လေ့လာကြည့်တဲ့အခါ တရုတ်ရဲ့ ကိုယ်စားလှယ်တွေက ရုရှားမြေမှာ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ဖို့ ညှိနှိုင်းထားတဲ့ အနေအထားတွေကိုလည်း တွေ့ခဲ့ရကြောင်း၊ အဲဒီ အချက်အလက်တွေကို လာမယ့် သီတင်းပတ်မှာ ပိုပြီး စုံစုံလင်လင် ပြောဆိုနိုင်မယ်လို့ ယုံကြည်ကြောင်း ဇီလန်စကီးက ပြောပါတယ်။

အစောပိုင်းတုန်းက ယူကရိန်းဟာ နိုင်ငံပိုင်နက်ထဲမှာ ရုရှားစစ်တပ်အတွက် ကူညီတိုက်ခိုက်ပေးနေတဲ့ တရုတ်နိုင်ငံသား စစ်သား နှစ်ယောက်ကို ဖမ်းဆီးရမိကြောင်းလည်း ထုတ်ပြန်ခဲ့ပါတယ်။

တရုတ်ဟာ ရုရှားနဲ့ ယူကရိန်း စစ်ပွဲမှာ ကြားနေဝါဒကိုသာ ကျင့်သုံးမယ်လို့ လူသိရှင်ကြား ထုတ်ပြန်ထားပေမယ့် စစ်ပွဲတလျှောက်လုံး ရုရှားကို သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ အကူအညီတွေ ပေးအပ်ထားခဲ့ပါတယ်။

ရုရှားကို လက်နက်တွေ ထောက်ပံ့ကြောင်း ယူကရိန်းရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ တရုတ်ဖက်ကတော့ လောလောဆယ် တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ယူကရိန်းမှာ တရုတ်စစ်သားတွေ ဖမ်းဆီးရမိခဲ့ကြောင်း အစောပိုင်း ကိစ္စနဲ့ ပတ်သက်လို့တော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ငြင်းဆိုခဲ့ပြီး တရုတ်နိုင်ငံသားတွေကို ပြည်ပ စစ်ရေးပဋိပက္ခတွေမှာ ဆက်နွှယ်မှု မရှိအောင် တိတိကျကျ တိုက်တွန်း အကြံပြုထားကြောင်း ဖြေရှင်း ကြေညာခဲ့ပါတယ်။

ကိုးကား: Euro News

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပြတ်လပ်မှုနဲ့အတူ ယူကရိန်းအတွက် ရက်စက်ပြီး ခက်ခဲကြမ်းတမ်းတဲ့ ဆောင်းရာသီကို မျှော်လင့်ထားရလိမ့်မယ်လို့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။